ရန်ကုန်လေဆိပ်သို့ ဆင်းသက်သော လေယာဉ်များ အန္တရာယ်ကင်းစေရန် ၁၆ မြို့နယ်တွင် ဒရုန်းပျံသန်းခွင့် တားမြစ်

ရန်ကုန်ကန်တော်ကြီးရေပြင်အနီး ပျံသန်းနေသော ဒရုန်းတစ်စင်း (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ လေယာဉ်များ ဆင်းသက်ရာတွင် အန္တရာယ်ကင်း စေရန် လေယာဉ်များ ဖြတ်သန်း သွားလာသည့် ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ် ၁၆ ခုတွင် ဒရုန်း DRONE/ Unmanned Aircraft (UA) များ မောင်းနှင်ပျံသန်းခြင်း ကို တားမြစ်ထားပြီး မလိုက်နာ ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်ဟု တိုင်းဒေသ ကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနက ကြေညာချက်ထုတ်ပြန် သည်။

ဒရုန်းမပျံသန်းရနယ်မြေများ သည် မြောက်ဥက္ကာလာပ၊ ဒဂုံမြို့ သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် အ ရှေ့ပိုင်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်း ချောင်း၊ ဗဟန်း၊ ဆိပ်ကြီးခနောင် တို၊ မင်္ဂလာဒုံ၊ လှည်းကူးနှင့် ထန်း တပင်မြို့နယ်တို့ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ် ပြန်ထားသည်။

‘‘လေယာဉ်ပျံသန်းတဲ့လမ်း ကြောင်းနေရာတွေမှာ ပေးမပျံ တာပါ။ ကျွန်တော်တို့ဗဟန်းမှာ တော့ ရွှေတောင်ကြား (၁) ရပ် ကွက်နဲ့ ဆရာစံရပ်ကွက်တွေပါ တယ်။ နောက် (၂) ရပ်ကွက်အ တွင်းမှာ ပျံသန်းလို့မရပါဘူး’’ ဟု ဗဟန်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးထိန်စိုးက ပြော သည်။

မြို့နယ် ၁၆ ခုတွင်ဒရုန်းများ ပျံသန်းမောင်းနှင်ခြင်း ခွင့်မပြုရန် ရန်ကုန်တိုင်းဒေသကြီး အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနက နိုဝင်ဘာ ၂၈ ရက်၌ သက်ဆိုင် ရာမြို့နယ်များကို တရားဝင်စာ ထုတ်ထားကြောင်း ကမာရွတ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ ကမာရွတ်မြို့ နယ်ကတော့ ရပ်ကွက် (၁၀) ခုစလုံးကို ဒရုန်းပျံသန်းခွင့် မရှိပါဘူး။ ပျံ သန်းတာတွေကို ဖမ်းမိရင်တော့  တည်ဆဲဥပဒေအတိုင်း အရေးယူ မှာပါ’’ ဟု ၎င်းကပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၅ မိုင်ပတ်လည်တွင် တရားဝင်တင်သွင်းသည့် ဒရုန်း များ မပျံသန်းနိုင်ရန် ဒရုန်းထုတ် လုပ်သည့် ကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်ရွက်ထားကြောင်း ရန်ကုန် လေဆိပ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်မောင်က ပြောသည်။

‘‘တရားဝင်မှတ်ပုံတင်မထား တဲ့ ဒရုန်းကလွဲရင် ကျန်တာတွေ ပျံလို့မရဘူး။ စက်နှိုးလို့မရအောင် ကုမ္ပဏီတွေက လုပ်ပေးထား တယ်။ နိုင်ငံတကာလေဆိပ်တွေ မှာလည်း ခုလိုလုပ်ထားပါတယ်။ လေဆိပ်မှာတော့ ဒရုန်းပျံသန်း တာတွေ မရှိပါဘူး’’ ဟု ၎င်းက ပြောသည်။

တားမြစ်ချက်များ ဖောက် ဖျက်ပါက ရာဇသတ်ကြီး ပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်း လမ်းတကျ ထုတ်ပြန်ကြေညာ သော အမိန့်ကို ဖီဆန်ခြင်း)အရ ထောင်ဒဏ်တစ်လမှ ခြောက်လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်သည်။

More in News Section