ကနီမြို့ ကျောင်းသား ရန်ပွဲနှင့်ပတ်သက်၍ ပြင်ပစာသင်ဝိုင်းကြီးကြပ်ဆရာနှင့် ကျောင်းသားများကို စစ်ဆေး

ကနီမြို့ အခြေခံပညာအ ထက်တန်းကျောင်းတွင် ကျောင်း သားအချင်းချင်း ရန်ဖြစ်မှုနှင့်ပတ် သက်၍ ပြင်ပစာသင်ဝိုင်းကြီးကြပ် ဆရာနှင့် ကျောင်းသားများအပါ အဝင် ၂၁ ဦးကို စစ်ဆေးနေ ကြောင်း ကနီမြို့နယ် မြို့မရဲစခန်း မှူး ဒုရဲမှူးစိုးမြင့်က ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့လယ် ကျောင်းဆင်းချိန်၌ သံပိုက်၊ တုတ်များ ကိုင်ဆောင်ထားသော ပြင်ပ စာသင်ဝိုင်း ကြီးကြပ်ဆရာနှင့် ကျောင်းသားများက ကနီမြို့ခံ ကျောင်းသားများကို ဝင်ရောက် ရိုက်နှက်ရာ ကျောင်းသားခြောက် ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။


‘‘ကျောင်းသားအချင်းချင်း ရန်ဖြစ်တာကနေ ဘော်ဒါဆောင် က ကျောင်းသားတွေ ဝင်ရိုက်တဲ့ သဘောပါ။ ဘော်ဒါဆောင်က ကျောင်းသားတွေကလည်း အဲဒီ ကျောင်းမှာ တက်နေတဲ့သူတွေ ပါ။ ဘော်ဒါဆောင်က အသက် ငယ်ငယ်ဆရာနှစ်ဦးလည်း ပါ တယ်။ အမှုဖွင့်ထားတဲ့ ပုဒ်မတွေ က အာမခံပေးလို့ရတဲ့ ပုဒ်မတွေ

ဖြစ်နေတဲ့အတွက် အာမခံပေးထားပါတယ်။ ရိုက်နှက်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲထားတာ အားလုံး ၂၁ ဦးပါ’’ဟု ဒုရဲမှူးစိုးမြင့်က ပြောသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က ကနီဒေသခံကျောင်းသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုကို ကျောင်းအုပ် ဆရာကြီးရုံးခန်း၌ ခေါ်ယူသတိ ပေးဆုံးမခံရမှုနှင့်ပတ်သက်၍ ရန် ငြိုးထားကာ ကျောင်းဆင်းချိန် တွင် ရိုက်နှက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရိုက်နှက်မှုကြောင့် တက္က သိုလ်ဝင်တန်းကျောင်းသားနှစ်ဦး နှင့် နဝမတန်းကျောင်းသားလေး ဦးတို့သည် လက်၊ ဦးခေါင်းနှင့် ခြေထောက်တို့တွင် ပေါက်ပြဲဖူး ရောင်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကနီ မြို့ မြို့မရဲစခန်းက ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၂၅၊ ၃၅၃၊ ၁၁၄ အရ အမှုဖွင့်စစ်ဆေးနေသည်။