SSPP နှင့် TNLA မဟာမိတ်နှစ်ဖွဲ့ နမ္မတူမြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

 မြောက်ပိုင်းလက် နက်ကိုင် ခုနစ်ဖွဲ့တွင်ပါဝင်ပြီး မဟာမိတ် ဆက်ဆံရေးရှိသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ ဒီဇင်ဘာ ၅ ရက်က နမ္မတူမြို့နယ်အတွင်း အပြန်အ လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြော သည်။

အဆိုပါအခြေအနေကို စိစစ်နေပြီး ညှိနှိုင်းနေကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြော သည်။ ‘‘SSPP နဲ့ ကျွန်တော်တို့ တိုက်ပွဲမရှိပါဘူး။ ဒါပေမဲ့ မနေ့ည ကတော့ RPG သီးတွေက အဲဒီ နားလေးမှာက RCSS ရော မြန်မာ့ တပ်မတော်ရော ရှုပ်ထွေးနေတော့RPG သီးတွေက ကျွန်တော်တို့ ဘက် ကျလာတော့ကျွန်တော်တို့ ဘက်ကလည်း ပြန်ပစ်တော့ SSPP နေတဲ့နေရာ ရောက်သွား တာပါ။ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်တာမျိုး မရှိပါဘူး။ မှားယွင်း ပစ်ခတ်တာပဲရှိတာပါ’’ ဟု TNLA အထွေထွေအတွင်းရေးမှူး တာ့ ဘုန်းကျော်က ပြောသည်။

အဆိုပါ မှားယွင်းပစ်ခတ်မှု နှင့်ပတ်သက်ပြီး ပြန်လည်ညှိနှိုင်း ရာ လက်ရှိတွင် ပြေလည်မှုရရှိ ပြီဟု ၎င်းကဆိုသည်။

TNLA တပ်နှင့်ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းနှင့် ပတ်သက်၍ SSPP တာဝန်ရှိသူတစ်ဦးက အတည်ပြု ခဲ့ပြီး အသေးစိတ်အခြေအနေကို စိစစ်နေကြောင်းဆိုသည်။

‘‘ဘယ်လိုအခြေအနေမျိုး ကြောင့်လဲဆိုတော့ အဲဒီဘက်က အခြေအနေကို အတိအကျမသိ ရသေးဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့ တစ်ဖွဲ့တည်းရှိခဲ့ တာ အဲဒီဘက်က။ အခုတော့အ ဖွဲ့က အစုံလိုဖြစ်နေတာပေါ့’’ ဟု SSPP တာဝန်ရှိသူကဆိုသည်။

နမ္မတူမြို့နယ်အတွင်း၌တပ် မတော်အပြင် TNLA၊ ရှမ်းလက် နက်ကိုင်အဖွဲ့များ ဖြစ်သည့် RCSS နှင့် SSPP၊ ကချင်လက် နက်ကိုင်အဖွဲ့ (KIA) စသည့်လက် နက်ကိုင်တပ်ဖွဲ့ဝင်များ လှုပ်ရှား နေသည်။

TNLA နှင့် SSPP တို့အကြား လွန်ခဲ့သည့် တစ်နှစ်ကျော်က ကျောက်မဲမြို့နယ်အတွင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဆိုသည်။

TNLA နှင့် SSPP တို့သည် ရှမ်းပြည်မြောက်ပိုင်းအတွင်း စစ် ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဆက်သွယ် ဆက်ဆံမှုရှိသည့်အ ပြင် နိုင်ငံရေးပိုင်းတွင်လည်းမဟာ မိတ်ဆက်ဆံရေး တည်ဆောက် ထားသည်။ SSPP နှင့် TNLA နှစ် ဖွဲ့စလုံးသည် ‘ဝ’လက်နက်ကိုင်အ ဖွဲ့ (UWSA) ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်ခုနစ် ဖွဲ့ ၏ စုဖွဲ့မှု၌ ပါဝင်ထားသည်။

 မြောက်ပိုင်းခုနစ်ဖွဲ့သည် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုး ဘဲ နိုင်ငံရေးဆွေးနွေးမှု လုပ် ဆောင်မည်ဟု မူဝါဒအပေါ် ရပ် တည်ထားသည့် အဖွဲ့ဖြစ်သည်။ လက်တလောတွင် အစိုးရက မြောက်ပိုင်းခုနစ်ဖွဲ့၏ စုဖွဲ့မှုကို လက်မခံသေးပေ။

Top News