အစိုးရဖြုတ်ချပေးရေး မန္တလေးသပိတ်စခန်းတွင် ပါဝင်ခဲ့သော သံဃာများအမှု ဘုရားကြီးဂေါပက ဥက္ကဋ္ဌကို ပြန်ခေါ်သက်သေအဖြစ် ထပ်မံစစ်ဆေး

အစိုးရဖြုတ်ချရေးသပိတ်စခန်းတွင်ပါဝင်သည့်သံဃာများကို အမှုစစ်ဆေးရန် ရုံးထုတ်လာစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်0

 အစိုးရဖြုတ်ချပေးရေး မန္တလေးသပိတ်စခန်းတွင် ပါဝင် ခဲ့သော သံဃာများအမှုနှင့်ပတ် သက်၍ တရားလိုပြသက်သေဖြစ် သည့် မဟာမုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းကို ပြန်ခေါ်သက် သေအဖြစ် ထပ်မံစစ်ဆေးခဲ့ ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးမှ သတင်းပြန်ကြားရေး အရာရှိ ဦးကျော်စွာလင်းက ပြော သည်။

‘‘ပြန်ခေါ်သက်သေစစ်ဖို့က သုံးဦးပေါ့။ ဒီတစ်ပတ် ရုံးချိန်းမှာ နှစ်ဦးစစ်ဖို့ပဲ။ တစ်ဦးက ခွင့်တိုင် တော့ တစ်ဦးကိုပဲ စစ်နိုင်တယ်’’ ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သာသနာ့ ၂၅၀၀ ဗိမာန် တော်ရှေ့တွင် ဩဂုတ်လဆန်းက အစိုးရဖြုတ်ချပေးရေး သပိတ် စခန်း၌ ဆန္ဒပြတောင်းဆိုခဲ့သော သံဃာများထဲမှ    ဖမ်းဆီးထားသည့်    သံဃာခြောက်ပါးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် တရားရုံးက စွဲချက်တင်ထား သည်။ တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင် အမိန့်ချပြီးနောက် စွပ်စွဲခံရသူများ ဘက်က ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ၊ မဟာမုနိ ဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းနှင့် ရပ်ကျေးစာရေး ဦးမောင် မောင်ညွန့်တို့ကို ပြန်ခေါ်သက် သေအဖြစ် စစ်ဆေးပေးရန် လျှောက်ထားခဲ့သည်။

အစိုးရဖြုတ်ချပေးရေး သံ ဃာတော်များ ဦးဆောင်၍ သပိတ်စခန်းဖွင့် တောင်းဆိုသည့် သံဃာ ခြောက်ပါးနှင့် လူတစ်ဦးကို ဩဂုတ် ပထမပတ်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ သံဃာနှစ်ပါး နှင့် လူလေးဦးကို ရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်သည်။

Top News