ရတနာပုံနည်းပြချုပ်အဖြစ် ပြည်တွင်းနည်းပြသာ ခန့်အပ်မည်

ရတနာပုံအသင်းသည် စာချုပ်သက်တမ်း မတိုးတော့ သည့် နည်းပြချုပ်ရီနီအစား ပြည် တွင်းနည်းပြသာ ခန့်အပ်မည်ဖြစ် ကြောင်း အသင်းအတွင်းရေးမှူး ဦးအောင်ဟိန်းခိုင်ကပြောသည်။

 ဘယ်လ်ဂျီယံနိုင်ငံသား နည်းပြရီနီသည် ၂၀၁၆ ဘောလုံးရာသီက စတင်ကာ ရတနာပုံအသင်းကို ကိုင်တွယ်ခဲ့ပြီး ယင်းနှစ်တွင် မြန်မာလိဂ်ချန်ပီယံဖြစ်အောင်  စွမ်းဆောင်နိုင်သော်လည်း ၂၀၁၇ ဘောလုံးရာသီ၌ အမှတ်ပေးဇယားအဆင့်(၃) နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။


 ရတနာပုံအသင်းသည် ၂၀၁၇ မြန်မာလိဂ်အမှတ်ပေးပြိုင်ပွဲ၌ ရမှတ် ၄၇ မှတ်ဖြင့် တတိယနေရာသာရရှိသဖြင့် အေအက်ဖ်စီဖလား ပြိုင်ပွဲဝင်ခွင့်နှင့် ဝေးကွာခဲ့ရသည်။

‘‘ရီနီကို ကျွန်တော်တို့ သက် တမ်းမတိုးဖြစ်တော့ပါဘူး။ သူက အောက်တိုဘာလတုန်းက စာချုပ် ပြည့်သွားတာပါ။ ဒီနှစ်မှာ အသင်းဥက္ကဋ္ဌစီစဉ်ထားတဲ့အတိုင်း ကျွန် တော်တို့ ပြည်တွင်းကစားသမား၊ ပြည်တွင်းနည်းပြတွေနဲ့ပဲ သွားမှာ ပါ။ နည်းပြအသစ်တော့ ခေါ်ဖို့ မရှိပါဘူး။ အသင်းက ရီနီနဲ့ တွဲ လုပ်ခဲ့ဖူးတဲ့ ပြည်တွင်းနည်းပြသုံး ဦးထဲက တစ်ဦးကို ရွေးချယ်သွား မှာပါ။ လတ်တလောတော့ မဆုံး ဖြတ်ရသေးပါဘူး’’ဟု ဦးအောင် ဟိန်းခိုင်ကပြောသည်။

ရတနာပုံအသင်းကို နည်းပြရီနီ ကိုင်တွယ်စဉ်က လက် ထောက်နည်းပြအဖြစ် ဆောင် ရွက်ခဲ့သည့် ဦးဇော်လေးအောင်၊ ဦးမြင့်ကိုနှင့် ဦးအောင်ကျော်မိုးတို့ သုံးဦးကို နည်းပြချုပ်အဖြစ် ခန့် အပ်ရန် လျာထားကြောင်း ၎င်း က ဆိုသည်။

အဆိုပါ နည်းပြသုံးဦးတွင် ဦးဇော်လေးအောင်နှင့် ဦးမြတ်ကို သည် အေအက်ဖ်စီ (အေ)လိုင်စင်ရရှိထားပြီး ဦးအောင်ကျော်မိုးက ယခုနှစ်၌ ဖွင့်လှစ်သည့် (အေ) လိုင်စင်သင်တန်း ၀င်ရောက်ဖြေဆိုထားသည်။

ရတနာပုံအသင်းသည် လာ မည့် ၂၀၁၈ ဘောလုံးရာသီတွင် ပြည်ပကစားသမားများ အသုံးမ ပြုဘဲ ပြည်တွင်းနည်းပြ၊ ကစား သမားများဖြင့်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး လက်ရှိ၌ ပြည်တွင်းကစားသမားသစ် ချမ်းငြိမ်းကျော် နှင့် ဘီဘီတို့ကို ခေါ်ယူအားဖြည့် ထားသည်။

Top News