ဂွာဒီယိုလာနှင့် မော်ရင်ဟို အပြန်အလှန်ထိုးနှက်ဝေဖန်

မန်စီးတီးက ၂-၁ ဂိုးဖြင့်နိုင်သော ဒါဘီပွဲအပြီး နှစ်ဖက် အသင်းအချင်းများခဲ့ပြီးနောက် အောင်ပွဲခံပုံနှင့် ပတ်သက်၍မန်စီးတီးကစားသမားများသည် ပညာသင်ယူခဲ့ခြင်း  မရှိသည့် ကစားသမားများဖြစ်သည်ဟု မန် ယူနည်းပြ မော်ရင်ဟိုက စွပ်စွဲထားစဉ် မန်စီးတီးနည်းပြ ဂွာဒီယိုလာ က ယင်းအောင်ပွဲခံပုံကြောင့် မန်ယူကို စော်ကားသလိုဖြစ်ခဲ့လျှင် တောင်းပန်သည်ဟု ပြောသည်။

‘‘ကစားသမားတစ်ယောက် ကိုသာမဟုတ်ဘဲ၊ မော်ရင်ဟိုကို သာမဟုတ်ဘဲ မန်ယူအသင်းကို ကျွန်တော်တို့ စော်ကားမိခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ်’’ ဟု ဂွာဒီယိုလာကပြောသည်။

နှစ်ဖက်အသင်း၏ အပြုအ မူများနှင့် ပတ်သက်၍ အဖြေပေး ရန် ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေ ကပြောကြားထားသည်။

သို့သော်ပရီးမီးယားလိဂ် တွင် အနီးဆုံးပြိုင်ဘက်ကို ၁၁ မှတ်ဖြတ်ထားနိုင်ပြီးနောက် မိမိ တို့ အသင်းသားများ အောင်ပွဲခံ ခွင့်ရှိသည်ဟု ဂွာဒီယိုလာကပြော သည်။

ထို့အပြင်ဂွာဒီယိုလာက မန် စီးတီးအနေဖြင့် လာမည့်ဇန်နဝါရီ တွင်ကစားသမားအသစ်မခေါ်ယူ ပါက ဒုက္ခရောက်မည်ဟု ပြောပြီး ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူ မည်ဟု ဆိုသည်။

ထိုအတောအတွင်း မန်ယူ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဂွာဒီယိုလာသည် မိမိနှင့်အတူ ဘာစီလိုနာတွင်ရှိစဉ်ကတည်းက မရင့်ကျက်သူဖြစ်သည်ဟု ပြော ကြားသည်။

ဂွာဒီယိုလာသည် မက်ဆီဆိုသော ကစားသမားတစ်ဦး အတွက် အချို့ကစားသမားများကို စွန့်ပစ် ခဲ့သည်ဟု အီဗရာဟီမိုဗစ်က ပြော သည်။ မော်ရင်ဟိုနှင့် ဂွာဒီယိုလာ တို့သည် ဘာစီလိုနာတွင် အတူ အလုပ်လုပ်ခဲ့သော်လည်း နည်းပြဘဝ၌ ၎င်းတို့၏ ဆက်ဆံရေး အဆင်မပြေဖြစ်နေသည်။

၂၀၁၀ ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ်တွင် မော်ရင်ဟိုသည် အင်တာကို ကိုင်တွယ်စဉ် ဂွာဒီယို လာ၏ ဘာစီလိုနာကို ဖြတ်ကျော် နိုင်ပြီးနောက် အလွန်အကြူး အောင်ပွဲခံခဲ့သည်။ —Ref:BBC