လှိုင်သာယာတွင် အသက် (၈၉) နှစ်အရွယ် အဘွားအိုကို အဓမ္မကျင့်သူကို ဖမ်းမိ

နံနက်ခင်းလမ်းလျှောက် ထွက်လာသည့် အသက် (၈၉) နှစ်အရွယ်အဘွားအိုကို ဘုရားလိုက်ပို့မည်ဆိုကာ ဆိုက်ကားပေါ် တင်ခေါ်ပြီး လူရှင်းသည့်နေရာအရောက်တွင် ကိုင်းတောအတွင်းသို့ ဆွဲခေါ်ကာ  အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လှိုင်သာယာမြို့နယ် (၆) ရပ် ကွက်နေ အဘွားအိုတစ်ဦးသည် ဒီဇင်ဘာ ၆ ရက် နံနက် ၆ နာရီကျော်က ကျန်းမာရေးအတွက်  လမ်းလျှောက်ထွက်စဉ်  ဦးပုညလမ်းသို့အရောက်တွင် (၂၆) နှစ်အရွယ်လူငယ်နှင့်တွေ့ဆုံရာမှ အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက်ရှင်းပြသည်။

လမ်းတွင်တွေ့ဆုံသည့် ရဲနိုင်က အဘွားအိုကို ဘုရားလိုက်ပို့မည်ဆိုကာ ဆိုက်ကားဖြင့်တင်ခေါ် ပြီး (၆) ရပ်ကွက် ဖွံ့ဖြိုးအောင် အိမ်ရာဝင်းအရောက်တွင် ကိုင်းတောအတွင်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါရဲအရာရှိက ရှင်းပြသည်။ 

အဓမ္မပြုကျင့်သူ ရဲနိုင်သည် လှိုင်သာယာမြို့နယ် (၇) ရပ်ကွက်နေသူဖြစ်ကာ အဘွားအိုနေအိမ်သို့ မကြာခဏ၀င်ထွက်သူဖြစ်ပြီး ၎င်းကို လှိုင်သာယာမြို့မရဲစခန်းက အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်  ဖမ်းဆီးစစ်ဆေးနေသည်။

Top News