- အားကစား သတင်းတိုများ

- မိမိတို့၏ ဂိုးသွင်းညံ့ဖျင်းမှုကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်ဟု အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောကြားသည်။ သို့သော် ယင်းသို့ ထွက်ခဲ့ရခြင်းသည် ကပ်ဆိုက်ခြင်းမဟုတ် ဟု ဆီမြွန်နီက ဆက်ပြောသည်။

-စီအက်စ်ကေအေနှင့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ကစား၍ ခြေစွမ်း ပြခဲ့သော နောက်တန်းလူ လုခ်ရှောအနေဖြင့် ပရီးမီးယားလိဂ်ပွဲများ၌မိမိကိုယ်ကိုယ်သက်သေပြနိုင်ရန် အခွင့်အရေးပိုရလိမ့်မည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောသည်။


-ဘန်လေတောင်ပံကစားသမား ရော်ဆီဘရက်ဒီသည် ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ကာ အတန်ကြာ အနားယူရမည်ဖြစ်သည်။ ဘရက်ဒီ (၂၅)နှစ်သည် စနေနေ့က လက်စတာနောက်တန်းလူ ဟယ်ရီမက်ရွိုင်းယားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

-ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် မန်စီးတီး၏ တစ်ပတ်လျှင် ပေါင် ၈၅၀,၀၀၀ နှင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု မာကာသတင်း စာက ဖော်ပြသည်။ ထို့အပြင် မက်ဆီသည် ၎င်းတို့ထံ ပြောင်းရွှေ့ပါက ပေါင် ၈၈ သန်းပေးမည့် မန်စီးတီး၏ကမ်းလှမ်းမှုကိုပါ ပယ်ချခဲ့သည်ဟု ဆိုသည်။

-မန်စီးတီးမှ ကွင်းလယ်ကစားကွက်ဖန်တီးရှင် ဒေးဗစ်ဆေးလ်ဗား သည် ဒဏ်ရာကြောင့် မန်စီးတီးနှင့် ရှက်တာဒိုးနက်စ်တို့၏ ချန်ပီယံ လိဂ်ပွဲနှင့် လွဲချော်ခဲ့ပြီးနောက် လာမည့်တနင်္ဂနွေ မန်ချက်စတာဒါဘီ ပွဲ၌ ပါဝင်ကစားရန် မသေချာဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသည်။

-ပြင်သစ်လူငယ်တိုက်စစ်မှုးဒမ်ဘီလီ၏ ဒဏ်ရာသက်သာပျောက်ကင်းကာ ဒီဇင်ဘာ ၆ ရက်က လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့သဖြင့် ဒီဇင်ဘာ၂၃ ရက် ရီရဲလ်နှင့်ပွဲတွင် ပြန်လည်ပါဝင်နိုင်ပြီး အာဒါတူရန်လည်းဒဏ်ရာပြသနာကင်းရှင်းပြီဖြစ်ကြောင်း  ဘာစီလိုနာကအတည်ပြုကြေညာသည်။

−ကူဝိတ်နိုင်ငံအား နိုင်ငံတကာဘောလုံးပွဲများမှ ပိတ်ပင်ထားခြင်း ကို ဖယ်ရှားပြီဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အတည်ပြုပြောကြားသည်။

Top News