ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေများ လက်ဝယ်ထားရှိသော ဘင်္ဂါလီနှစ်ဦးကို မောင်တောတွင်ဖမ်းမိ

 ကျပ်ခုနစ်သိန်း ကျော်တန်ဖိုးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး တာကာငွေများနှင့်အတူ ဘင်္ဂါလီနှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးမိကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ဘင်္ဂါလီနှစ်ဦးသည် ဒီဇင်ဘာ ၁၁ ရက်က မောင်တော မြို့နယ် ပဒင်းကျေးရွာမှ မောင် တောမြို့သို့ လာရောက်ခိုက် နူရု လ္လာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များက ရှောင်တခင်စစ်ဆေးစဉ် ဖမ်းဆီးမိကြောင်း အထက်ပါ ရဲအရာရှိကဆိုသည်။


 ‘‘တာကာငွေငါးရာတန် အရွက်ကိုးဆယ်နဲ့အတူ ဘင်္ဂါလီ နှစ်ဦးကို ဖမ်းမိတာပါ။ မောင် တောမှာ လုံခြုံရေးအရ ယာဉ်တွေ၊ နေအိမ်တွေကို မကြာခဏ စစ် ဆေးနေတာဖြစ်ပါတယ်’’ဟု နယ်ခြားစောင့်ရဲအရာရှိက ပြောသည်။

ဖမ်းဆီးရရှိသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသုံး  တာကာငွေများသည် ငါးရာတန်အရွက် ၉၀ ဖြစ်၍ တာကာ လေးသောင်းငါးထောင် ဖိုးဖြစ်သည်။ လက်ရှိတာကာငွေ ပေါက်ဈေးသည် တစ်ရာတာကာကို မြန်မာငွေ ၁,၆၀၀ ကျပ် ဈေးရှိ သဖြင့် မြန်မာငွေဖြင့် တွက်ချက် ပါက ကျပ်ခုနစ်သိန်းကျော်တန်ဖိုး ရှိသည်။

‘‘လောလောဆယ် အမှုမဖွင့် သေးဘူး။ စစ်ဆေးနေတုန်းပဲရှိပါ သေးတယ်။ အဓိကကတော့ နိုင်ငံ ခြားငွေ တရားမဝင်ကိုင်ဆောင်တဲ့ အတွက်ဖမ်းတာပါ’’ဟု မန်ကျည်း ချောင်းနယ်ခြားစောင့် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

More in Regional Section