ဒေါ်အောင်ဆန်းစုကြည် ကုလအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်မစ္စပရာမီလာပတ်တန်တို့ တွေ့ဆုံနှုတ်ဆက်စဉ်(ဓာတ်ပုံ−အတိုင်ပင်ခံရုံး)

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပဋိပက္ခဒေသအတွင်း လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပေါ် စုံစမ်းထောက်လှမ်းသည့် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏အထူးကိုယ်စားလှယ် မစ္စပရာမီလာပတ်တန်အား ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

အထူးကိုယ်စားလှယ်သည် ၎င်း၏သုံးရက်ကြာ နေပြည်တော်ခရီးစဉ်ကို ယမန်နေ့က စတင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ပြည်ထောင်စုဝန် ကြီးအချို့ကို  တွေ့ဆုံရန်လည်း စီစဉ်ထားသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးကိုယ်စားလှယ် မစ္စပရာမီ လာပတ်တန်တို့ တွေ့ဆုံရာတွင် အမျိုးသမီးများ၏ အခွင့်အရေး များကို ကာကွယ်ရာ၌ ကုလသမဂ္ဂအနေဖြင့် နည်းပညာပိုင်းအကူအ ညီနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာကိစ္စရပ်များကို   ဆွေးနွေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ထို့အပြင် အထူးကိုယ်စား လှယ်သည် ဒီဇင်ဘာ ၁၄ ရက်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးအပါ အဝင် အမျိုးသမီးများ၏အခွင့်အ ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုအခြေ အနေများ   ဆွေးနွေးခဲ့ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြော သည်။

‘‘မြန်မာနိုင်ငံမှာ လိင်မှုဆိုင် ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီး တွေ၊ အကြမ်းဖက်ခံရတဲ့ အမျိုး သမီးတွေကို စောင့်ရှောက်ကာ ကွယ်တဲ့ပုံစံတွေ၊ ဒါတွေ ဆွေးနွေး တယ်။ နောက်ပြီးကျတော့ သက် ငယ်မုဒိမ်းကိစ္စပေါ့။ ဒါနဲ့ပတ်သက် တာလည်း ဆွေးနွေးတယ်။ ရခိုင် နဲ့ပတ်သက်လို့တော့ ပြန်လည် လက်ခံရေးစခန်းလုပ်နေတဲ့ ကိစ္စ တွေ၊ UEHRD ကိစ္စတွေ ဒါတွေ ပါပဲ’’ဟု ဒေါက်တာဝင်းမြတ်အေး က ရှင်းပြသည်။

ကုလအထူးကိုယ်စားလှယ် မစ္စပတ်တန်၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည် နယ်သို့ သွားရောက်ရန် အစီအစဉ် မပါဝင်ပေ။

သို့ရာတွင် ပြီးခဲ့သည့် နိုဝင် ဘာက မစ္စပတ်တန်သည် ဘင်္ဂ လားဒေ့ရှ်သို့ ကိုးရက်ကြာခရီးစဉ် သွားရောက်ခဲ့ပြီး မောင်တောဒေ သမှ ထွက်ပြေးတိမ်းရှောင်သွား သည်ဆိုသော   ဘင်္ဂါလီအမျိုး သမီးများနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၁၂ ရက် တွင် ပြုလုပ်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး ၌ မစ္စပတ်တန်က မြန်မာ့တပ်မ တော်အနေဖြင့် ဘင်္ဂါလီအမျိုးသ မီးများအပေါ် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ကျူးလွန်မှုရှိသည်ဟု အ စည်းအဝေး၌ စွပ်စွဲပြောကြားပြီး အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေး ကောင်စီအနေဖြင့်  မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သင့် ကြောင်း တိုက်တွန်းပြောကြားခဲ့ သည်။

သို့ရာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက် ခိုက်မှုများနှင့်ပတ်သက်၍ တပ်မ တော်က နယ်မြေတည်ငြိမ်အေး ချမ်းမှုနှင့်ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ဥပဒေမဲ့ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု တပ်မ တော်က နိုဝင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

More in News Section