အာဒမ်များနှင့် နံရိုးများ ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူး

စာရေးဆရာမ လမင်းမို မို၏ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ် သော ‘အာဒမ်များနှင့်နံရိုးများ’ ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို ဒီဇင်ဘာ ၇ ရက် နံနက်က ရွှေတိဂုံစေတီ အောင် မြေတွင် ပြုလုပ်ခဲ့သည်။

‘‘အိမ်ထောင်ရေးသင်ခန်းစာ အပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတာ လေးတွေကို အခြေခံပြီးတော့ သူ တို့အသက်အရွယ်တွေကို ယူပြီး လုပ်နိုင်တဲ့ အားနဲ့လုပ်ရတာပေါ့။ ဒီမှာကဖောက်ပြန်ကြတာ မဟုတ် ဘူး၊ လွတ်လွတ်လပ်လပ်ပေါ့။ စိတ်ဖိစီးမှုရှိတဲ့အခါ ထွက်ပေါက် ရှာချင်ကြရင် ခွင့်တောင်းတယ်။ ခွင့်တောင်းလို့မရရင် ခိုးလုပ်ကြ တယ်ပေါ့။ ဟာသလည်းပါတယ်’’ ဟု ဒါရိုက်တာ ကိုဇော် (အရုဏ် ဦး) က ရိုက်ကူးမည့်ဇာတ်လမ်းပုံ စံနှင့် ပတ်သက်၍ ပြောသည်။

အဆိုပါဇာတ်ကားတွင် လူမင်း၊ မင်းမော်ကွန်း၊ ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်နှင့် မိုးဟေကိုတို့ ပါဝင်မည်ဖြစ်သည်။

‘‘အိမ်ထောင်တစ်ခုမှာ ယောက်ျားတစ်ယောက်သည် မ ဆိုးဘူး။ သစ္စာလည်းမဖောက်ဘူး။ မိန်းမတစ်ယောက်ကလည်း မဆိုး ဘူး။ ဆိုးဆိုးရွားရွားပြစ်ချက်မရှိ ဘူး ဆိုရင်တောင်မှ မိသားစုနှစ်စု ကလာတဲ့ လူနှစ်ယောက်၊ အခြေခံ  မတူတဲ့ လူနှစ်ယောက်ပေါင်းစပ် ထားတာဖြစ်တဲ့အတွက် ပဋိပက္ခ လေးတွေ ဖြစ်တတ်တယ်ဆိုတာ ကို အခြေခံထားတာပါ။ နှစ်ဦးနှစ် ဖက်ကောင်းပြီးသား အိမ်ထောင် ရေးတစ်ခုမှာ နားလည်မှုလေးနဲ့ ပွင့်လင်းမှုလေး ဒါလေးတွေလို တယ်။ မိန်းမတွေဘက်ကလည်းပဲ တစ်ခါတလေ ယောက်ျားတွေကို သဝန်တိုတယ်။ နားလည်မှုမပေး ဘူး။ ဒါမျိုးလေးတွေရှိတယ်။ ယောက်ျားတွေကလည်းပဲ မိန်းမ ကသဝန်တိုတဲ့အခါမှာ၊ ချုပ်ချယ် တဲ့အခါမှာ ခိုးလုပ်တာတို့၊ လျှို့ ဝှက်ထားတာတို့ရှိတယ်။ တစ် ယောက်နဲ့တစ်ယောက် မပွင့်လင်းမှု၊ သဘောထားမကြီးမှုတွေကနေ ဖြစ်လာတဲ့ ပြဿနာလေးတွေ ပေါ့။ တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးပြန်ဖြေရှင်းပြီး နား လည်သွားတဲ့အချိန်မှာ ပျော်စရာ လေးဖြစ်သွားတယ်ဆိုတဲ့ ပုံစံလေးပါ’’ ဟု စာရေးဆရာ မလမင်းမိုမို ကပြောသည်။

အာဒမ်များနှင့် နံရုံးများ ရုပ် ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၇ ရက် က စတင်ပြီး ရန်ကုန်နှင့်ငွေဆောင် တွင် ရိုက်ကူးမည်ဖြစ်သည်။

Top News