ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးကို အကောင်အထည်ဖော်ရေးဆွဲထားသည့် ၁၂ လရာသီလိုက်ကာ ပန်းချီကားကို ယခုလကုန်တွင် အပ်နှံမည်

၁၂ လရာသီလိုက်ကာ ပန်းချီကားနှင့်အတူတွေ့ရသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ − သက်စိုးဖေ့စ်ဘွတ်ခ်)

 ဒေါ်အောင်ဆန်းစုကြည် ၏ စိတ်ကူးကို အကောင်အထည် ဖော်ရေးဆွဲထားသည့် ၁၂ လ ရာသီလိုက်ကာ ပန်းချီကားကို ယခုလကုန်တွင် ဒေါ်အောင်ဆန်း စုကြည်ထံ အပ်နှံမည်ဟု ပန်းချီ ကားရေးဆွဲသူ ပန်းချီဆရာ ဇော် ဇော်အောင်က ပြောသည်။

ယင်းပန်းချီကားကို ရေးဆွဲ ရန် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ ကိုသက်စိုးကတစ်ဆင့် ပန်းချီ ဆရာ ဇော်ဇော်အောင်ထံ အ ကြောင်းကြားခဲ့သည်။


၂၀၁၆ ဩဂုတ်က အ ကြောင်းကြားခဲ့ပြီး ပန်းချီကားကို တစ်နှစ်ကျော်ကြာ ယခုနှစ် နိုဝင် ဘာလကုန်တွင် ရေးဆွဲပြီးစီး သည်။

ထိုပန်းချီကားကို ဒီဇင်ဘာ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး ‘‘အမေစု ဒီလိုက်ကာ ပန်းချီ ကားကို ဒီနေ့တွေ့တဲ့အချိန်မှာ သူ အရမ်းကို ဝမ်းသာအံ့ဩပြီး အ ရမ်းကြိုက်တယ်လို့ ဟန်မဆောင် ဘဲ ပြောပါတယ်’’ဟု  ကိုသက်စိုး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အမြင့် ၆ ပေခွဲ၊ အလျား ၂၃ ပေရှိ လိုက်ကာပန်းချီကားကို ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ ယင်းပန်းချီကားကို ကင်းဗတ်ပေါ်တွင် ဆီဆေးဖြင့် ရေးဆွဲထားခြင်းဖြစ် သည်။

‘‘ကိုသက်စိုးဆီမှာရှိတဲ့ ပန်း ချီကားတွေနဲ့ ကျွန်တော့်မှာရှိတဲ့ ပန်းချီကားတွေကို Strand ဟိုတယ်မှာ ပြပွဲတစ်ခုလုပ်ခဲ့ပါ တယ်။ အဲဒီပွဲကို ဒေါ်စုက ပွဲလာ ကြည့်တာပေါ့။ နောက်ပိုင်းမှာ ၁၂ လရာသီ ပန်းချီကားလိုချင်တဲ့ အကြောင်းကိုသက်စိုးကို ပြောပြ တယ်တဲ့။ ကျွန်တော့်လက်ရာကို လိုချင်တယ်ဆိုပြီး ကိုသက်စိုးဆီ ကတစ်ဆင့် တောင်းဆိုပါတယ်။ အဲဒါကြောင့် ရေးပေးဖြစ်တာပါ’’ ဟု ပန်းချီဆရာ ဇော်ဇော်အောင် က ပြောသည်။

ယင်းပန်းချီကားကို ယခုလ ကုန်တွင် ပန်းချီဆရာ ဇော်ဇော် အောင်နှင့် ကိုသက်စိုးကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်အပ်နှံမည်ဖြစ်ကြောင်း၎င်းက ပြောသည်။ လက်ရှိတွင် ယင်းပန်းချီကားကို ကိုသက်စိုးထံ တွင် ထားရှိကြောင်း ဆိုသည်။

ပန်းချီကားနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်လိုချင် သည့် အချက်အလက်များကို အ ကြမ်းအားဖြင့် သိရပြီး ယင်းအ ချက်အလက်များအပေါ် အခြေခံ ရေးဆွဲခဲ့ကြောင်း ပန်းချီဆရာ ဇော်ဇော်အောင်က ဆိုသည်။

‘‘သူပြောတဲ့ပုံစံကတော့ ခန်း ဆီးလိုက်ကာလိုချင်တယ်။ အမြင့် ၆ ပေခွဲလောက်ရှိချင်တယ်။ ဒီအ ပေါ်မှာ သူဘာပါချင်လဲဆိုတော့ ကိုယ့်ရဲ့ မြန်မာ့ရိုးရာ ၁၂ လရာသီ ကို ကိုယ်စားပြုတဲ့ ပန်းတွေ၊ ပွဲ တော်တွေ၊  ဂြိုဟ်ခွင်တွေပေါ့။ နက္ခတ်တွေ၊ အဲဒါတွေလိုချင်တယ်ဆိုပြီးတော့ ကျွန်တော်သိ တာ။ အဲဒီအပေါ်မှာမှ ကျွန်တော်က ကိုယ့်စိတ်ကူးနဲ့ကိုယ် အကုန်နေရာချလိုက်တာပေါ့လေ။ သူကတော့ ဘယ်နေရာအပေါ်ထား ပါ၊ ဘယ်နေရာ အလယ်ထားပါ။ဘယ်ဆိုဒ်ကြီး ရေးပေးပါလို့ တော့ မရှိဘူး’’ဟု ပန်းချီဆရာ ဇော်ဇော်အောင်က ရှင်းပြသည်။