တိုက်ပွဲကြောင့် နမ္မတူမြို့နယ် ကျေးရွာများရှိ ဆရာ၊ ဆရာမ ၃၀ ဦး မြို့ပေါ်သို့ တိမ်းရှောင်

 ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ် ပွားမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဆရာ၊ဆရာမ ၃၀ ဦး မြို့ပေါ်သို့ တိမ်းရှောင် ရောက်ရှိနေကြောင်း နမ္မတူစစ် ရှောင်ကူညီကယ်ဆယ်ရေးကော် မတီ အတွင်းရေးမှူး ဦးအောင် ဆန်းမြင့်က ပြောသည်။
 


တအာင်းလက်နက်ကိုင်အ ဖွဲ့ (TNLA) နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) တို့သည် ဒီဇင် ဘာ ၅ ရက်တွင် နမ္မတူမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အလား တူတပ်မတော်နှင့် TNLA တို့လည်း ဒီဇင်ဘာ ၆ ရက် နံနက်တွင် နမ္မတူမြို့နယ် ဟိုနားကျေးရွာ အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှု များကြောင့် မြို့နယ်ပညာရေးမှူး အစီအစဉ်ဖြင့် ဆရာ၊ ဆရာမများ ကို မြို့ပေါ်သို့ ခေါ်ယူခဲ့ကြောင်း ဦးအောင်ဆန်းမြင့်ကပြောသည်။
 ‘‘ဝန်ထမ်းဖြစ်တဲ့အတွက် ကြောင့် ဒီကမြို့နယ်ပညာရေးမှူး ကနေ ခေတ္တယာယီ လှမ်းခေါ်ထား တဲ့သဘောပါ။ ဆရာမက ၁၂ ယောက်၊ ဆရာက ၁၈ ယောက် ပါ။ ထိတွေ့မှုတွေဖြစ်မှာစိုးလို့ပါ’’ ဟု ၎င်းကဆိုသည်။
ဆရာ၊ ဆရာမများ မြို့ပေါ် သို့ တိမ်းရှောင်လာ၍ နမ္မတူမြို့ နယ် မိုင်းရင်ကျေးရွာအုပ်စုအ တွင်းရှိ ဟိုနား၊ ဝိန်းနန့်အပါအဝင် ကျေးရွာငါးရွာတွင် ကျောင်းများ ပိတ်ထားရကြောင်း ဦးအောင် ဆန်းမြင့်ကဆိုသည်။
လက်ရှိတွင် နယ်မြေ၌ စစ် ရေးလှုပ်ရှားမှုများ ပြန်လည်ငြိမ် သက်ပြီဖြစ်၍ ဆရာ၊ ဆရာမများ သည် မကြာမီမူလတာဝန်ကျရာ နေရာများသို့ သွားရောက်နိုင်မည့် အခြေအနေရှိကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ နှစ်လယ် က ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ဒေသခံများ နမ္မတူမြို့ပေါ် သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရာ လက် ရှိအချိန်ထိ လူဦးရေ ငါးရာကျော် နေရပ်မပြန်နိုင်သေးဘဲ ရှိနေသည်။
နမ္မတူမြို့နယ်အတွင်း တပ် မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိရာ မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သည်။