ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို အငြိမ်းစားတပ်မတော်သားတစ်ဦးက ၆၆(ဃ) ဖြင့် အမှုဖွင့်

 ထောက်ကြန့်ရှိ စား သောက်ဆိုင်တစ်ဆိုင်တွင် သံဃာ တစ်ပါး အရိုက်ခံရမှုကိစ္စနှင့်ပတ် သက်ပြီး ပန်ဆယ်လိုအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက လူမှု ကွန်ရက်စာမျက်နှာ၌ ဗုဒ္ဓဘာသာသာသနာ ညှိုးနွမ်းအောင် ရေးသားထားသည်ဟုဆိုကာ အငြိမ်းစားဒုအရာခံဗိုလ် ဦးမောင်မောင်တာက တာမွေမြို့မရဲစခန်းတွင် ဒီဇင်ဘာ ၁၂ ရက်က အမှုဖွင့်ခဲ့သည်။

‘‘တာမွေစခန်းက အမှုကို လက်ခံလိုက်ပါတယ်’’ဟု အမှုဖွင့် သူ ဦးမောင်မောင်တာက ပြော သည်။

ပန်ဆယ်လိုကို အမှုဖွင့်ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ၎င်းကပြောသည်။

ပန်ဆယ်လိုအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် အသုံးပြုနေသူ မအိမ့်ပိုးဥသည် ဆရာတော်ဦးဝီရ သူကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိပါး ရေးသားမှုများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဆဲရေးတိုင်းထွာခဲ့ခြင်းများကိုလည်း တိုင်ချက်တွင် ဦးမောင်မောင်တာ က ရေးသားထားသည်။

‘‘ကျွန်မအနေနဲ့ ဒါနဲ့ ပတ် သက်ပြီးတော့ ရင်ဆိုင်ဖို့ အသင့် ရှိပါတယ်။ ကျွန်မ ရေးသားထား တာတွေနဲ့ ပတ်သက်ပြီးတော့ ယုံ ကြည်မှုအပြည့်ရှိပါတယ်။ ဖေ့စ် ဘွတ်ခ်အကောင့် ဟက်ခံရတယ် တို့၊ ဘာတို့ ငြင်းမှာမဟုတ်ပါဘူး။ ကျွန်မ ဒီပို့စ်ကိုရေးပါတယ်။ ဒါပေမဲ့ ဘယ်သာသနာ၊ ဘယ်သံဃာ တွေကို စော်ကားခြင်းမရှိဘဲနဲ့ သာသနာသန့်ရှင်းရေးအကြောင်းတစ် ရပ်အနေနဲ့ ရေးတာပါ။ ဘယ်သူ့ ကိုမှ ဘယ်သံဃာ၊ ဘယ်ဘုန်းကြီး ကိုမှ ကျွန်မ ဝေဖန်ထားတာမရှိပါ ဘူး’’ဟု မအိမ့်ပိုးဥက အမှုဖွင့်ခံရ ခြင်းနှင့်ပတ်သက်ပြီး ပန်ဆယ်လို အကောင့်မှ တစ်ဆင့် live လွှင့်၍ ပြောကြားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရပ်ကွက် လမင်းသာ-၂ စား သောက်ဆိုင်တွင် သံဃာတစ်ပါး က ဆေးသောက်ရန် ရေနွေးဝင် တောင်းမှုကို ဆိုင်ရှင်နှင့် အပေါင်းပါတို့က အရက်ဝယ်သည်ဆို ကာ နှိပ်စက်ညှဉ်းပန်းနေခြင်းကို သာသနာကို ဖျက်ဆီးခြင်း သ ဘောသက်ရောက်သည့် စာသားများ ရေးသားခြင်းဖြင့်လည်း ကောင်း၊ ၂၀၁၇ ဧပြီ ၆ ရက်က ဆရာတော်ဦးဝီရသူကို ပုတ်ခတ်ရေးသားမှုဖြင့်လည်းကောင်း ပြုလုပ်ခဲ့သည်ဟု တရားစွဲဆိုသူ ဦးမောင်မောင်တာ၏ တိုင်ချက် ၌ ရေးသားထားသည်။

ယင်းအမှုကို တာမွေမြို့ နယ်ရဲစခန်းက လက်ခံစစ်ဆေးနေ ပြီး တရားလိုစစ်ဆေးခြင်း၊ သက် သေများ စစ်ဆေးခြင်း၊ သက်သေ ခံစာရွက်စာတမ်းများ သိမ်းဆည်း ခြင်း၊ တရားခံဖမ်းဆီးနိုင်ရေး စုံစမ်းခြင်းများ ဆောင်ရွက်ပြီး အမြန်ဆုံး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တာမွေမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။