မွန်ပြည်နယ်ရှိ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမအချို့ ခြောက်လခန့်လစာငွေမရ

 မွန်ပြည်နယ်ရှိ အခြေခံ ပညာကျောင်းများတွင် တိုင်းရင်း သားဘာသာစကားသင် ဆရာ၊ ဆရာမအချို့ လစာငွေမရရှိသည် မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်းရင်း သားလူမျိုးများရေးရာ ကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းစိုး လင်းက ပြောသည်။

အခြေခံပညာကျောင်းများရှိ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများကို တိုင်းရင်းသား ဘာသာစကား သင်ကြားပေး သည့် ဆရာ၊ ဆရာမများအား ပြည် ထောင်စုအစိုးရပညာရေးဝန်ကြီး ဌာနက လစာငွေ တစ်လ ကျပ် သုံးသောင်းပံ့ပိုးရမည် ဖြစ်သော် လည်း ယခုပညာသင်နှစ်ဇွန်လမှ စကာ နိုဝင်ဘာအထိ ဆရာ၊ ဆရာမအချို့ လစာမရရှိကြောင်း ၎င်း က ဆိုသည်။

‘‘ဒီဆရာ၊ ဆရာမတွေကို လစာပေးဖို့ ကျွန်တော်တို့သိရသ လောက် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်က ထုတ်သွားပြီ။ ဒါပေ မဲ့ ကျွန်တော်တို့နယ်ဆင်းတော့ မြို့နယ်တော်တော်များများက ဆရာ၊ ဆရာမတွေက မရကြသေး ဘူး။ အများစုက မရတာ ဇွန်လ ကျောင်းစဖွင့်ကတည်းက ဖြစ် တယ်’’ဟု ဒေါက်တာမင်းစိုးလင်း က ပြောသည်။

မွန်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ အား မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်းဘာသာစကားများ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ၁,၅၀၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသားဘာသာစ ကားကို ဘာသာစကားကျွမ်းကျင် သည့် အခြေခံပညာဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ အသင်းများ၏ထောက်ခံချက်ဖြင့် ဘာသာစကားကျွမ်းကျင်သည့် တိုင်းရင်းသားလူမျိုးများကို အချိန် ပိုင်းဆရာ၊ ဆရာမအဖြစ်ခန့်ထား ၍ သင်ကြားပေးသည်။ ပညာရေး ဝန်ကြီးဌာနဘတ်ဂျက်မှ ၎င်းတို့ အား ပညာသင်နှစ်တစ်နှစ်လျှင် ရှစ်လ လစာငွေပေးအပ်သည်။

၂၀၁၆ ဇွန်လက တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီက တိုင်းရင်းသားဘာသာ စကားသင်ဆရာ၊ ဆရာမများအားလစာငွေအချိန်မှန်ပေးအပ်ရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆို တင်ပြရာ အဆိုအောင်မြင်သော် လည်း ယခုကဲ့သို့ ဆရာ၊ ဆရာမ အချို့ လစာငွေမရရှိခြင်း  ကြုံနေရကြောင်း ဒေါက်တာ မင်းစိုး လင်းက ပြောသည်။

‘‘တချို့နယ်တွေက ပေး တယ်။ တချို့က မရဘူး။ ပေးတာ ကလည်း ဘယ်ဘတ်ဂျက်က ပေး မှန်း ပြည်နယ်လွှတ်တော်က မသိ ရဘူး။ ဆရာ၊ ဆရာမတွေက သူ့ ဝါသနာနဲ့ ကိုယ့်လူမျိုးချစ်စိတ်နဲ့ ဝင်ကူနေတဲ့ သဘောပါ။ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးအ တွက် ဒါတွေက ထောက်ကူနေ တယ်။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ တစ်ပြေးညီရသင့်တယ်’’ ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်မှ တိုင်းရင်း သား ဘာသာသင် ဆရာ၊ ဆရာမ အချို့ လစာငွေမရရှိခြင်းနှင့် ပတ် သက်ပြီး ပြည်နယ်ပညာရေးမှူးကို ဆက်သွယ်မေးမြန်းရာ မဖြေကြား လိုကြောင်း တုံ့ပြန်သည်။

တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာနနှင့် ပညာရေးဝန် ကြီးဌာနတို့ပူးပေါင်းညှိနှိုင်းချက် အရ တစ်လ ကျပ် သုံးသောင်းရရှိ နေသည့် တိုင်းရင်းသားဘာသာ သင်ဆရာ၊ ဆရာမများကို နေ့စား လပေး ဆရာ၊ ဆရာမ(Teaching Assistant) များအဖြစ် ခန့်ထားရန်စက်တင်ဘာ ၂၆ ရက်က စကာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက လျှောက်လွှာများ ခေါ်ယူထားသည်။ Teaching Assistant အဖြစ် မည်သည့်အချိန် တွင် အတည်ပြုခန့်အပ်မည်ဟု ကြေညာခြင်းမရှိသေးပေ။

Top News