တရုတ်ကွန်မြူနစ်ပါတီရဲ့ ပထမဆုံးနိုင်ငံတကာ နိုင်ငံရေးပါတီများ အစည်းအဝေး

ဓာတ်ပုံ − VOA

တရုတ်ကွန်မြူနစ် ပါတီ (စီစီပီ)ဟာ ဘေဂျင်းမြို့တော်မှာ နိုဝင် ဘာ ၃၀ ကနေ ဒီဇင်ဘာ ၃ ရက်ထိ ကာလအတွင်း ကမ္ဘာ့နိုင်ငံရေး ပါတီများစည်းဝေးပွဲကို ကျင်းပခဲ့ပါတယ်။ စီစီပီရဲ့ သမိုင်းမှာတော့ အခုလို ကမ္ဘာတစ်လွှားက နိုင်ငံရေး ပါတီတွေကို စုဝေးပြီး အဆင့်မြင့် အစည်းအဝေးတစ်ခု ကျင်းပတာပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စီစီပီရဲ့ ရည် မှန်းချက်တွေကို နိုင်ငံတကာ နယ်ပယ်က ပိုမို သတိထားမိလာစေဖို့ ကျယ်ကျယ်လောင်လောင် ဆော်ဩလိုက်တဲ့ အရိပ်လက္ခဏာတစ် ခုလို့လည်း ဆိုနိုင်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်မှာ စီစီပီရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး အစည်းအဝေးနဲ့ ပတ် သက်တဲ့ အချက်အလက်တွေကို အသိပေးထုတ်ပြန်လာခဲ့ပါတယ်။ ဒီဌာနဟာ စီစီပီရဲ့ဗဟိုကော်မတီ လက်အောက်ခံ အဓိက ဌာနကြီး ငါးခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ကျန်တဲ့ ဌာနတွေကတော့ စည်းရုံးရေးဌာန၊ လုပ်ငန်းခွင်စည်း လုံးရေးဌာန၊ စုစည်းအကောင်အ ထည်ဖော်မှုဌာန၊ စည်းကမ်းထိန်း သိမ်းရေးဌာနတွေ ဖြစ်ပါတယ်။


နိုင်ငံတကာ ဆက်ဆံရေး ဌာနရဲ့ အဓိကလုပ်ငန်းတာဝန် တွေကတော့ တစ်ကမ္ဘာလုံးက ကွန်မြူနစ်ဝါဒကို လက်ခံတဲ့ နိုင်ငံတွေ၊ ကွန်မြူနစ်ဝါဒကို ကျင့်သုံးမှု မရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကိုင်တွယ်စီမံဖို့ ဖြစ်ပါတယ်။ အတိတ်တုန်းကတော့ ဒီဌာနဟာစီစီပီရဲ့ လုပ်ငန်းစဉ်တွေမှာ ထင်ရှားမြင်သာတဲ့ အခန်းကဏ္ဍကနေပါဝင်လေ့မရှိဘဲ နောက်ချန်နေလေ့ရှိပါတယ်။ အခုကျင်းပခဲ့တဲ့ အစည်းအဝေးမှာတော့ ဒီဌာနကဗဟိုချက်နေရာက အဓိက လှုပ်ရှားသွားခဲ့ပါတယ်။

ဌာနရဲ့ ဒုတိယအကြီးအကဲ ဂေါင်ယီဇူးက အစည်းအဝေး ကျင်းပမှုအတွက် အဓိက ရည်မှန်းသတ် မှတ်ထားတဲ့ ခေါင်းစဉ်က ‘ပိုမိုကောင်းမွန်တဲ့ ကမ္ဘာမြေနဲ့ လူသား တန်ဖိုးကို အနာဂတ်မှာ မျှဝေဖန် တီးမယ့် လူ့အသိုက်အဝန်းတစ်ခု ကို စုပေါင်းတည်ဆောက်နိုင်ရေး နိုင်ငံရေး ပါတီတွေရဲ့ တာဝန်’ ဆိုပြီး ဖြစ်တယ်လို့ ပြောပါတယ်။

