ပီအက်စ်ဂျီ (သို့မဟုတ်) ဘာစီလိုနာနှင့် ရင်ဆိုင်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု ဟာဇက်ပြောကြား

အက်သလက်တီကိုမက် ဒရစ်နှင့် တစ်ဂိုးစီသရေကျကာ အုပ်စုဗိုလ်ဖြစ်ခွင့်နှင့် လွဲချော်ခဲ့ပြီး နောက် (၁၆) သင်းအဆင့်တွင် ပီအက်စ်ဂျီ (သို့မဟုတ်) ဘာစီလို နာနှင့် ရင်ဆိုင်ရန် မိမိတို့အနေဖြင့် ကြောက်ရွံ့နေမည်မဟုတ် ကြောင်း ချယ်လ်ဆီးကစားသမား အီဒင်ဟာဇက်က ပြောသည်။

ကာရာဘက်ကို ၁-၀ ဂိုးဖြင့်အနိုင်ရသော ရိုးမားက ချယ်လ်ဆီးနှင့် ရမှတ် ၁၁ မှတ်တူသော်လည်း ဂိုးကွာခြားချက်ဖြင့် အုပ်စု (C) ပထမနေရာ၌ ရပ်တည်နိုင်ခဲ့ သည်။


‘‘ဘယ်အသင်းနဲ့ တွေ့တွေ့ ပြဿနာမဟုတ်ပါဘူး။ ကျွန် တော်တို့ဟာ ချယ်လ်ဆီးအသင်း ပါ။ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာဟာ သိပ်ခြေစွမ်းကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ထိပ်တန်းအသင်းတစ်သင်းပါပဲ။ ကျွန်တော်တို့ ဘာမဆို လုပ်နိုင်ပါ တယ်’’ဟု ဟာဇက်က ပြောသည်။

ထိုအတောအတွင်း ဟာ ဇက်သည် ချယ်လ်ဆီး၏ တစ်ပတ်လုပ်ခယူရို ၃၄၀,၀၀၀ ဖြင့် စာ ချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချ ထားကြောင်း သတင်းများက ဖော်ပြသည်။ ဟာဇက်၏ လက်ရှိစာ ချုပ်သည် ၂၀၂၀ တွင် သက်တမ်း ကုန်မည်ဖြစ်ပြီး ၎င်းက ရီးရဲလ်သို့ ပြောင်းရန် စောင့်ဆိုင်းလိုသည် ဟု သိရသည်။

အုပ်စု (A)တွင် စီအက်စ် ကေအေကို နောက်မှ လိုက်ကစား ကာ ၂-၁ ဂိုးဖြင့် အနိုင်ရပြီးနောက်မန်ယူနည်းပြမော်ရင်ဟိုက (၁၆) သင်းအဆင့်တွင် ၎င်းတို့အသင်း နှင့် ရင်ဆိုင်ရမည့် အသင်းများ အနေဖြင့် အပျော်ဖြင့် ခုန်ပေါက် နေမည်မဟုတ်ကြောင်း ပြော သည်။

 ‘‘မဲနှိုက်တဲ့အခါ ဘယ်အ သင်းနဲ့ တွေ့တွေ့ ကိစ္စမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် တို့နဲ့ ကစားရမယ့် အသင်းတွေ ကတော့ ပျော်ရွှင်နေမှာ မဟုတ် ဘူးလို့ ကျွန်တော်ထင်တယ်’’ဟု မော်ရင်ဟိုက ပြောသည်။

အုပ်စု (B)တွင် ဘိုင်ယန် မြူးနစ်က ပီအက်စ်ဂျီကို ပထမ အကျော့ရှုံးကြွေးဆပ်ပြီး ၃-၁ ဂိုး ဖြင့် အနိုင်ယူခဲ့သော်လည်း ၁၅ မှတ်ချင်းစီတူ ဂိုးကွာခြားချက်ဖြင့် အုပ်စုဒုတိယဖြင့်သာ ကျေနပ်ခဲ့ရ သည်။ ပီအက်စ်ဂျီသည် ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဂိုး အများဆုံးသွင်းယူသော အသင်း ဖြစ်ပြီး ၂၅ ဂိုးသွင်းယူခဲ့သည်။

အုပ်စု(D)တွင် ဘာစီလိုနာ က စပို့တင်းလစ္စဘွန်းကို ၂-၀ ဂိုး ဖြင့် အနိုင်ရခဲ့ပြီး ဂျူဗင်တပ်က အိုလံပီယာကော့စ်ကို ၂-၀ ဂိုး ဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲစဉ်တွင် မက်ဆီသည် ချန်ပီယံလိဂ်နှစ်ပွဲဆက်တိုက် ပွဲ ထွက်စာရင်း၌ မပါဝင်ဘဲ အရန်ခုံ တွင် ထိုင်ကာ ၆၁ မိနစ်ရောက်မှ အလက်ဇစ်ဗီဒယ်အစား  လူစား ဝင်ကစားခဲ့သည်။

ဘာစီလိုနာနည်းပြဗယ်လ် ဗာဒီက နောက်ဆုံး (၁၆) သင်း အဆင့်တွင် မည်သည့်ပြိုင်ဘက် ကိုမဆို လက်ခံယှဉ်ပြိုင်မည်ဟု ပြောကြားပြီး ဆုံတွေ့လိုသည့် အသင်းကို ရွေးချယ်ထားခြင်းမရှိ ဟု ပြောသည်။

—Ref:BBC/AP