ချန်ပီယံလိဂ်ရှုံးထွက်တွင် ပီအက်စ်ဂျီနှင့် ရီးရဲလ်၊ ချယ်လ်ဆီးနှင့် ဘာစီလိုနာ ရင်ဆိုင်တွေ့

 ချန်ပီယံလိဂ် နောက်ဆုံး (၁၆) သင်းအဆင့်တွင် ပီအက်စ်ဂျီနှင့် ရီးရဲလ်၊ ချယ်လ်ဆီးနှင့် ဘာစီလိုနာတို့ ရင်ဆိုင်တွေ့နေကာ မန်စီးတီးက ဆွစ်ဇာလန်က လပ်ဘေဆယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ပွဲ သည် ပီအက်စ်ဂီအသင်း ရင်ဆိုင် ရနိုင်သည့် အဆိုးရွားဆုံးပွဲမဖြစ် နိုင်ဟု ပီအက်စ်ဂျီနည်းပြ အမ်မရီ က ပြောသည်။

‘‘အဲဒီဟာ ပွဲကောင်းတစ် ခုပါ။ ရီးရဲလ်နဲ့ ယှဉ်ပြိုင်ဖို့ ကျွန် တော်တို့အဆင့်တစ်ခုတော့ ရှိရ ပါမယ်’’ ဟု ၎င်းကပြောသည်။ ချန် ပီယံလိဂ်ဖလားရလိုလျှင် ရီးရဲလ် ကို ရင်ဆိုင်ရမည်ဟုလည်း ၎င်းက ပြောသည်။

ဘာစီလိုနာကို အိမ်ကွင်း တွင် ဦးစွာလက်ခံကစားရမည့် အရေးနှင့် ပတ်သက်၍ ချယ်လ်ဆီးနည်းပြကွန်တီက ‘‘အိမ်ကွင်းမှာ ကစားဖို့ အသင့်ပြင်ထားရပါမယ်။အိမ်ကွင်းမှာ ပထမဆုံကစားရလို့ အသာရတယ်လို့ မဖြစ်နိုင်ပါဘူး။ ဘာကာနဲ့ ရင်ဆိုင်မယ်ဆိုရင် ၁၂၀ ရာခိုင်နှုန်းဖြစ်နေရပါမယ်။ ကျွန်တော်တို့ရဲ့ ဦးစားပေးက ပရီးမီးယားလိဂ်ဖြစ်ပြီးတော့ ချန်ပီယံ လိဂ်နေရာအတွက် ဆက်ပြီးတိုက် ပွဲဝင်ဖို့ ဖြစ်ပါတယ်’’ဟု ပြော သည်။

ဘာစီလိုနာနည်းပြ ဗယ်လ် ဗာဒီက ၎င်းတို့အတွက် ခက်ခဲ သော ပွဲဖြစ်သော်လည်း ယခု အ ဆင့်တွင် အသင်းကောင်းများသာ ပါဝင်သဖြင့် လွယ်မည်မဟုတ်ဟု အစကတည်းက သိနေကြောင်း ပြောသည်။

အင်္ဂလန်အသင်းများဖြစ် သော စပါးနှင့် မန်ယူတို့သည်  ဂျူ ဗင်တပ်နှင့် ဆီဗီလာကို အသီးသီး ရင်ဆိုင်ရမည်ဖြစ်ကာ လီဗာပူးက ပေါ်တိုနှင့် ရင်ဆိုင်တွေ့နေ သည်။

ဂျူဗင်တပ်နည်းပြ အယ်လီ ဂရီက စပါးသည် ငယ်ရွယ်သော အရည်အချင်းရှိ ကစားသမားများ ရှိသည့် အသင်းဖြစ်သော်လည်း မိမိတို့သည် ပြိုင်ဘက်ကို ဖြတ် ကျော်မည်ဟု ပြောသည်။

အီတလီမှ ရိုးမားသည် ရှက် တာဒိုးနက်စ်နှင့် ရင်ဆိုင်ရမည်ဖြစ် ပြီး ဘိုင်ယန်က ဘီဆစ်တက်နှင့် ရင်ဆိုင်ရမည်ဖြစ်၍ ရိုးမားနှင့် ဘိုင်ယန်၊ မန်စီးတီးတို့ ပွဲချောင် သည်ဟု ဆိုနိုင်သည်။  ESPNFC