The Diplomat ကတော့ ဒီအစည်းအဝေးဟာ တရုတ်သမ္မ တ စီကျင်းပင်က အဆိုပြုခဲ့တဲ့ လူသားတွေအတွက် မျှဝေအနာ ဂတ်တွေ ဖန်တီးပေးမယ့် လူ့အ သိုက်အဝန်းတစ်ခု တည်ဆောက် ရေးဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ရည်မှန်း ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ သမ္မတစီရဲ့ တရုတ်နိုင်ငံ ခြားရေး မူဝါဒသစ်မှာ ထင်ရှားတဲ့ အတွေးအမြင်တစ်ခုဖြစ်ပါတယ်။ တရုတ်အစိုးရအရာရှိ ရာထူးအ ဆင့်ဆင့်ဟာ နိုင်ငံတကာ အ ခမ်းအနားတော်တော်များများမှာ ဒီဆောင်ပုဒ်ကို ကိုးကားပြောဆိုခဲ့ ကြပါတယ်။

တရုတ်သမ္မတ စီဟာ စီစီပီ ဗဟိုကော်မတီရဲ့ အတွင်းရေးမှူး ချုပ် ရာထူးကိုလည်း ချုပ်ကိုင်ထား ပါတယ်။ သူက အစည်းအဝေးရဲ့ အဖွင့်အခမ်းအနားမှာလည်း မိန့် ခွန်းပြောခဲ့ပါသေးတယ်။

နိုင်ငံတကာ ဆက်ဆံရေး ဌာန ဒုတိယအကြီးအကဲဖြစ်သူ ဂေါင်က အခုလို အစည်းအဝေး ကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ ပါတီရဲ့ (၁၉)ကြိမ်မြောက် ညီလာခံကြီးမှာ သမ္မတစီချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို အကောင်အ ထည်ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုတယ်။ ညီလာခံအတောအ တွင်းမှာ စီက ခေတ်သစ် တရုတ် ဆိုရှယ်လစ်လမ်းစဉ်တွေကို အ ခြေပြုပြီး စီစီပီရဲ့ရပ်တည်မှုကို မျှဝေအနာဂတ် လူ့အသိုက်အ ဝန်းမှာ စနစ်တကျ စတင်မိတ် ဆက်လာနိုင်ဖို့ အသေးစိတ် ရှင်း လင်းပြောကြားခဲ့ပါတယ်။

 ‘‘စီစီပီက ပွင့်လင်းပြီး သဘောထား ပြေပြစ်တယ်’’ လို့ ဂေါင်က မှတ်ချက်ပေးခဲ့တယ်။ ‘‘စီစီပီဟာ ကိုယ့်ရဲ့ အတွေ့အကြုံ တွေ၊ နည်းလမ်းတွေကို ကမ္ဘာ ကြီးဆီ မိတ်ဆက်ပြလာရုံတင် မကဘဲ ကမ္ဘာကြီးဆီကနေလည်း ပြန်လည် သင်ယူမှာ ဖြစ်ပါတယ်’’ လို့ သူက ဆိုပါတယ်။ အခုကျင်းပ တဲ့ အစည်းအဝေးကတော့ စီစီပီရဲ့ သမိုင်းကြောင်းကို အဓိပ္ပာယ် ပြည့်ဝစေသလို ကမ္ဘာ့နိုင်ငံရေး ပါတီတွေအတွက် သမိုင်းမှာ အထင်ရှားဆုံး မှတ်တိုင်ကြီးတစ်ခု ဖြစ်လိမ့်မယ်လို့လည်း ဂေါင်က ညွှန်းဆိုခဲ့တယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက် လို့ နိုင်ငံတကာ သတင်းဌာနတွေ ရဲ့ သတင်းဖော်ပြမှုတွေ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေ မယ့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်က နိုင်ငံရေးပါတီ ၂၀၀ ကျော်နဲ့ ပါတီခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ ဂေါင်က ပြော ပါတယ်။ ဒါဟာ အခုအစည်းအ ဝေးရဲ့ ကျယ်ပြန့်အောင်မြင်မှုကို မြင်သာစေတဲ့ ကိန်းဂဏန်းတွေပါ။

 နိုင်ငံတကာ ဆက်ဆံရေး ဌာနက အစည်းအဝေးတက်ရောက်မယ့် နိုင်ငံရေးပါတီတွေ စာရင်းကိုတော့ တိတိကျကျ ကြိုတင်မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ တက်ရောက်ကြမယ့် စာရင်းမှာ မြန်မာအစိုးရရဲ့ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ Xinhua သတင်းဌာနက ဒေါ်အောင်ဆန်း စုကြည်ဟာ တရုတ်နဲ့ မြန်မာကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်း မွန်လာစေမယ့် အခွင့်အရေးကို ဒီအစည်းအဝေးမှာ အရယူနိုင် လိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။

