လူငယ်လိဂ် ပြိုင်ပွဲများအတွက် ဘောလုံးသမားအပြောင်းအရွှေ့ ကာလသတ်မှတ်

၂၀၁၈ သက်တမ်းအ လိုက် လူငယ်လိဂ်ပြိုင်ပွဲများအ တွက် ပထမရာသီဝက် ဘောလုံး သမား အပြောင်းအရွှေ့ကာလကို မြန်မာလိဂ်ကော်မတီက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် ယူ- ၂၁ လူငယ်လိဂ်ပြိုင်ပွဲအတွက် အ ပြောင်းအရွှေ့ကာလကို ဒီဇင်ဘာ ၆ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ၊  ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲအ တွက် ဒီဇင်ဘာ ၁၇ ရက်မှ ဇန်န ဝါရီ ၁၈ ရက်အထိ သတ်မှတ်ခဲ့ သည်။


အဆိုပါကာလတွင် ကစား သမား အပြောင်းအရွှေ့ ပြုလုပ် ခြင်း၊ စာချုပ်သက်တမ်းတိုးခြင်း နှင့် ဘောလုံးသမားမှတ်ပုံတင် ခြင်းများ ပြုလုပ်ခွင့်ရမည်ဖြစ် သည်။ ၂၀၁၈ ဘောလုံးရာသီ ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၂၀ ရက်နှင့် ယူ-၁၉ လူငယ် လိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက်၌ စတင်ကျင်းပမည်ဖြစ်သည်။

ယင်းလူငယ်ပွဲစဉ်များကို ရန်ကုန်မြို့ ပဒုမ္မာကွင်း၊ စလင်းကွင်းနှင့် ရန်ကုန်မြတ်ခင်းတုကွင်းတို့တွင် ကျင်းပမည်ဖြစ်သည်။ လက်ရှိ၌ မြန်မာလိဂ်အသင်းများဖြစ် သည့် ရတနာပုံ၊ မကွေး၊ ရခိုင်၊ရှမ်း စသည့်အသင်းများ သက်ဆိုင်ရာမြို့များတွင် လူငယ်ကစားသမားများ ရွေးချယ်နေသည်။

၂၀၁၇ ဘောလုံးရာသီတွင် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ၌ ဧရာ ဝတီအသင်းနှင့် ယူ-၁၉ လူငယ် လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် က ဗိုလ်စွဲခဲ့သည်။

၂၀၁၈ မြန်မာလိဂ်-၁ ပြိုင် ပွဲ ပထမရာသီဝက်  ဘောလုံးသ မား အပြောင်းအရွှေ့ကာလကို ၂၀၁၇ နိုဝင်ဘာ  ၁ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၁၃ ရက်အထိ အဖွဲ့ချုပ် က သတ်မှတ်ပေးထားသည်။

Top News