သမ္မတဦးထင်ကျော်နှင့် ဂျပန်ဝန်ကြီးချုပ်တို့ ယနေ့တွေ့ဆုံမည်

ကလေးငယ်တစ်ဦးက သမ္မတဦးထင်ကျော်ကို ကြိုဆိုနှုတ်ဆက်စဉ်(ဓာတ်ပုံ−သမ္မတရုံး)

ဂျပန်နိုင်ငံသို့ ရောက်ရှိ နေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ (ဒီဇင်ဘာ ၁၄ ရက်)တွင် ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးနှင့် တွေ့ဆုံမည်ဖြစ်သည်။

 သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဒီဇင်ဘာ ၁၃ ရက် နံနက်တွင် ရောက်ရှိခဲ့သည်။ သမ္မတနှင့်ဇနီးတို့သည် တိုကျိုမြို့ ရှိ ကမာကူရ (Kamakura) ဗုဒ္ဓ ဆင်းတုတော်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။


 ထို့နောက် ယမန်နေ့ နေ့ လယ်တွင် Keio University မှ ပါမောက္ခဆရာတော် Sato Takaoနှင့်တွေ့ဆုံပြီး အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ သည်။ ထို့အပြင် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

 သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ် မည့် နိုင်ငံတကာ ကျန်းမာရေး ဖိုရမ် (UHC) သို့ တက်ရောက်ရန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်သည်။

သမ္မတသည် နေပြည်တော် မှ ဂျပန်နိုင်ငံသို့ အထူးလေယာဉ် ဖြင့် သွားရောက်ခြင်းမဟုတ်ဘဲ ရန်ကုန်လေဆိပ်မှ ANA 814 ခရီးသည်တင်လေယာဉ်ဖြင့် သွား ရောက်ခြင်းဖြစ်သည်။

 သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံတွင် ရှစ်ရက်ကြာနေ ထိုင်မည်ဖြစ်ကာ နိုင်ငံတကာကျန်းမာရေးဖိုရမ်ကို ဒီဇင်ဘာ ၁၂ ရက် မှ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ၁၄ ရက်နှင့် ၁၅ ရက်တွင် နိုင်ငံတကာခေါင်းဆောင်များ တက်ရောက်ရန် ဖိတ်ကြားထားသည်။

More in News Section

Top News