ဒုတိယအကြိမ် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး စတင်ထိုးနှံပေး

သားဖွားဆရာမတစ်ဦးလျှင် ကလေးဦးရေတစ်ရာသာ ကာကွယ်ဆေးထိုးနှံရန် ညွှန်ကြားထားဟုဆို
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို ကလေးတစ်ဦးအား ထိုးနှံပေးနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

 ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအခြေပြု ထိုးနှံပေးခြင်းအစီအစဉ်ကို ဒီဇင် ဘာ ၁၁ ရက်က စတင်ခဲ့ပြီး အ သက် ကိုးလမှ (၁၅)နှစ်အရွယ် ကလေးများအား ထိုးနှံပေးနေသည်။

ယင်းအစီအစဉ်ကို ဒီဇင် ဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ဆယ်ရက်ကြာ ဆောင်ရွက်မည် ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၊ ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်း စသည့် ကာကွယ်ဆေးထိုးစုရပ် များတွင် ကလေးများအား ထိုးနှံပေးမည်ဖြစ်သည်။


ယခုအစီအစဉ်တွင် အသက် ကိုးလမှ (၅)နှစ်အောက်ကလေး များ၊ အသက် (၁၅) နှစ်အောက် ကျောင်းမနေသော ကလေးများ နှင့် ပထမအကြိမ် ကျောင်းအခြေ ပြု ကာကွယ်ဆေးထိုးအစီအစဉ် တွင် အကြောင်းအမျိုးမျိုးကြောင့် မထိုးလိုက်ရသည့် ကလေးများ လည်း ပါဝင်ထိုးနှံရမည်ဖြစ်သည်။

‘‘နေမကောင်းလို့ လာမထိုး တဲ့ ကလေးတွေကလွဲရင် အကုန် လုံးလာထိုးကြပါတယ်။ ဒီနေ့ထိုး တာမှာလည်း အဆင်ပြေပါတယ်။ မူးမော်တဲ့ကလေးတွေ ဘာတွေ လည်းမရှိပါဘူး’’ ဟု ကမာရွတ်မြို့ နယ် အခြေပြုကာကွယ်ဆေးထိုးနှံပေးသည့် သားဖွားဆရာမဒေါ်လဲ့ လဲ့ကျော်က ပြောသည်။

ထိုးနှံရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သား ဖွားဆရာမ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ ကြီးကြပ်(၂) အပါ အ၀င် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ် ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မီး သတ်တပ်ဖွဲ့ဝင်များ အပါအ၀င် အခြားစေတနာ့ဝန်ထမ်းများ ပူး ပေါင်းပါဝင်သည်။ ကာကွယ်ဆေးထိုးစုရပ်၌ ကာကွယ်ဆေးထိုးနှံခြင်းကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက် သည်။

 နိုင်ငံတော်အစိုးရအနေဖြင့် ဂျပန်ဦးနှောက်ရောင် ကာကွယ် ဆေး ထိုးနှံခြင်းအစီအစဉ်တွင် ကျောင်းအခြေပြုအဖြစ် ကျောင်း များနှင့် လူထုအခြေပြုအဖြစ် ရပ် ကွက်၊ ကျေးရွာများရှိ ကလေးငယ် ၁၄ သန်းကို ထိုးနှံပေးမည်ဖြစ် သည်။ ကျောင်းအခြေပြုအဖြစ် ကျောင်းများရှိ ကလေးငယ် ရှစ် သန်းခန့်ကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ထိုးနှံပေးခဲ့ပြီး ယခု လူထုအခြေပြုအဖြစ် ကျန်နေ သည့် ကလေးငယ် ငါးသန်းခန့်အား ဒီဇင်ဘာ ၁၁ ရက်က စတင် ထိုးနှံသည်။

