ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်းကျင်းပ

 ရန်ကုန်တက္ကသိုလ် ရာ ပြည့်အကြို သိပ္ပံပွဲခင်း ၂၀၁၇ ကို ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ် သာတွင် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာကျင်းပနေသည်။

သိပ္ပံပွဲခင်းတွင် ရန်ကုန်တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ သုတေသနပြခန်းများ၊ ဒဂုံတက္က သိုလ်၊ သုတေသနနှင့် ဆန်းသစ် တီထွင်မှုဦးစီးဌာနအပါအ၀င် နည်းပညာကုမ္ပဏီများမှ သုတေသန စက်ပစ္စည်းများနှင့် သင်ထောက် ကူပစ္စည်းများပြသသော ပြခန်း များ၊ စုစုပေါင်းပြခန်း ၄၈ ခန်းနှင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ Science Project ၃၇ ခန်း ပါဝင်ပြသထားသည်။

‘‘ရန်ကုန်တက္ကသိုလ်အနေနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာ ပေးတဲ့ သိပ္ပံပွဲခင်းကို ကျင်းပတာ ဒီနှစ်မှာ လေးကြိမ်မြောက်ရှိပါပြီ။ သိပ္ပံပြပွဲက နိုင်ငံတော်ရဲ့ ပညာ ရည်တိုးတက်ရေးဆောင်ရွက်မှု လုပ်ငန်းစဉ်ကြီးကို အခန်းကဏ္ဍ တစ်ရပ်အဖြစ် အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင် ငံရဲ့ ပညာရေးကဏ္ဍကို နိုင်ငံတ ကာအသိအမှတ်ပြုသည်အထိ တိုးတက်လာဖို့ အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ လိုပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ဖွင့်ပွဲအခမ်းအနားတွင် ပြော ကြားသည်။

ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် တွင် University College နှင့် Judson College တို့ဖြင့် စတင်ဖြစ်တည်လာခဲ့ပြီး ယခုနှစ်တွင် (၉၇) နှစ်ပြည့်မြောက်ပြီဖြစ်ရာ    ရာ ပြည့်အကြိုအဖြစ် သိပ္ပံပွဲခင်းကို ကျင်းပခြင်းဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာ ဖိုးကောင်းက ပြောသည်။

ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲ ခင်းကို ရန်ကုန်တက္ကသိုလ်ပြန် လည်ဖွင့်လှစ်သည့်  ၂၀၁၄  ကစတင်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအပါအ၀င် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊  ကျောင်းသူများ တက်ရောက်လေ့ရှိသည်။

Top News