UHC ဖိုရမ် မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရန် ဂျပန်ကူညီမည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရန် သမ္မတက ဖိတ်ကြား
သမ္မတဦးထင်ကျော်နှင့် ဂျပန်ဝန်ကြီးချုပ်တို့ကို ယမန်နေ့က ဂျပန်ဝန်ကြီးချုပ်အိမ်တော်တွင် အတူတွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

 မြန်မာနိုင်ငံက ကျင်းပ ရန် ကြိုးပမ်းဆောင်ရွက်နေသည့် Universal Health Coverage အ ကောင်အထည်ဖော်နိုင်ရေးနှင့် ရန်ကုန်နှင့် ထားဝယ်မြို့တွင် ဆေးရုံ တည်ဆောက်ရေး စီမံကိန်းများကို ဂျပန်အစိုးရက အကူအ ညီများပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးတို့၏ ပူးတွဲသတင်းစာ ရှင်း လင်းပွဲ၌ ကြေညာသည်။


ဂျပန်နိုင်ငံသို့ ရောက်ရှိနေ သည့် သမ္မတဦးထင်ကျော်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် ဒီဇင်ဘာ ၁၄ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သည်။

ရန်ကုန်နှင့် ထားဝယ်မြို့ တို့တွင် ဆေးရုံတည်ဆောက်ရေး စီမံကိန်းများအတွက် ဂျပန်အစိုးရ က ထောက်ပံ့ကူညီမည် ဖြစ်သလို ဆေးရုံသုံးစက်ကိရိယာ၊ ကျွမ်း ကျင် ပညာရှင်များအတွက် နည်း ပညာပိုင်း အကူအညီများ ပေးအပ် မည်ဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲ ကြေညာချက်တွင် ပါရှိ သည်။

ထို့အပြင် ယဉ်ကျေးမှုနှီးနှော ဖလှယ်မှု တိုးမြှင့်ရေးဂျပန်ဖောင် ဒေးရှင်း၏ ‘ဂျပန်ယဉ်ကျေးမှုစင် တာ’ ကို ရန်ကုန်မြိုတွင် ထူ ထောင်ရန်နှင့် ဂျပန်ဘာသာစကား  သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာ များ ပြုစုပျိုးထောင်ခြင်း အပြင် ဂျပန်ဘာသာစကား သင်ကြားရေးဆိုင်ရာ အထောက်အပံ့များ ကို ပိုမိုမြှင့်တင်ဆောင်ရွက်မည် ဟု ပါရှိသည်။

ထို့အပြင် ဂျပန်ဝန်ကြီးချုပ် ကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ရန် သမ္မတက ဖိတ် ကြားခဲ့သည်။

ယမန်နေ့တွင် သမ္မတ ဦး ထင်ကျော်သည် UHC သို့ တက် ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြား သည်။ ယင်းဖိုရမ်သို့ ဂျပန်ဝန် ကြီးချုပ်၊ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်နှင့် ဆီနီဂေါနိုင်ငံသမ္မတ တို့က အဖွင့်မိန့်ခွန်း ပြောကြား သည်။

မြန်မာနိုင်ငံတွင် ၂၀၃၀ ၌ UHC ဖိုရမ်ကို အောင်မြင်ရန် ဆုံး ဖြတ်ချက် ချထားကြောင်း သမ္မတ ဦးထင်ကျော်က ယင်းဖိုရမ်တွင် ပြောကြားသည်။

သမ္မတဦးထင်ကျော်နှင့်ဇနီး  ဒေါ်စုစုလွင်တို့သည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဒီဇင်ဘာ ၁၃ ရက် နံနက်တွင် ရောက်ရှိခဲ့သည်။ သမ္မတဦးထင်ကျော်သည် ဂျပန် နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်မည့် UHCသို့ တက်ရောက်ရန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ရှစ်ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်သည်။