ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်လက်ခံရေး ၂၀၁၈ ဇန်နဝါရီတွင် စတင်မည်

 နှစ်နိုင်ငံသဘော တူညီချက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ရောက်ရှိနေသော ဒုက္ခသည်များကို လာမည့် ၂၀၁၈ ဇန်နဝါရီတွင် လက်ခံရေးစတင် ဆောင်ရွက်မည်ဖြစ်သည်။

‘‘နှစ်နိုင်ငံနဲ့ Working Groupလုပ်ငန်းကော်မတီဖွဲ့ရမယ်။ သုံး ပတ်အတွင်းဆိုတော့ မကြာခင် ပြီးအောင် ဖွဲ့ရမယ်။ ဖွဲ့ပြီးတာနဲ့ နှစ်လအတွင်းမှာ လက်ခံရေးကို စမယ်’’ဟု ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးစီမံကိန်း (UEHRD) ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတကာသံတမန်များကို ရှင်းလင်းပြောကြားမှုအပြီးတွင် မီဒီယာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်း  မြတ်အေးက ပြန်လည်ဖြေကြား သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက် က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက် ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။  

သဘောတူညီချက်အရ ယခုလာမည့်တစ်ပတ်တွင် ကော်မတီကို  အပြီးဖွဲ့စည်းရမည်ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီတွင် လက်ခံရေး ကိစ္စရပ်များ စတင်ဆောင်ရွက် မည်ဖြစ်သည်။

‘‘ပြန်လည်လက်ခံတာနဲ့ လူ သားချင်းစာနာထောက်ထားတာ နံပါတ် (၁)ပေါ့။ ပြန်လည်ထူ ထောင်ရေးက နံပါတ်။ နောက်တစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေ ရှည်ပဋိပက္ခကင်းဝေးရေးဆိုတဲ့ ရည်ရွယ်ချက်သုံးခုရှိပါတယ်’’ဟု ဒေါက်တာဝင်းမြတ်အေးက ပြော သည်။  ပြန်လည်လက်ခံရေးအ တွက် ၁၉၉၃ သဘောတူညီချက် များနှင့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေပါအချက်များအတိုင်း စစ် ဆေးဆောင်ရွက်မည်ဟု ဒေါက် တာ ဝင်းမြတ်အေးက ဆိုသည်။  ၁၉၉၃ သဘောတူညီချက်တွင် အမှန်တကယ် ပြန်လာလိုစိတ်ရှိသူဖြစ်ရမည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြောင်း သက်သေအထောက်အထားတစ်စုံတစ်ရာ ပြနိုင်သူဖြစ်ရမည် စသည့် အချက် များပါဝင်သည်။

‘‘လက်ခံရေးနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်တာကတော့ ပိုပြီးတော့ လွယ်ကူအောင် ပြန် လာတဲ့သူတွေအတွက်ကို သတ် မှတ်ထားတဲ့အချက်အလက်တွေ နဲ့လည်း ကိုက်ညီအောင် ကြိုတင် ဖြည့်ဆည်းတဲ့အနေနဲ့ ပုံစံတွေကို လူဝင်မှုကြီးကြပ်ရေးကနေ တစ် ဖက်နိုင်ငံကို ပို့တယ်။ သူတို့ဆန္ဒ ရှိမှ ပြန်လာပေါ့။ ပြန်လာချင်တဲ့ သူတွေကို သူတို့ပြန်လာချင်မှ ပြန်

လာလို့ရတယ်။ အတင်းသွားပါ ပြောလို့မရဘူး။ အတင်းပြန်လာ ပါပြောလို့မရဘူး’’ ဟု ဒေါက်တာ ဝင်းမြတ်အေးကပြောသည်။ လက်ရှိတွင် ဟိန္ဒူဘာသာ ဝင်များကို စတင်စစ်ဆေးလက်ခံဆောင်ရွက်နေပြီး ကျန်ရှိနေသော ဟိန္ဒူ ဘာသာဝင်များကိုလည်း လျှောက်လွှာ ၆၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။  စိစစ်လက်ခံရာတွင် တစ် ရက်လျှင် ၁၅၀ ဦးသာ လက်ခံ ဆောင်ရွက်မည်ဟု ပြောဆို နေမှုများသည် ယခင်အတွေ့အကြုံများအရ ပြောခဲ့ခြင်းသာဖြစ်ပြီး ယခုပြောင်းလဲကျင့်သုံးမည့် နည်း စနစ်များအရ ပိုမိုလျင်မြန်စွာ လက်ခံနိုင်မည့် အနေအထားရှိသည်ဟုလည်း ဆိုသည်။

‘‘နိုင်ငံသား ဖြစ်သင့်တဲ့သူ၊ တကယ်ဖြစ်သင့်တဲ့သူ၊ ဥပဒေနဲ့ ကိုက်ညီတဲ့သူ တကယ်ဖြစ်မှာ။ ဖြစ်သွားရင် လှုပ်ရှားသွားလာခွင့် တို့၊ တခြားအခွင့်အရေးတို့က နိုင် ငံသားနဲ့ သွားတူမယ်။ နောက်မ ဖြစ်ထိုက်တဲ့သူ ဧည့်နိုင်ငံသားဆို ရင် ဧည့်အခွင့်အရေးနဲ့ သွားညီ မယ်။ နောက် တခြားဆိုလည်း ဒီနိုင်ငံထဲမှာပဲနေတယ်ဆိုရင် တ ခြားရသင့်ရထိုက်တဲ့အခွင့်အရေး တွေ သူတို့ရမယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Top News