ရှမ်းနှင့် ရန်ကုန်အသင်း ပါဝင်သည့် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်

 ရှမ်းယူနိုက်တက်နှင့် ရန် ကုန်ယူနိုက်တက်တို့ ပါဝင်သည့် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု မဲခွဲပွဲကို ဒီဇင်ဘာ ၆ ရက်က မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည်။

 ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် ၂၀၁၈ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ၌ မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်က အုပ်စု(စ)တွင် ဖိလစ်ပိုင်ကလပ်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်နှင့် ကမ္ဘောဒီး ယားကလပ် (သို့) လာအိုကလပ်အသင်းတို့နှင့် ကျရောက်နေ သည်။


ယင်းအုပ်စုတွင် မြန်မာလိဂ် နှင့် စင်ကာပူလိဂ်တို့ ပြည်တွင်း ပြိုင်ပွဲများပြီးဆုံးကာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်းများ ထွက်ပေါ်လာသော်လည်း ဖိလစ် ပိုင် ပြည်တွင်းလိဂ်ပွဲစဉ်များ ကျန် ရှိနေသေးသောကြောင့် ထွက်ပေါ် လာခြင်းမရှိသေးပေ။

ထို့အပြင် ကမ္ဘောဒီးယားနှင့် လာအိုကလပ်အသင်းတို့ ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်ခြင်းကြောင့် ဇန်နဝါရီ ၂၂ရက်နှင့် ၂၉ ရက်တို့တွင် ကျင်းပ မည့် ခြေစစ်ပွဲများပြီးဆုံးမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည့်အ သင်း ထွက်ပေါ်လာမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်သည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များ ဦးစွာယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေ စစ်ပွဲမအောင်မြင်မှသာ အေ အက်ဖ်စီဖလားပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အကယ်၍ ရှမ်းအသင်းက အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲအောင်မြင် ပါက အေအက်ဖ်စီဖလားပြိုင်ပွဲ တွင် ရှမ်းအသင်းအစား ရတနာပုံ အသင်းက ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။

၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် ရန်ကုန်ယူနိုက် တက်က အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု(ဆ)၌ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက် (သို့) မဒူရာယူနိုက်တက်၊ ဖိလစ်ပိုင်ပြည်တွင်းလိဂ်မှ ဒုတိယရရှိသည့်အသင်း၊ ဗီယက်နမ်ကလပ် သန်ဟွာ (သို့) ဟနွိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့သည် အေအက်ဖ် စီဖလားပြိုင်ပွဲတွင် အိမ်ကွင်းအ ဖြစ် သုဝဏ္ဏကွင်းကို အသုံးပြုမည် ဖြစ်သည်။

Top News