မြောင်းမြမြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့နယ် တောင်ကလေး ကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက် ညနေက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
 

ဖြစ်စဉ်တွင် အသက် (၁၀) နှစ်အရွယ်ကလေးငယ်(ယောင်္ကျားလေး)တစ်ဦး၊ အသက်(၃၃)နှစ်နှင့် (၆၀)နှစ် အရွယ်အမျိုးသမီးနှစ်ဦးတို့သည် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ (၃၃)နှစ်အရွယ်အမျိုးသမီး၏ ခင်ပွန်းပျောက်ဆုံးနေ၍ ၎င်းကို ရှာဖွေတွေ့ရှိနိုင်ရေးနှင့် တရားခံကို အမြန်စုံစမ်းဖော်ထုတ်ဖမ်းဆီး နိုင်ရေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

More in News Section