ရုပ်ရှင်အကြိုခံစားခြင်း

JUST BETWEEN LOVERS

-ဒီနေ့ကဏ္ဍလေးအတွက် တော့ ဒရာမာဇာတ်လမ်းကြိုက် ပရိသတ်တွေအတွက် တောင်ကို ရီးယားအချစ်ဒရာမာဇာတ်လမ်း တွဲသစ်လေးအကြောင်း ဖော်ပြ လိုက်ပါတယ်။

ပထမဆုံးအကြိမ်တွေ့ဆုံမှု က လူတိုင်းကိုရင်မခုန်စေပေမယ့် ဘ၀ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး နက်နက်နဲနဲသိလာခါမှ ထူးခြား တဲ့ စိတ်ခံစားမှုဖြစ်တည်လာစေ တဲ့အကြောင်းလေးကို ရိုက်ကူးပုံ ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။

 လီဂန်ဒိုဟာ လူချမ်းသာ မိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်တာမို့ ဘာမဆိုလိုတိုင်း တရနေသူပါ။ ဘောလုံးသမား တစ်ယောက်ဖြစ်ဖို့ဟာ လီဂန်ဒိုရဲ့ စိတ်ကူးအိပ်မက်ဖြစ်ပြီး မမျှော် လင့်ဘဲ ကားအက်ဆီးဒင့်ဖြစ်ခဲ့တာကြောင့် သူ့စိတ်ကူးတွေအားလုံးပျက်စီးသွားခဲ့ပါတယ်။

အက်ဆီးဒင့်ကြောင့် သူ့အ ဖေကို ဆုံးရှုံးလိုက်ရသလို ဂန်ဒိုရဲ့ ခြေထောက်လည်း ကျိုးသွားခဲ့ပါ တယ်။ သူ့အမေဟာလည်း ကင် ဆာရောဂါနဲ့ ဆုံးပါးသွားတာမို့ ဂန်ဒိုဟာ သူ့အမေရဲ့ အကြွေးတွေနဲ့ တစ်ကိုယ်တော် ကျန်နေရစ်ခဲ့တာကြောင့် ကိုယ့်ဘ၀ကိုယ် ကျောင်းခဲ့ရပါတယ်။

ဂန်ဒိုဟာအရာအားလုံးကို ဖြေသိမ့်နိုင်ဖို့နဲ့ ပြန်လည်သန်စွမ်း ဖို့ အချိန် သုံးနှစ်လောက်ယူခဲ့ပေမယ့် ဘာမှအပြောင်း အလဲမရှိဘဲ အချိန်တွေသာကုန်ခဲ့ပါတယ်။

ဟာမွန်ဆိုးဟာ ဗိသုကာ ပညာရှင်ဖြစ်ပြီး သူလည်းကားအက်ဆီးဒင့်ကြောင့် သူ့မောင်ငယ်လေးဆုံးရှုံးထားသူပါ။ သူမသေဘဲ ကျန်ခဲ့တဲ့အခြေအနေအပေါ် အမြဲယူကျုံးမရခွင့်မလွှတ်ဖြစ်နေခဲ့တာပါ။ ဟာမွန်ဆိုးဟာ တစ်ချိန်လုံး အဲဒီစိတ်ခံစားချက်နဲ့ပဲ ဘ၀ကို ရှင်သန်နေခဲ့ပါတယ်။

ကားအက်ဆီးဒင့်နဲ့ပတ်သက်ပြီး စိတ်ခံစားမှုတွေရှိကြတဲ့ လီဂန်ဒိုနဲ့ ဟာမွန်ဆိုးတို့ ဆုံမိခဲ့ပြီးနောက်မှာတော့ ဟာမွန်ဆိုးရဲ့ ရင်တွင်းခံစားချက်တွေ ပေါ်လာပါတော့တယ်။

စိတ်ဒဏ်ရာရှိသူနှစ်ယောက်ရဲ့ ဆုံတွေ့မှုနောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းလေးဖြစ်တည်လာမလဲဆိုတာတော့ ဆက်ကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားမှာပါဝင်သူတွေက Lee Joon  Ho, Won Jin A, Park Shi Eun, Na Moon Hee စသူတွေပဲ ဖြစ်ပါတယ်။

Top News