ရုပ်ရှင်အကြိုခံစားခြင်း

PRISON PLAYBOOK

- ဒီနေ့တော့ ပရိသတ်တွေကို ထောင်တွင်း ဇာတ်လမ်းစုံကို ရိုက်ကူးပုံဖော်ထားတဲ့ တောင်ကိုရီးယား ဒရာမာဇာတ်လမ်းတွဲလေးအကြောင်း ဖော်ပြလိုက်ပါတယ်။

 ကင်ဂျယ်ဟော့ဟာ စူပါစတားဘေ့စ်ဘော ကစားသမား တစ်ဦးဖြစ်ပြီး အအောင်မြင်ဆုံး အချိန်ရောက်နေခါမှ အက်ဆီးဒင့် တစ်ခုကြောင့် တစ်ညအတွင်းမှာ ပဲ ထောင်နန်းစံဖို့  ဖြစ်လာခဲ့ပါ တယ်။

လီဂျွန်ဟိုက အကျဉ်းထောင်ဝန်ထမ်းဖြစ်ပြီး   ဘေ့စ်ဘော ၀ါသနာအိုးတစ်ဦးလည်း  ဖြစ်ပါ တယ်။

 ဘေ့စ်ဘော စူပါစတား ဂျယ်ဟော့ သူတာဝန်ထမ်းဆောင် နေတဲ့ထောင်ကို ရောက်လာတဲ့ သတင်းကြားအပြီးမှာတော့ လီ ဂျွန်ဟိုအဖို့ စိတ်လှုပ်ရှားဆုံးအ ချိန်တွေဖြတ်သန်းရင်း ဂျယ်ဟော့နဲ့ပတ်သက်တဲ့ အကြောင်းတွေကို အကုန်သိနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။

ထောင်ထဲရောက်သွားတဲ့ ဂျယ်ဟော့အဖို့ တစ်သက်မှာ တစ်ခါမှမကြုံဖူးတဲ့ အခြေအနေအရပ် ရပ်နဲ့ ရင်ဆိုင်ရသလို ထောင်ထဲကလူ  အများကြီးနဲ့ တွေ့ဆုံသိ ကျွမ်းရင်း အတွေ့အကြုံအသစ် တွေ မရိုးနိုင်အောင်ရခဲ့ပါတော့တယ်။

ထောင်အတွင်းက ပြဿနာတွေ၊ ကမောက်ကမတွေ၊ အလွဲတွေကြားမှာ ကျော်ကြားသူတစ်ဦး ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမယ်ဆိုတာကို ဇာတ်လမ်းအပိုင်း လိုက် စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေနဲ့ တင်ဆက်ထားတာမို့ ပရိသတ်အကြိုက်တွေ့မယ်ထင်ပါတယ်။

tvN ရုပ်သံလိုင်းကနေ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့ ည ၉ နာရီခွဲမှာ ထုတ်လွှင့်ပြသနေပြီး အပိုင်း ၁၆ ပိုင်းရှုစားရမယ့် ဒီဇာတ်ကားလေးမှာ Park Hae-soo၊ Jung Kyung-ho၊ Sung Dong-il၊ Krystal Jung၊ Kang Seung-yoon၊ Choi Sung-won စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတာပါ။