ဗိုလ်ချုပ်၏ ရှားပါးလက်ရေးမူများ ပါဝင်သော ‘ဦးအောင်ဆန်း၏ စစ်သားဘဝ’ စာအုပ်ထွက်ရှိလာ

 ဗိုလ်ချုပ်အောင်ဆန်း၏ ပထမဆုံးသော ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ယူခဲ့သော ဗိုလ်မှူး ချုပ်(ဟောင်း) မောင်မောင်ရေး သားထားသည့် ‘ဦးအောင်ဆန်း ၏ စစ်သားဘဝ’ U Aung San- His Military Life စာအုပ်ကို စည် သူကျော်က ဘာသာပြန်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရန်ကုန်လမ်းမများ စာအုပ်တိုက်က ထုတ်ဝေသည်။

အဆိုပါစာအုပ်ထဲတွင် ဗိုလ် ချုပ်အောင်ဆန်းက ဗိုလ်မှူးချုပ် (ဟောင်း) မောင်မောင်ထံသို့ အသေးစိတ် ညွှန်ကြားချက်ပေးသည့် ဗိုလ်ချုပ်၏ ရှားပါးလက်ရေးမူများပါဝင်ကြောင်း ဘာသာပြန်ဆိုသူ စည်သူကျော်က ပြောသည်။

‘‘ဗိုလ်ချုပ်က ဗိုလ်မှူးချုပ် (ဟောင်း) ကို ဘယ်နေ့မှာ ဘယ် အစည်းအဝေးရှိတယ်ဆိုတဲ့ အကြောင်းတွေ၊၊ ညွှန်ကြားစာတွေကို ဗိုလ်ချုပ်ရဲ့ လက်ရေးမူနဲ့ပေးပို့ထားတာတွေပါတယ်’’ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးချုပ် (ဟောင်း)မောင်မောင်သည် ၁၉၄၂-၄၅ တွင်ဗိုလ်ချုပ်အောင်ဆန်း၏  ပထမဆုံး ကိုယ်ရေးအရာရှိဖြစ်ပြီး ပထမဆုံး တပ်မတော်လေ့ကျင့်ရေး ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။

‘‘အခု ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးတော့မယ်ဆိုတဲ့ အချိန်မှာ ဒီစာအုပ်က လိုနေတဲ့ ကွက်လပ်တချို့ကို တစ်ထောင့် တစ်နေရာက ဖြည့်စွက်ပေးနိုင်ပါ လိမ့်မယ်’’ဟု ၎င်းကပြောသည်။

ဗိုလ်မှူးချုပ် (ဟောင်း) မောင်မောင်သည်  ၁၉၅၈-၆၀ အိမ်စောင့်အစိုးရ ခေတ်တွင် အဓိကဦးဆောင်ပါဝင်သူဖြစ်ပြီး တပ်မှ ဖယ်ထုတ်ခံရပြီးနောက်အစ္စ ရေး၊ ယူဂိုဆလားဗီးယား၊ အင်ဒို နီးရှား၊ သြစတြေးလျ စသည့် နိုင်ငံများတွင် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

အဆိုပါစာအုပ်တွင် ဗိုလ် မှူးချုပ်(ဟောင်း) မောင်မောင်က ဗိုလ်ချုပ်နှင့် တာဝန်ထမ်းဆောင် စဉ်က ဖြတ်သန်းခဲ့သည့် အတွေ့ အကြုံများ ရေးသားထား ကြောင်း ဘာသာပြန်သူက ဆို သည်။

‘‘ဗိုလ်ချုပ်သည် အဝတ် အစားအနည်းငယ်သာ ယူဆောင် လာပြီး ရုံးပိုင်းဆိုင်ရာ ပစ္စည်း ပစ္စယ အနည်းအကျဉ်းကိုပင် ယူ မလာခဲ့ပါ။ ဗိုလ်ချုပ်မှာ ထိုတစ် လျှောက်လုံး သူ၏တစ်တည် တည်းသော စစ်ဘောင်းဘီကိုသာ ဝတ်ဆင်၍ ကျွန်တော်တို့ မြစ် ကြောင်းအတိုင်း လှေဖြင့်သွားရာ တွင်လည်း ထိုအတိုင်းပင် အိပ် စက်လိုက်ပါလာပါသည်။ ထို့ နောက် ကားဖြင့်ပြောင်းရွှေ့ ခရီး ဆက်ရမည် ဆိုလျှင်လည်း ဘောင်းဘီကို တခုတ်တရချွတ်လဲ မနေတော့ဘဲ ချည်လုံချည်ကို အပေါ်မှ ထပ်ဝတ်လိုက်ရုံသာဖြစ် ပါသည်’’ဟူ၍ ရေးသားထား သည်။

စာအုပ်ထဲတွင် ‘‘သူသည် (ဗိုလ်ချုပ်သည်) မည်သည့်ရာထူး အဆင့်အတန်း တံဆိပ်မှမပါ သည့် စစ်စိမ်းရောင်အင်္ကျီကိုသာ ဝတ်ဆင်ထားလေ့ရှိပြီး ကျွန်တော် တို့ လုံးဝအံ့အားသင့် တုန်လှုပ် ရသည်မှာ တိုက်ပွဲများ စတင်ဖြစ် ပွားနေသည့် အစောပိုင်းအချိန် များကတည်းက စစ်ဘောင်းဘီကို မဝတ်တော့ဘဲ ချည်လုံချည်နှင့် ခြေညှပ်ဖိနပ်ကိုသာ ဝတ်ဆင်ခဲ့ ခြင်းပင်ဖြစ်ပါသည်။ သူသည် တိုက်ပွဲများတွင် ကိုယ်တိုင်ပါဝင် တိုက်ခိုက်နေသည့် စစ်သည်တော် တစ်ဦးမဟုတ်ခဲ့သည်အတွက် ဗမာပြည်၏ ပထမဆုံး အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့ကိုလည်း လေလုံးထွား ဟန်များစွာဖြင့် အမိန့်မပေးခဲ့ပါ’’ဟု ဖော်ပြထား သည်။

ဗိုလ်မှူးချုပ် (ဟောင်း) မောင်မောင်သည် ဗိုလ်ချုပ်၏ ပထမဆုံး ကိုယ်ရေးအရာရှိဖြစ် သည့်အချက်ကို မြန်မာ့သမိုင်း တွင် ဖျောက်ဖျက်ခံထားရကြောင်း ဘာသာပြန်သူက ပြောသည်။

မြန်မာ့နိုင်ငံရေး လောက တွင် ဗိုလ်ချုပ်၏ ကိုယ်ရေးအရာရှိ သည် ဗိုလ်ထွန်းလှဟု လူသိများ ပြီး ၎င်းရေးသားသော ဗိုလ်ချုပ် အတ္ထုပ္ပတ္တိစာအုပ်များ ရှိခဲ့သည်။

    အဆိုပါစာအုပ်တွင် မြန်မာ−  အင်္ဂလိပ် နှစ်ဘာသာဖြင့် စာမျက်နှာ ၁၇၀ ကျော် ပါဝင်ပြီး တန်ဖိုးကျပ် ၃,၀၀၀ ဖြစ်သည်။

More in Politics Section