မသင်္ကာဖွယ်အမျိုးသားနှစ်ဦးကို စစ်ဆေးရာမှ လူသတ်၊ မီးရှို့မှု ဖော်ထုတ်နိုင်

 မသင်္ကာဖွယ်ရာ အမျိုး သားနှစ်ဦးကို ရဲတပ်ဖွဲ့က စစ် ဆေးရာ လွန်ခဲ့သော တစ်နှစ် ကျော်က လူသတ်၊ မီးရှို့မှုဖော် ထုတ်နိုင်ခဲ့ကြောင်း ဟုမ္မလင်းမြို့ နယ် ကန်သာကျေးရွာ ရဲကင်း စခန်းမှူး ရဲအုပ်သောင်းထက် အောင်က ပြောသည်။

ဟုမ္မလင်းမြို့နယ် စံပြကျေး ရွာနေအသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် တာပေကျေးရွာနေ(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီခန့်တွင် ရဲတပ်ဖွဲ့က မသင်္ကာ၍ စစ်ဆေးရာလွန်ခဲ့သော တစ်နှစ်ကျော်က လူပျောက်တိုင်ချက်ဖွင့်ထားသော အမျိုးသားတစ်ဦးကို လူသတ်၊ မီးရှို့မှု ဖော်ထုတ်နိုင်ခဲ့သည်။

‘‘လူသတ်မှုကျူးလွန်တဲ့ တရားခံသုံးဦးအနက် နှစ်ဦးကို ဖမ်းမိထားပါတယ်။ တစ်ဦးကတော့ ထွက်ပြေးနေဆဲဖြစ်ပါတယ်’’ဟု ရဲအုပ် သောင်းထက်အောင်က ပြောသည်။ ၂၀၁၆ ဇူလိုင် ၂၈ရက်က ဟုမ္မလင်းမြို့နယ် ကတ်သာကျေးရွာနေအသက် (၄၅)နှစ်အရွယ် ဆိုင်ကယ်ကယ်ရီမောင်း အမျိုးသားတစ်ဦး ပျောက်ဆုံးသဖြင့် မြို့နယ်မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့သည်။

ထွက်ပြေးနေသည့် အမျိုး သားတစ်ဦးအပါအဝင် ယခုဖမ်းမိ သည့် အမျိုးသားနှစ်ဦးသည် ပျောက်ဆုံးနေသော အမျိုးသား ကို ဓားဖြင့်ထိုးသတ်၍ အလောင်း ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ အပြင် သေဆုံးသူအမျိုးသား၏ ဆိုင်ကယ်ကိုလည်း ဟွေပတိန် ကျေးရွာ တောင်ထိပ်အနီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖမ်းမိသည့်အမျိုးသားနှစ်ဦးက ထွက်ဆိုခဲ့ပြီး သက်သေများကိုလည်း တွေ့ရှိခဲ့သည်။ သေဆုံးသူအမျိုးသား၏ ဇနီးက တရားလိုပြုလုပ်တိုင်ကြားသဖြင့် ဟုမ္မလင်းမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၀၂၊ ၂၀၁၊ ၁၁၄ အရ အမှုဖွင့်စစ်ဆေးနေသည်။

Top News