ကျောင်းသားမျက်နှာကို ကုတ်သော အလယ်တန်းပြဆရာမအား ဌာနဆိုင်ရာစုံစမ်းစစ်ဆေး

အကုတ်ခံရသော ကျောင်းသားကိုတွေ့ရစဉ် (ဓာတ်ပုံ− Kyaw Thet Win0

 ဒုတိယတန်းကျောင်း သား၏ မျက်နှာကို လက်သည်းဖြင့်ကုတ်ခြစ်ကာ အပြစ်ပေးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ အလက (၄) မှ အလယ်တန်း ပြဆရာမကို  စာသင်ကြားမှုရပ် ဆိုင်းထားပြီး မြို့နယ်ပညာရေးမှူး ရုံးက ဌာနဆိုင်ရာစုံစမ်းစစ်ဆေး မှုများပြုလုပ်နေကြောင်း ကလေး မြို့နယ်ပညာရေးမှူး ဦးစန်းယုက ပြောသည်။

ဒီဇင်ဘာ ၅ ရက်က အဆိုပါ ကျောင်းသား၏ နေအိမ်တွင် ကျောင်းချိန်ပြင်ပစာသင်ကြား ပေးရင်း  စာမရသဖြင့်  ကျောင်း သား၏ မျက်နှာကို ဆရာမက လက်သည်းဖြင့် ကုတ်ခြစ်အပြစ် ပေးမိကြောင်း မြို့နယ်ပညာရေးမှူးရုံး   ဌာနဆိုင်ရာ  စုံစမ်းစစ်ဆေးချက်အရ သိရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်ကို သိသိချင်း အဆိုပါဆရာမကို ဒုတိယတန်း သင်ကြားစေခြင်း ခေတ္တရပ်ဆိုင်း ထားရန်၊ အဝေးရောက်နေသည့် ကျောင်းသား၏ မိဘများကို ခေါ် ထားရန်   မြို့နယ်ပညာရေးမှူး ရုံးက ညွှန်ကြားခဲ့သည်။ ဒီဇင်ဘာ ၆ ရက်တွင် မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့နှင့် ကျောင်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့က ဌာန ဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြု လုပ်ခဲ့ပြီး ကျောင်းသားအားဖြစ် စဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ သည်။

‘‘ကလေးက စာနည်းနည်း ညံ့တော့ ကျောင်းချိန်ပြင်ပမှာ စာ သင်ပေးဖို့ ဆရာမကို အကူအညီ တောင်းတာပေါ့။ စာသင်ရင်း ကလေးက စာမရတော့ ဆုံးမရင်း အဲဒီလိုဖြစ်သွားတာပေါ့။ ဖြစ်တဲ့ အချိန်မှာ ကလေးရဲ့ အဒေါ်တွေ လည်း ဘေးမှာရှိတော့ ဒါက ဆရာ မက စေတနာနဲ့ လုပ်ပေးရင်းဖြစ် သွားတဲ့ အမြင်ပဲရှိတယ်။ ပြစ်တင် လိုစိတ်လည်းမရှိဘူးဆိုတော့ လောလောဆယ်တော့ စာသင် ကြားခွင့်ရပ်ဆိုင်းပြီး နောက်နောင် မလုပ်ဖို့ ပြောထားတယ်။ မိဘ တွေကိုလည်း တောင်းပန်ခိုင်း ထားတယ်’’ဟု ဦးစန်းယုက ပြော သည်။ဌာနဆိုင်ရာစုံစမ်းစစ်ဆေး မှုများကို မြို့နယ်ပညာရေးမှူးရုံး က စစ်ကိုင်းတိုင်းဒေသကြီး ပညာ ရေးမှူးရုံးသို့ ဒီဇင်ဘာ ၇ ရက်တွင် တင်ပြထားပြီး တိုင်းပညာရေးမှူး ရုံးမှ အခြေခံပညာဦးစီးဌာနသို့ ဆက်လက်တင်ပြမည် ဖြစ်သည်။

ကလေးသူငယ်အခွင့်အရေး နှင့် ဆက်စပ်သည့်ကိစ္စဖြစ်ခြင်း ကြောင့် မြို့နယ်ပညာရေးမှူးရုံး အနေဖြင့် ဖြစ်စဉ်အပေါ် စုံစမ်း တွေ့ရှိချက်များကို ပညာရေးဝန် ကြီးဌာန၏ ဌာနအဆင့်ဆင့်အပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် လွှတ်တော်များသို့ တင်ပြမည်ဖြစ်ကြောင်း ဦးစန်းယုက ဆိုသည်။

‘‘မြို့နယ်က ဌာနဆိုင်ရာစုံ စမ်းတွေ့ရှိချက်တွေ ဒီလိုတင်ပြ လာတယ်ဆိုတာ သိရှိနိုင်ပါရန်ဆို ပြီး အခြေခံရုံးချုပ်ကို ကျွန်တော် တို့ ဆက်တင်မယ်။ ရုံးချုပ်က ပြန် ညွှန်ကြားချက်အရ ဆက်ဆောင် ရွက်မှာပေါ့’’ဟု စစ်ကိုင်းတိုင်းဒေ သကြီးပညာရေးမှူးရုံး ဦးစီးအရာ ရှိ (စီမံ) ဦးစန်းလွင်က ပြောသည်။

ကျောင်းသား၊ ကျောင်းသူ များအား သွန်သင်ဆုံးမရာတွင် ကာယိနြေ္ဒပျက်ပြားစေမည့် အပြု အမူများမပြုလုပ်ရန်၊ မည်သည့် တုတ်ဖြင့်လည်းကောင်း၊ လက် ဖြင့်လည်းကောင်း၊ အခြားတစ်စုံ တစ်ရာဖြင့်လည်းကောင်း ရိုက် နှက်ခြင်းမပြုရန် အခြေခံပညာဦး စီးဌာနက ဆရာ၊ ဆရာမများကို စက်တင်ဘာ ၂၄ ရက်တွင် ညွှန် ကြားချက်ထုတ်ပြန်အသိပေးထား သည်။

စက်တင်ဘာ ၂၂ ရက်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ် ကူးတို့ဆိပ်ကျေးရွာ မူလတန်း လွန်ကျောင်းတွင် စာမရသည့် ဒုတိယတန်းကျောင်းသူ၊ ကျောင်း သားလေးများအား အတန်းရှေ့ တွင် ဘောင်းဘီနှင့် စကတ်များ ချွတ်စေပြီး နာရီအတန်ကြာအပြစ်ပေးခဲ့သည့် ဆရာမကိုလည်း စာ သင်ကြားမှု     ရပ်ဆိုင်းထားခဲ့သည်။

More in News Section

Top News