ဓားကိုင်၍ ဖခင်ကို ရန်ရှာသည့် အမျိုးသားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ဖမ်း

အရက်မူးပြီး ဓားမကိုင် ၍ ဖခင်ကို ရန်ရှာနေသည့် အမျိုးသားက ၎င်းအား လာရောက်ဖမ်း ဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြေးခုတ်သောကြောင့် သေနတ်ဖြင့် ပစ်ကာဖမ်းဆီးခဲ့ရ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး ရဲအရာရှိတစ်ဦးက ပြောသည်။ရွှေပြည်သာမြို့နယ် (တ/၁၅)ရပ်ကွက် ပန်းခြံ (၆) လမ်းအတွင်းနေသည့်  နိုင်လင်းဖြိုး အသက် (၂၂) နှစ်သည် ဒီဇင်ဘာ ၆ ရက် ည ၁၁ နာရီခွဲတွင် အရက်မူးကာ ဓားမကိုင်၍ ဖခင်ကို ရန်ရှာနေကြောင်း သတင်းရသဖြင့် လှည့် ကင်းတာဝန်  ထမ်းဆောင်နေ သည့် ရဲတပ်ဖွဲ့ဝင်များက သွား ရောက်ဖမ်းဆီးခဲ့ကြောင်း လှော်ကားနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို နိုင်လင်းဖြိုးက အရိုးအသွားလက်မ ၂၀ ခန့်ရှိသည့် ဓားမဖြင့် ခုတ်ရန်ပြင်နေ သဖြင့် ရဲဒုတပ်ကြပ် တင်အောင် သန်းက ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း အထက်ပါရဲအရာရှိက ပြောသည်။

ထိုသို့ ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း နိုင်လင်းဖြိုးသည် ၎င်းကိုင်ထားသည့်ဓားမဖြင့် ရဲတပ်ဖွဲ့ဝင်များကို ပြေးဝင်ခုတ်သဖြင့်  ဒုတိယအကြိမ်ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

ထိုသို့ ပစ်ခတ်ခဲ့သဖြင့် နိုင် လင်းဖြိုး ၀မ်းဗိုက်တွင် ဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ထို့ကြောင့် နိုင်လင်းဖြိုးကို ရာဇသတ်ကြီးပုဒ်မ၃၅၃/၃၀၇ ဖြင့်  လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့်ကာ  ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။