လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှလုံးရောဂါဖြင့် ကွယ်လွန်

ရှမ်းပြည်နယ် လဲချား မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းမွန်းသည် နှလုံး ရောဂါဖြင့် ဒီဇင်ဘာ ၅ ရက် နေ့လယ်တွင် ကွယ်လွန်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်း ရေးမှူး (၁) ဦးစိုင်းလိတ်က ပြော ကြားသည်။

‘‘နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်တယ်လို့ သိရပါတယ်။ မြို့နယ်မှာဆိုရင်လည်း သူက မြို့ နယ်ရဲ့ ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ် ယောက်ဖြစ်တယ်။ စွမ်းဆောင် ရည်လည်းကောင်းတယ်။အများ  စုက လေးစားယုံကြည်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ အဲဒါ ကြောင့် သူကွယ်လွန်သွားတာ ကျွန်တော်တို့ ပါတီအတွက်က တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ် ပါပဲ။ သူဟာ ပါတီအတွင်းမှာ လည်း အာားထားရတဲ့ ပုဂ္ဂိုလ်တစ် ဦးပါ’’ဟု ဦးစိုင်းလိတ်က ပြော သည်။ဦးစိုင်းမွန်းသည် ကွယ်လွန် ချိန်တွင် အသက် (၅၇)နှစ်ရှိပြီး ကွယ်လွန်ချိန်အထိ ပြည်သူ့လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာ ကော်မတီဝင်၊ SNLD ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဦးစိုင်းမွန်း၏ နာရေးကို ယနေ့ဒီဇင်ဘာ ၇ ရက်တွင်၎င်းမိသားစု နေထိုင်ရာ လဲချားမြို့နယ် ဗထူးလမ်းရှိနေအိမ်တွင် ပြုလုပ်မည် ဖြစ်ရာ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များက ခွင့်တစ်ရက်ယူ၍ ဈာပနသို့ လိုက်ပါပို့ဆောင်မည် ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြော သည်။

ဦးစိုင်းမွန်းသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်မယူ မီ အရန်မီးသတ်တပ်ဖွဲ့တွင် တာ ဝန်ထမ်းဆောင်ခဲ့ကာ ရှမ်းစာပေ သင်ကြားရေးကို ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၈ တွင် SNLD လဲချား မြို့နယ်အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၉၀ နောက်ပိုင်းတွင် ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) လဲချားမြို့နယ် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၂၀၁၂  SNLD ပါတီပြန် လည်ထူထောင်ချိန်တွင် ပါဝင်ခဲ့ ကာ ကွယ်လွန်ချိန်အထိ လဲချားမြို့နယ်  SNLD ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့သည်။

‘‘ကျွန်တော်တို့အနေနဲ့ စိတ် မကောင်းပါဘူး။ သူက တော် တော်လေး တက်ကြွတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ။ အတွေးအခေါ် ကောင်းတယ်။ ရည်မွန်တယ်။ အေးဆေးတယ်။ အဲဒီတော့ လွှတ် တော်ထဲမှာပါတဲ့လုပ်ငန်းတွေကို လည်း တက်ကြွစွာ ပူးပေါင်းပါ ဝင်လှုပ်ရှားခဲ့တဲ့ သူတစ်ယောက် ပါ။ ဒေသအတွက်ရော၊ အဖွဲ့ အစည်းအတွက်ရော ဆုံးရှုံးမှုတစ် ရပ်ပါပဲ’’ဟု မိုင်းရယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် စိုင်းသီဟကျော်က ပြော ကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစံခင်သည်လည်း ဒီဇင် ဘာ ၂ ရက်က အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

Top News