‘‘ဒီဆေးက တစ်ကြိမ်တည်း ထိုးရုံနဲ့ပဲ တစ်သက်လုံး ကာကွယ် တဲ့ဆေးပါ။ ဆိုးကျိုးအနည်းဆုံး ဆေးပါ။ ကျွန်မတို့က နောက်ပိုင်း မှာ ဒီဆေးကို ကိုးလကလေးတွေ ကိုပဲ ထိုးပေးတော့မှာဆိုတဲ့အခါ ကျတော့ အခုကျန်ခဲ့တဲ့ ကလေး တွေက အခုချိန်မှ မထိုးလို့ရှိရင် သူတို့အတွက် အခွင့်အရေးမရှိ တော့ဘူး။ ဒါကြောင့် အခွင့်အရေး လေးရှိတုန်းကို သူတို့ရဲ့အခွင့်အ ရေးကို အပြည့်အ၀ရထားဖို့ လို တာပေါ့နော်။ နောက်တစ်ခုက ဆိုးကျိုးလည်း နည်းတဲ့အတွက် ကြောင့် လာထိုးကြပါလို့ပြောချင် ပါတယ်’’ဟု ကမာရွတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက် တာ သင်းသင်းနိုင်ကပြောသည်။

ဒုတိယအကြိမ် လူထုအခြေ ပြု ကာကွယ်ဆေးထိုးအစီအစဉ် တွင် ဆေးထိုးစုရပ်အသီးသီး၌ သားဖွားဆရာမတစ်ဦးလျှင် က လေးဦးရေ တစ်ရာသာ ကာကွယ် ဆေးထိုးနှံရန် ညွှန်ကြားထားခြင်း၊ ကလေးငယ်ကို အစာစားလာရန် နှင့် ကလေးငယ်နှင့်အတူ မိဘများ ကာကွယ်ဆေးထိုးစုရပ်သို့ လာရောက်ရန် အသိပေးကြေညာ ခြင်းတို့ ဆောင်ရွက်နေသည်။

ပထမအကြိမ် ကျောင်းအ ခြေပြု ဂျပန်ဦးနှောက်ရောင်ကာ ကွယ်ဆေးထိုးအစီအစဉ်တွင် က လေးငယ်ငါးဦး သေဆုံးပြီး သေ ဆုံးသူများသည် အခြားရောဂါအခံများကြောင့် သေဆုံးခြင်းဖြစ် ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန တာဝန်ရှိသူများ က ပြောကြားထားသည်။

 ‘‘ပထမအတွေ့အကြုံမှာ ကြောက်ရွံ့မှုရှိလို့ လုပ်ရကိုင်ရ ခက်မယ်ထင်တာ။ လက်တွေ့ လိုက်ကြည့်တော့ တော်တော်အ ဆင်ပြေပါတယ်။ ဆရာတို့တောင် အဲဒီလောက် အဆင်ပြေမယ် မ ထင်ထားဘူးပေါ့နော်။ မူးတဲ့ ကလေးဆို နှစ်ယောက်လောက်ပဲ တွေ့ရတယ်။ ထိုးချင်တဲ့ကလေး တွေလည်း များပါတယ်။ နောက် ဆုံးထွက်လာရင် ကျွန်တော်တို့က ဒါ ၉၀ ရာခိုင်နှုန်းလောက်ရမယ် လို့ မှန်းပါတယ်’’ ဟု မြောက်ဒဂုံ မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မြို့ နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ဇင်က ပြောသည်။

 ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ မြောက်ဒဂုံမြို့နယ်နေ ကလေးနှစ်ဦးမိခင် မဌေးဌေး က ‘‘ကျွန်မကလေးတော့ ဒီနေ့ထိုးခဲ့ပြီ။ ကလေးက ဘာမှမဖြစ်ပါဘူး။ အစာကျွေးပြီးမှလာဖို့ ပထမရက်တွေကတည်းက သူတို့က ကြေညာထားတော့ အကုန်အဆင်ပြေပါတယ်။ ပထမတော့ မူးမှာတို့ ဘာတို့ စိုးတာပေါ့နော်။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ ကျွန်မကတော့ အကြီးမလေးတုန်းကလည်း ကာကွယ်ဆေးကို အမြဲတမ်းထိုးပေးဖြစ်တယ်’’ဟု ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် လူ ထုအခြေပြုအဖြစ် စတင်ထိုးနှံ သဖြင့် တစ်နိုင်ငံလုံး၏ ကာကွယ် ဆေးထိုးနှံမှုရလဒ်အခြေအနေကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ယင်းနေ့ ညနေထိ သတင်းထုတ်ပြန်ခြင်း မရှိသေး ပေ။

More in News Section