ပြည်မြို့ကျောင်းပေါင်းစုံ ဘောလုံးပွဲတွင် ရန်ဖြစ်၍ ကျောင်းသားတစ်ဦးဓားထိုးခံရ

 ပြည်မြို့ အခြေခံအထက် တန်းကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲတွင် ကျောင်းသားများ စကားများရန်ဖြစ်ရာမှ တက္က သိုလ်ဝင်တန်းကျောင်းသားတစ် ဦး ၀ဲဘက်ပေါင်တွင် ဓားထိုးခံရပြီး ဆေးရုံတက်ကုသနေရကြောင်း ပြည်မြို့အမှတ်(၁)ရဲစခန်းမှူးက ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်ညနေက ပြုလုပ်သည့် ပြည်မြို့အထက(၁) နှင့် ၀က်ထီးကန်အထကတို့ ယှဉ် ပြိုင်သည့်ဘောလုံးပွဲတွင်ကျောင်း သားလူငယ်များတစ်ဦးနှင့်တစ်ဦး မိုက်ကြည့်ကြည့်သည်ဟုဆိုကာ ရန်ဖြစ်ခဲ့ကြောင်း ၎င်းက ပြော သည်။

ဓားဖြင့် အထိုးခံရသည့် ကျောင်းသားသည် ပြည်မြို့ အထက(၁)တွင် တက္ကသိုလ်ဝင် တန်းတက်နေသူဖြစ်ပြီး ဓားနှင့် ထိုးသူလူငယ်သည် ယင်းကျောင်း တွင် ပညာသင်ကြားခဲ့ကာကျောင်းထွက်ထားသူဖြစ်သည်။

‘‘ဓားနဲ့ထိုးတဲ့လူငယ်ဘက် မှာ သူနဲ့ကျောင်းနေတုန်းကအတူ တွဲခဲ့တဲ့ သူငယ်ချင်းကျောင်းသား ငါးဦးလောက်ရှိတယ်။ အထိုးခံရ သူဘက်ကတော့ တစ်ဦးတည်းပဲ ရှိတယ်။ အထိုးခံရတဲ့ကျောင်း သားမိဘတွေဘက်က အမှုမဖွင့် ဘူး။ မြို့နယ် ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးတွေရှေ့ မှာ ခံဝန်ကတိပေးကြတယ်။ ဒါ ပေမဲ့ ဓားနဲ့ထိုးတဲ့လူငယ်ကိုတော့ ဓားကိုင်ဆောင်မှုနဲ့ အမှုဖွင့်အရေး ယူထားပါတယ်’’ ဟု ၎င်းက ပြော သည်။

ထို့ကြောင့် တက္ကသိုလ်ဝင် တန်းကျောင်းသားကို ဓားနှင့်ထိုး ကာ ဓားကိုင်ဆောင်သူပြည်မြို့ န၀င်းကွက်သစ်၌ နေထိုင်သည့် အသက်(၁၅)နှစ်အရွယ်လူငယ် အားလက်နက်ကိုင်ဆောင်မှုဥပ ဒေပုဒ်မ ၁၉(င)အရ ပြည်မြို့အ မှတ်(၁)ရဲစခန်းက အမှုဖွင့်အရေး ယူထားသည်။

‘‘ဘောလုံးကွင်းမှာ ဓားထိုး မှုဖြစ်တယ်ကြားလို့ သွားကြည့် တာ ဒဏ်ရာက သွေးထွက်များနေတာတွေ့ရတယ်။ လူမှုကူညီကယ်ဆယ်ရေး အသင်းသားတွေ ရောက်လာပြီး သွေးထွက်နည်း အောင် ပြုစုတယ်။ ပြီးတော့ လူ နာတင်ယာဉ်နဲ့ ခေါ်ဆောင်သွား တယ်’’ ဟု ပြည်မြို့ဘောလုံး ကွင်းအနီးနေအမျိုးသားတစ်ဦးက ပြောသည်။