သတင်းထောက် စိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်း တစ်နှစ်ပြည့်အခမ်းအနား မုံရွာတွင် ပြုလုပ်

လုပ်ကြံခံရသော သတင်းထောက်စိုးမိုးထွန်း အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသူများ (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာမြို့အခြေစိုက် သတင်း ထောက် စိုးမိုးထွန်း လုပ်ကြံသတ်  ဖြတ်ခံရခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို မုံရွာမြို့ ကန်သာယာရေကန် လွတ်လပ်ရေး ကျောက်တိုင်ကျွန်းတွင် ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မိ သားစုဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မုံရွာဒေသခံ သတင်းထောက်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

‘‘ကိုစိုးမိုးလုပ်ကြံသတ်ဖြတ် ခံရတာ အခုဆိုရင် တစ်နှစ်ပြည့် ပြီ။ အခုအချိန်အထိ သတင်းအစ အနကို မရသေးဘူး။ အမှုမှန်အ မြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါ တယ်လို့ ကျွန်မတို့ မိသားစုအနေ နဲ့ တောင်းဆိုချင်ပါတယ်’’ ဟု သ တင်းထောက်စိုးမိုးထွန်း၏ ဇနီး မခင်ချိုလတ်က ပြောသည်။

 အခမ်းအနားသို့ တက် ရောက်လာသူများက သတင်း ထောက်စိုးမိုးထွန်း လုပ်ကြံသတ် ဖြတ်ခံရခြင်း တစ်နှစ်ပြည့်အထိမ်း အမှတ် အောက်မေ့ဖွယ် အမှတ် တရစကားများ ပြောကြားပြီး အ ကြမ်းဖက်သတ်ဖြတ်ခံရမှု မှန်သမျှအလိုမရှိ၊ သတင်းသမားဘဝလုံ ခြုံရေး အပြည့်အဝကာကွယ်ပေး၊ အမေ့လျော့ခံ စိုးမိုးထွန်းအမှုအ မြန်ဆုံး ဖော်ထုတ်ပေး၊ တရားဥပ ဒေစိုးမိုးရေး ချက်ချင်းဆောင်ရွက် ပေး၊ မတရားမှုမှန်သမျှ အလိုမရှိ စသည့် တောင်းဆိုချက်များတောင်းဆိုခဲ့သည်။ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာ ၁၂ ရက် ညဥ့်သန်းခေါင်ကျော် တွင် မုံရွာမြို့ အောင်ချမ်းသာရပ် ကွက် ပြည်ထောင်စုလမ်း ဂေါက် ကွင်းအနီး၌ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ၁၉ လမ်းနေ Eleven ဂျာနယ်သတင်းထောက် စိုးမိုးထွန်းသည် ဦးခေါင်းထိပ်ကွဲ ဒဏ်ရာနှစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် မှောက်လျက်အနေအထားဖြင့် သေဆုံးခဲ့သည်။

သတင်းထောက်စိုးမိုးထွန်း ကို သေဆုံးသည်အထိ ဒဏ်ရာ ရရှိအောင်ပြုလုပ်သူများအား စုံစမ်းစစ်ဆေးအရေးယူပေးရန် ၎င်း၏ ယောက်ဖဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့သဖြင့် မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ စစ်ဆေးဆောင်ရွက်နေသည်။