ပါတီတည်ထောင်ပြီးနောက် ပထမဆုံးအကြိမ် စီအီးစီအစည်းအဝေး ALD ကျင်းပမည်

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ALD) က ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ ပထမအ ကြိမ် အစည်းအဝေးနှင့် ပါတီရေး ရာ ကော်မတီများ ဖွဲ့စည်းမှုကို ဒီဇင်ဘာ ၂၃ ရက်တွင် တောင် ကုတ်မြို့၌ စတင်ပြုလုပ်မည်ဖြစ် ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

‘‘ပါတီမှတ်ပုံတင်ကျပေမယ့် လည်း ဒီအတောအတွင်းက ရခိုင် ပြည်နယ်တွင်း အခြေအနေတွေ ကြောင့် ပါတီလုပ်ငန်းစဉ်တွေ ဖြည်းဖြည်းသွားနေရတဲ့သဘော ရှိပါတယ်။ အစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အစည်းအ ဝေး၊ နောက် ဗဟိုကော်မတီအ စည်းအဝေးရှိမယ်။ နောက်နေ့မှာ ပါတီဗဟိုအဖွဲ့ရုံးဖွင့်ပွဲ လုပ်မှာ ပေါ့’’ဟု ဦးမျိုးကျော်က ဒီဇင်ဘာ ၇ ရက်တွင် ပြောသည်။

အစည်းအဝေးသို့ ပါတီအ ခြေစိုက်ရာ မြို့နယ်များမှ တစ်မြို့ လျှင် ငါးဦးနှုန်း တက်ရောက်ဆွေး နွေးမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

 ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီး တွင် လိုအပ်သည့် ရေးရာကော် မတီများ စတင်ဖွဲ့စည်းကာ အထူး သဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၏မူဝါဒအရ လူငယ်၊ အမျိုးသမီး ရေးရာနှင့် လယ်သမားများဆိုင် ရာ ရေးရာကော်မတီများ ဦးစားပေးဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

ALD ပါတီသည် ၂၀၁၀ အ ထွေထွေရွေးကောက်ပွဲအပြီးတွင် ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီ(RNDP)နှင့်ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ(ANP)အ ဖြစ် တည်ထောင်ပြီးနောက် ယင်း ပါတီမှ ထုတ်ပယ်ခံရသူအများစု က ပါတီသီးခြားထူထောင်ခွင့်ပြု ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားရာ ရွေးကောက်ပွဲကော်မရှင်က ALD ပါတီမှတ်ပုံတင်ခွင့်ကို ဇူလိုင် ၁၈ ရက်တွင် ခွင့်ပြုခဲ့သည်။ လက်ရှိ တွင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်ထုမေအပါအဝင် ALD ပါတီဝင်ဟောင်းအချို့သည် ANP မှ နုတ်ထွက်၍ ALD သို့ ပူးပေါင်းခဲ့သည်။

လက်ရှိတွင် ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ်၌ ပါတီဝင်အင်အား ၃,၀၀၀ ကျော်ရှိရာ ဝင်ခွင့်လျှောက် လွှာတင်၍ ပြန်လည် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိကြောင်း ဦးမျိုးကျော်က ပြောကြားသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် သည် ၁၉၉၀ ရွေးကောက်ပွဲ၌ ပြည်နယ်အတွင်း  မဲအများဆုံး အနိုင်ရရှိသည့် ပါတီလည်းဖြစ် သည်။

More in Politics Section