စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းရှိ ဟိန္ဒူ ဘာသာဝင်များ မောင်တောသို့ပြန်လည်ပြောင်းရွှေ့

မောင်တောမြို့တွင် ဟိန္ဒူဘာသာဝင်များအတွက် ယာယီတည်ဆောက်ပေးထားသည့် လူနေတန်းလျားများ (ဓာတ်ပုံ − မောင်ကံ)

 မောင်တောဒေသ တွင် ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ ကြသည့် ဟိန္ဒူဘာသာဝင်ငါးရာ ကျော်သည် နေရပ်သို့ ပြန်လည် ပြောင်းရွှေ့ကြပြီဖြစ်၍ စစ်တွေ မြို့ရှိ ကယ်ဆယ်ရေးစခန်းများ အားလုံးကို ပိတ်သိမ်းလိုက်ပြီဟု လူမှုကူညီရေးအဖွဲ့များမှ တာဝန် ရှိသူများက ပြောသည်။

စစ်တွေမြို့ ကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် မိသားစုများ သည် ဒီဇင်ဘာ ၃ ရက်ကစတင် ကာ မောင်တောမြို့ မြို့မကညင် တန်းရှိ ယာယီဆောက်လုပ်ထား သော တန်းလျားများတွင် နေထိုင် နေကြကြောင်း ဟိန္ဒူလူမှုကူညီ ရေးအဖွဲ့ခေါင်းဆောင် ဦးနီမောလ်က ပြောသည်။ အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မောင်တောဒေသခံ တစ်သောင်းကျော်ကို စစ်တွေမြို့တွင် ကယ် ဆယ်ရေးစခန်း ၂၀ ကျော်ဖွင့်လှစ်၍ လက်ခံခဲ့သည်။ မောင်တောဒေသ အခြေအနေတည်ငြိမ်မှု ရရှိလာပြီးနောက် စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းများရှိ မောင်တောဒေသခံများသည် နေရပ်သို့ ပြန်လည်ထွက်ခွာခဲ့ကြရာ ဟိန္ဒူဘာသာဝင်များသည် နောက်ဆုံး နေရပ်ပြန်သည့် အဖွဲ့များဖြစ်သည်။

‘‘စစ်တွေမြို့ ဓညဝတီကယ် ဆယ်ရေးစခန်းမှာရှိတဲ့ ဟိန္ဒူဘာ သာဝင် ငါးရာကျော်ဟာ မောင် တောမှာ ဆောက်ထားတဲ့ ယာယီ တန်းလျားတွေကို ရောက်ရှိနေ ထိုင်နေကြပြီဖြစ်ပါတယ်။ စား နပ်ရိက္ခာနဲ့ သောက်သုံးရေ အတွက် သက်ဆိုင်ရာတွေက စီ စဉ်ပေးထားတာတွေ့ရပါတယ်’’ ဟု ဦးနီမောလ်က ပြောသည်။

ဒုက္ခသည် ဟိန္ဒူဘာသာဝင် များ ယာယီနေထိုင်နိုင်ရေး တန်း လျားနှစ်ဆယ်ကျော်ကို အစိုးရက မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအနီး တွင် တည်ဆောက်ပေးခဲ့ပြီး သောက်သုံးရေရရှိရေး ယာယီ ရေကန်များကို ပြုလုပ်ပေးထား ကြောင်း မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

စစ်တွေမြို့မှ မောင်တောမြို့ သို့ ပြန်လာကြသည့် ဟိန္ဒူဘာ သာဝင်မိသားစုများကို အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော် မတီက တစ်ဦးလျှင် ကျပ် လေးသောင်းစီ ထောက်ပံ့ပေးခဲ့ ကြောင်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။