ချန်ပီယံလိဂ်အုပ်စုမှပြုတ်၍ နည်းပြပီတာဘော့ဇ်ကို ဒေါ့မွန်အသင်း ထုတ်ပယ်ရန် စီစဉ်

 ရီးရဲလ်ကို ရှုံးကာ ချန် ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခဲ့ ရသည့် ဒေါ့မွန်အသင်းသည် နည်းပြပီတာဘော့ဇ်ကို မကြာမီထုတ် ပယ်နိုင်ခြေရှိပြီး ဒေါ့မွန်လူငယ်အသင်း နည်းပြဟောင်း စတုဂတ် နည်းပြ ဟန်နက်စ်ဝု့ဖ်နှင့် အစားထိုးရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဂျာမနီသတင်းများက ဖော်ပြသည်။

အုပ်စုတတိယသာရ၍  ဒေါ့မွန်သည် ယူရိုပါလိဂ်သို့  ကူး ပြောင်းယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒေါ့မွန်သည် ဘွန်ဒက်စ်လီ ဂါတွင် ၁၄ ပွဲ၌ ခြောက်ပွဲနိုင်၊ လေးပွဲသရေဖြင့် အဆင့် (၆)နေရာ ရပ်တည်နေပြီး ထိပ်ဆုံးရှိဘိုင်ယန်နှင့် ၁၀ မှတ် ကွာဟနေသည်။

ဒေါ့မွန်သည် ၂၀၁၂-၁၃ ရာသီက ဘွန်ဒက်စ်လီဂါ၌ ဒုတိ ယနေရာရခဲ့ပြီး ၂၀၁၃ မေလက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန် ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပီတာဘော့ဇ် (၅၃)နှစ်သည် နောက်ဆုံးဘွန်ဒက်စ်လီဂါငါးပွဲမှ တစ်မှတ်သာရပြီး ချန်ပီယံလိဂ် တွင်လည်း ရလဒ်မကောင်းဖြစ် နေသဖြင့် ထုတ်ပယ်ခံရတော့မည် ဟု သတင်းထွက်နေသူဖြစ်သည်။

ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသ ဖြင့် ဒေါ့မွန်သည် ယူရိုသန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်။

သို့သော် နောက်ခံလူ မာ ဆယ်ရှမဲလ်ဇာက မိမိတို့တွင် နည်းပြပြဿနာမရှိဟု ပြော သည်။ လက်ရှိပြဿနာများအ တွက် အသင်းသားများတွင်သာ တာဝန်ရှိသည်ဟု ၎င်းက ပြော သည်။

ဂျာမန်သတင်းစာများဖြစ် သော Die Welt, Bild နှင့် Zeitungတို့က ပီတာဘော့ဇ်သည် မကြာမီ ထုတ်ပယ်ခံရနိုင်သည်ဟု ဖော်ပြ ထားသည်။    —Ref:Agencies

Top News