အစိုးရနှစ်ခုသက်တမ်းအတွင်း လူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များအပေါ် အလေးထားမှုအားနည်းဟု ရခိုင်လူမှုအဖွဲ့အစည်းများပြော

 ပြီးခဲ့သည့်အစိုးရနှင့် လက်ရှိအစိုးရသည် လူမှုအဖွဲ့ အစည်းများ၏ အကြံပြုချက်များ အပေါ် အလေးထားမှုအားနည်း နေကြောင်း ရခိုင်လူမှုအဖွဲ့အစည်း များမှ တာဝန်ရှိသူများက ပြော ကြားသည်။

အကြမ်းဖက်မှု၊ တိုက်ပွဲဖြစ် ပွားမှုနှင့် သဘာဝဘေးအန္တရာယ် များကို မကြာခဏ ကြုံတွေ့နေရ သည့် ရခိုင်ပြည်သူများအတွက် လိုအပ်ချက်များကို လူမှုအဖွဲ့ အစည်းများမှတစ်ဆင့် အစိုးရကို တင်ပြပေးသော်လည်း အစိုးရ သည် လျစ်လျူရှုထားကြောင်း ခမီအင်အားစု ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးရွှေ ဘော်စိန်က ပြောသည်။

‘‘အစိုးရနှစ်ခု သက်တမ်းမှာ ကျွန်တော်တို့ လူမှုအဖွဲ့အစည်း တွေရဲ့အသံကို အလေးထားမှု အားနည်းနေပါတယ်။ လက်ရှိ ပြည်သူတွေ ခံစားနေရတဲ့အသံ တွေကို လူမှုအဖွဲ့အစည်းတွေက အစိုးရကို တင်ပြပေးတယ်။ လျစ် လျူရှုခံရပါတယ်’’ဟု ဦးရွှေဘော် စိန်က ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ၌ အစိုးရအဖွဲ့နှင့် လူမှုအဖွဲ့ အစည်းများသည် ညှိနှိုင်းမှုအား နည်းနေပြီး ၎င်းတို့အဆင်ပြေ သည့် ပုံစံအတိုင်း ပြုလုပ်နေ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း မောင်တော မြို့ခံ ကိုအောင်ကျော်မင်းကပြောကြားသည်။

‘‘အချင်းချင်း အဆင်မပြေ တာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်နေကြတယ်။ တကယ်လုပ်ရ မှာက ညှိနှိုင်းဆောင်ရွက်ရမှာ။  အခုတော့ သူမြင်သူလုပ်၊ ကိုယ် မြင်ကိုယ်လုပ် လုပ်နေကြတယ်။ ဒီလိုလုပ်နေရင်တော့ အနာဂတ် မှာ မလွယ်ဘူး’’ဟု ကိုအောင် ကျော်မင်းက ပြောသည်။

လူမှုအဖွဲ့အစည်းများသည် အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ် လိုအပ်ချက်များ မြင်တွေ့ လျှင် ထောက်ပြပေးပြီး အစိုးရပြု လုပ်သမျှကို အကောင်းမမြင်လျှင် အစိုးရကလည်း လူမှုအဖွဲ့အစည်း များကို ဥပေက္ခာပြုထားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘အစိုးရဟာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လူမှုအဖွဲ့အစည်း တွေရဲ့ အကူအညီကို လိုအပ် သလို လူမှုအဖွဲ့အစည်းတွေဟာ လည်း အစိုးရရဲ့ ပူးပေါင်းဆောင် ရွက်မှုကို လိုအပ်နေပါတယ်’’ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးလူငယ်အဖွဲ့ အတွင်း ရေးမှူး ဦးဝင်းရွှေခိုင်က ပြော ကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် မောင်တော ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ရန် လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။