မဲဆန္ဒရှင်များက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ကျေးရွာသို့ လာရောက်ရန် ဖိတ်ခေါ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် (ဓာတ်ပုံ − Yinmin Hlaing ဖေ့စ်ဘွတ်ခ်)

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ မောက်ရွာမဲဆန္ဒ ရှင်ပြည်သူများက ၎င်းတို့ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ယဉ်မင်းလှိုင်ကို ဒီဇင်ဘာ ၁၀ ရက် တွင် ရွာသို့လာရောက်ရန် ဖိတ် ခေါ်ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကို ဖိတ်ခေါ်သည့်အကြောင်းကြားစာတွင် မောက်ရွာမဲဆန္ဒရှင်များက လူကြီးမင်း (လွှတ်တော်ကိုယ်စားလှယ်) များနှင့် အရေးကြီးတွေ့ဆုံဆွေး နွေးစရာများရှိပါ၍ ရွာသို့ ဒီဇင်ဘာ၁၀ ရက် မွန်းလွဲ ၁၂ နာရီအရောက်ကြွရောက်ပေးရန် လေးစားစွာ ဖိတ်ခေါ်ကြောင်း ဖော်ပြထား သည်။

‘‘အရင်တုန်းက စာနဲ့ဘာနဲ့ ဖိတ်လေ့မရှိဘူး။ အခုဟာက အရမ်းဒေါသဖြစ်လာလို့ ထင် တယ်။ (ဘယ်လိုအကြောင်းအရာ လဲဆိုတာ) သိတော့သိတယ်။ ပြောလို့မကောင်းဘူး’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ယဉ်မင်းလှိုင်က ပြောသည်။

မောက်ရွာနှင့် အနီးအနားရှိ ကျေးရွာတစ်ရွာအကြား အဆင်မ ပြေသောကြောင့် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်းနှင့် ဖိတ်ခေါ်ထား သည့်အချိန်အတိုင်း အရောက် သွားမည်ဖြစ်ကြောင်း ဒေါ်ယဉ် မင်းလှိုင်က ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကို ကျေးရွာသို့ ဖိတ်ခေါ်ရခြင်းသည် ရွာနီးချင်းလက်ပန်ရွာနှင့် ကျောင်းကိစ္စအငြင်းပွားမှုနှင့် သက်ဆိုင် သည်ဟု ယူဆကြောင်း မောက်ရွာနေ ဦးကျော်ပိုင်က ပြောသည်။

‘‘စာစစ်ဌာနရဖို့ နှစ်ရွာအ ပြိုင်လုနေတဲ့သဘောပေါ့။ ကျွန် တော်တို့ရွာကတော့ ရွာကြီးဆို တော့ ရချင်တာပေါ့ဗျာ’’ဟု ၎င်းက ဆိုသည်။

မောက်ရွာသည် ယခုနှစ်တွင် အခြေခံပညာအထက်တန်း ကျောင်းဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ရွာနီး ချင်းလက်ပံရွာ၌ ယောဆရာ တော်ကြီး ဖောင်ဒေးရှင်း၊ ဆရာ တော် ရှင်ဆန္ဒာဓိကဖောင်ဒေးရှင်း ကျောင်းများရှိနေ၍ ယင်းကျေး  ရွာနှစ်ရွာသည် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနရရှိရေး အပြိုင်ကြိုးစားနေကြောင်း ဦးကျော်ပိုင်က ပြောသည်။

ဂန့်ဂေါမြို့နယ် မဲဆန္ဒနယ် တွင် ကျေးရွာပေါင်း ၁၁၃ ရွာရှိပြီး မောက်ရွာသည် အိမ်ခြေများ သည့် ရွာကြီးဖြစ်၍ တစ်နှစ်လျှင် အနည်းဆုံးနှစ်ခေါက်သွားရောက် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် က ပြောသည်။

‘‘အခုကိစ္စက နိုင်ငံရေးတွေ၊ ဘာတွေနဲ့ မဆိုင်ဘူး။ ရွာအချင်း ချင်းကြားမှာ မသင့်တင့်တာပေါ့။ သူတို့စိတ်ထဲမှာ အပူတပြင်းဖြေ ရှင်းပေးစေချင်တာ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဂန့်ဂေါမြို့နယ်တွင် ကျေး ရွာများသည် လွှတ်တော်ကိုယ်စား လှယ်များလာရောက်ပါက ဓလေ့ အရ ထမင်းကျွေးလေ့ရှိသဖြင့် ဖိတ်ခေါ်မှသာ သွားရောက်ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် လွှတ်တော်ရပ်နားသည့်အကြိမ်တိုင်း တစ်ကြိမ် လျှင် အနည်းဆုံးကျေးရွာ ၂၅ ရွာ သို့ သွားရောက်လေ့ရှိကြောင်း ၎င်းက ပြောသည်။

More in Politics Section