အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း တူးဖော်တွေ့ရှိသည့် ကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ပေး

မကွေးမြို့နယ် ပေပင် စမ်းကျေးရွာတွင် တွေ့ရှိခဲ့သည့်  ပေတစ်ရာကျော်အရှည်ရှိ အင် ကြင်းကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့သည့် ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ကြောင်း မကွေးတိုင်းသယံဇာတ ၀န်ကြီး ဦးမြင့်ဇော်ကပြောသည်။

အဆိုပါ အင်ကြင်းကျောက် နှင့်ပတ်သက်၍ လုပ်ငန်းများဆက် လက်ဆောင်ရွက်ခွင့် ရရှိသည့် Tree Jade ကုမ္ပဏီသည် ပြည် ထောင်စု အစိုးရထံ သတ်မှတ် ထားသည့် အခွန်များပေးဆောင် ထားကြောင်း၊ ထို့ကြောင့် ပြည် ထောင်စုအစိုးရ၏ ခွင့်ပြုချက်အ တိုင်း ဆက်လက်လုပ်ဆောင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက်က မကွေးတိုင်းဝန်ကြီးချုပ်ရုံးခန်းတွင် ၀န်ကြီးကမီဒီယာများနှင့်တွေ့ဆုံစဉ်ပြောသည်။

‘‘ပြည်ထောင်စုအစိုးရရဲ့ ခွင့် ပြုချက်ရပြီးသားဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းအစိုးရအနေနဲ့ ကုမ္ပဏီကိုဆက်လက်လုပ်ဆောင် ခွင့်ပေးမှာပါ။ ဒါပေမဲ့ တိုင်းဖွံ့ဖြိုး ရေးအတွက် လိုအပ်တဲ့အခွန် ကောက်ခံသွားဖို့ တိုင်းအခွန်ရဲ့ သတ်မှတ်မှုတွေကို ရယူပါ့မယ်။ နောက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းတွေ လုပ်ဆောင်ပေးဖို့ကို လည်း ညှိနှိုင်းလုပ်ဆောင်သွား မယ်’’ ဟု ၀န်ကြီးဦးမြင့်ဇော်က ပြောသည်။

Tree Jade ကုမ္ပဏီပိုင်ရှင် ဦးမင်းရွှေက အဆိုပါ အင်ကြင်း ကျောက်ကို နွားထိုးကြီးမြို့တွင်ရှိ သည့် ၎င်း၏အင်ကြင်းကျောက် သားဥယျာဉ်၌ ထားရှိမည်ဖြစ် ပြီး ဆက်လက်လုပ်ဆောင်ရန် မစဉ်းစားရသေးကြောင်း ပြော ကြားသည်။

  လက်ရှိတွင်  အင်ကြင်း ကျောက်တစ်တန်လျှင် ကန်ဒေါ် လာ ၃,၃၀၀ ပျမ်းမျှတန်ဖိုးရှိ ကြောင်း ၎င်းကပြောသည်။

အင်ကြင်းကျောက်တူးဖော် ရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ် ငန်းလိုင်စင်ကို ခြောက်လတစ် ကြိမ် ပေးအပ်ပြီး ၎င်းတို့ကုမ္ပဏီ အနေဖြင့် ၂၀၁၈ ဇန်န၀ါရီအထိ လိုင်စင်သက်တမ်းရှိသည်ဟု ဘူမိဗေဒပညာရှင်လည်းဖြစ်သူ ဦးမင်း ရွှေကပြောသည်။

အဆိုပါ အင်ကြင်းကျောက် ကို မကွေးတိုင်းအစိုးရက အမှတ် တရထိန်းသိမ်းထားမည်ဆိုလျှင် လက်ခံကြောင်း၊ ပြည်ပပို့မည်ဆို ပါက ပေပင်စမ်းကျေးရွာအုပ်စု ခုနစ်ရွာမှ ဒေသခံများက ကန့် ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း ပေပင်စမ်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးကျော်ငွေက ပြောသည်။

အင်ကြင်းကျောက် တွေ့ရှိ သည့်နေရာတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က Tree Jade ကုမ္ပဏီက စတင်တူးဖော်သော်လည်း အရည်အသွေးမပြည့်မီသည့် ကျောက် များသာတွေ့ရှိခဲ့ကြောင်း၊ ၂၀၁၆ နိုဝင်ဘာအတွင်း အဆိုပါ အင် ကြင်းကျောက်ကြီးကို တွေ့ရှိခဲ့ ကြောင်း Tree Jade ကုမ္ပဏီပိုင် ရှင် ဦးမင်းရွှေက ပြောကြားထား သည်။

အင်ကြင်းကျောက်ကြီးသည် လက်ရှိ တူးဖော်ပြီးသလောက် တွင် အလျားပေ ၁၂၀ ရှိပြီး အဖျားပိုင်းကို ဆက်လက် တူးဖော်ရန် ကျန်ရှိနေသည် ဟု ဒေသခံများက ပြောသည်။