အောက်တိုဘာလတုန်းက တော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စီစီပီရဲ့ အစဆုံးစွန် ရည်မှန်းချက်တွေကို ဖော်ဆောင် ဖို့ အသေးစိတ် စီစဉ်ပြင်ဆင်ထား တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ တုန်းက ဝမ်က အခုလို ပြောကြား ခဲ့ပါတယ်။

‘‘လူသားတွေအတွက် သစ်လွင်ပြီး ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့ကူညီမှုတွေ ပံ့ပိုးပေးနိုင်ခြင်းဟာ ကျွန်တော်တို့ပါတီက လိုက်နာ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ တရုတ်ကွန်မြူနစ်ဝါဒရဲ့ သမိုင်းဝင်ရပ်တည်မှုတွေ၊ နိုင်ငံတကာ အမြင်တွေ၊ ကမ္ဘာကြီးအတွက် ကောင်းကျိုးလိုလားမှုတွေကို မီးမောင်းထိုးပြဖို့လည်း ပါဝင်တယ်။ ဒါဟာ စီစီပီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေကြားမှာ အရေးပါတဲ့ ဆုံမှတ်တစ်ခုဖြစ်သလို နိုင်ငံတကာမှာ စီစီပီရဲ့ပုံရိပ်ကို မြှင့်တင်ဖို့လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်တစ်ခုတည် ဆောက်ခြင်းဟာ တရုတ်ရဲ့ သမိုင်းဝင် တာဝန်တစ်ခုမျှသာ မကပါ ဘူး။ ဆိုရှယ်လစ်နိုင်ငံကြီးတစ်ခု အနေနဲ့ လူ့အသိုက်အဝန်းရဲ့ ဖွံ့ ဖြိုးရေးကို တာဝန်ခံဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် တရုတ်ကွန် မြူနစ်ဝါဒရဲ့ သမိုင်းဝင် လုပ်ငန်း စဉ်တွေဟာ လူသားတွေရဲ့ နိုင်ငံ ရေးယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုး ရေးအတွက် ရှေ့ပြေးပါဝင်သင့်ပါ တယ်’’လို့ ဝမ်က ဆိုတယ်။

ဒါဟာ စီစီပီက ကမ္ဘာ့နိုင်ငံ တွေအတွက် စံပြုစရာတစ်ခုကို ဖန်တီးပြဖို့ ရည်ရွယ်ထားကြောင်း ဝမ်က အထင်အရှား ကြေညာသွားတဲ့ သဘောပါပဲ။ အနောက် အုပ်စု အင်အားကြီးနိုင်ငံတွေနဲ့ လုံးဝဥဿုံခြားနားတဲ့ ကိုယ်ပိုင် အစဉ်အလာ၊ ကိုယ်ပိုင်လမ်း ကြောင်းမျိုးကို ဆုပ်ကိုင်ပြီး တရုတ် ကလည်း လူသားတွေကို ဦးဆောင်နိုင်တယ်ဆိုတာကို ပြသလိုခြင်း ဖြစ်ပါတယ်။

ကျင်းပခဲ့တဲ့ အစည်းအဝေး ကတော့ စီစီပီဟာ သူတို့ရဲ့ ကိုယ် ပိုင်စနစ်နဲ့ ပုံစံတွေကို ကမ္ဘာကြီးဆီ စတင် ချပြတဲ့ အရေးအပါဆုံး ခြေလှမ်းသစ်ဖြစ်လာမှာ သေချာပါတယ်။ စီစီပီရဲ့ နောက်ထပ် မြှုပ် ကွက်ချန်ထားတဲ့ လုပ်ငန်းစဉ် တစ်ခုကတော့ ဒီအစည်းအဝေးရဲ့ အောင်မြင်မှုကို တရုတ်ပြည်သူ တွေဆီ ချပြပြီး ပြည်တွင်းထောက်ခံမှုကို ပိုမိုရရှိအောင် ဆောင်ရွက်ဖို့ ဖြစ်လာပါလိမ့်မယ်။

(The Diplomat ၏ For the First Time, Chinese Communist Party to Hold a World Political Parties Dialogue ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)