သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသောပုံစံ ကွဲလွဲချက်အချို့ရှိနေ

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအပေါ် အစိုးရ ထုတ်ပြန်ချက်နှင့် ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ပျောက်ဆုံးကြောင်း တိုင်ချက်တို့၌ ကွဲလွဲမှုအချို့ရှိနေသည်။

ရိုက်တာသတင်းဌာနသည် ၎င်းတို့၏သတင်းထောက်များ ဖမ်းဆီး ခံရသည်ဟုမသိရသေးမီ အင်တာဗျူးထွက်ခွာသွားပြီး လေးနာရီအကြာ တွင် အဆက်အသွယ်ပြတ်သွားသဖြင့် သတင်းထောက်နှစ်ဦး ပျောက် ဆုံးကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းဖြစ်သည့် မင်္ဂလာဒုံမြို့နယ် ရဲစခန်းသို့ လူပျောက်တိုင်ချက်ဖွင့်ခဲ့သည်။

အဆိုပါတိုင်ချက်တွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့သည် ၎င်းတို့သတင်းဌာန၏ ယာဉ်မောင်းနှင့်အတူ ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီက မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၈)လုံခြုံရေးရဲတပ်ရင်းသို့ အင်တာဗျူးသွားရောက်ခဲ့သည်။

တပ်ရင်းအပေါက်ဝသို့ရောက်သော အခါ ၎င်းတို့နှစ်ဦး ဖုန်းဆက်ချိန်းဆိုထားသော အမည်မသိလူနှစ်ဦးနှင့် တွေ့ဆုံပြီး ၎င်းတို့က ဆိုင်ကယ်မောင်းနှင်ကာ ကိုဝလုံးအပါအ၀င် ရိုက်တာသတင်းဌာနမှ သုံးဦးက ကားဖြင့် ဆောင်ရိပ်မွန်စားသောက်ဆိုင် သို့ သွားရောက်ခဲ့သည်ဟုပါရှိသည်။

ထို့နောက် ကိုဝလုံးတို့က ယာဉ်မောင်းကို အလုပ်ပြီးချိန်တွင် ဖုန်းဆက်ခေါ်မည်ဟု ပြောဆိုသ ဖြင့် ယာဉ်မောင်းက အခြားလက် ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင် စောင့်ခဲ့သည်။

ထို့နောက် ည ၁၀ နာရီအထိ ဖုန်းဆက်သွယ်မလာ သောကြောင့် ရိုက်တာသတင်းဌာန၏ အုပ်ချုပ်သူအန်တိုနီဆိုဒေါ့ စကီးလိုက်လာပြီး ဆောင်ရိပ်မွန် စားသောက်ဆိုင်သို့ သွားရောက် ရှာဖွေရာ ပျောက်ဆုံးနေ၍ယာဉ် မောင်းက မင်္ဂလာဒုံမြို့နယ် ရဲစ ခန်းသို့ သွားရောက်ပြီးလူပျောက် မှုတိုင်ကြားခဲ့ကြောင်း မင်္ဂလာဒုံ မြို့နယ်ရဲစခန်း လူပျောက်တိုင် ချက်တွင် ရေးသားထားသည်။

သို့သော် ရဲတပ်ဖွဲ၏စစ်ဆေး ချက်တွင်မူ သတင်းထောက်နှစ်ဦး သည် အမှတ်(၃)လမ်းမကြီးအ တိုင်း လမ်းလျှောက်လာစဉ် မသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီး ထားခြင်းဖြစ်သည်ဟု ဖော်ပြထား သည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီး ဌာနထုတ်ပြန်ချက်တွင် ရခိုင်ပြည် နယ်၌ လုံခြုံရေးတာဝန်ထမ်း ဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ရဲ တပ်ဖွဲ့ဝင်များကို ချဉ်းကပ်စည်း ရုံးဆက်သွယ်ပြီး အရေးကြီးလုံခြုံ ရေးစာရွက်စာတမ်း အထောက် အထားများကို ပြည်ပသတင်းဌာန များသို့ ပေးပို့ရန်ရည်ရွယ်ချက်ဖြင့် တရားမ၀င် သတင်းရယူဆောင် ရွက်ခဲ့သည်ဆိုကာ သတင်း ထောက်နှစ်ဦးနှင့် ရဲအရာရှိနှစ်ဦး တို့ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်များဥပဒေပုဒ်မ-၃ ဖြင့် အမှု ဖွင့်စစ်ဆေးနေကြောင်း ပါရှိ သည်။

သတင်းထောက်ကိုဝလုံးက ၎င်းဖမ်းဆီးခံရပြီးချိန်တွင် ရိုက် တာသတင်းဌာနထံသို့ ‘‘ကျွန် တော်အဖမ်းခံလိုက်ရပြီ’’ ဆိုသော စာသားတစ်ကြောင်းတည်းသာ မက်ဆေ့ခ်ျပေးပို့ခဲ့ပြီးနောက် ၎င်း ၏ဖုန်းပိတ်သွားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

ဖမ်းဆီးခံရိုက်တာသတင်း ထောက်နှစ်ဦးသွားရောက်တွေ့ ဆုံ၍ အင်တာဗျူးပြုလုပ်သည့် ရိုက်တာတိုင်တန်းချက်ပါ အမည် မသိလူနှစ်ဦးသည် လက်ရှိဖမ်းဆီး အရေးယူထားသော ဒုရဲမှူး မိုးရန် နိုင်နှင့်ရဲတပ်ကြပ်ကြီး ခင်မောင် လင်းတို့ ဟုတ်၊ မဟုတ်ကိုမူ 7Day Daily သတင်းစာက အ တည်မပြုနိုင်သေးပေ။

ထို့ကြောင့် ရဲစစ်ဆေးချက် အချက်အလက်များနှင့် ရိုက်တာ သတင်းဌာနမှ လူပျောက်တိုင် ကြားချက်ပါ အချက်အလက်များ ကွဲလွဲမှုရှိကြောင်း သတင်း ထောက် အချို့က ထောက်ပြပြော ဆိုနေသည်။

‘‘ဖြစ်စဉ်မှာ စာရွက်စာတမ်း တွေယူပြီးတော့ ချက်ချင်းပဲသ တင်းရသွားတယ်ဆိုတော့ အင်မ တန် စိတ်ဝင်စားစရာကောင်း တယ်။ ဒီစာရွက်စာတမ်းတွေရှိ တယ်ဆိုတော့ နောက်မှသိရတာ မဟုတ်ဘဲနဲ့လေ’’ ဟု ဂျပန်နိုင်ငံ အခြေစိုက် NHK သတင်းဌာန သတင်းထောက်ကိုသီဟသွေးက ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန်ကန့်ကွက်

သတင်းသမားများ သတင်း ကိစ္စဖြင့်ဖမ်းဆီးခံရခြင်းသည် စာ နယ်ဇင်း လွတ်လပ်ခွင့်အပေါ် ပြောင်ပြောင်တင်းတင်း ချိုး ဖောက်တိုက်ခိုက်ခံရခြင်းအတွက် မိမိတို့ ဒေါသထွက်မိသည်ဟု ရိုက်တာ သတင်းဌာနဥက္ကဋ္ဌ၊ အယ်ဒီတာချုပ်စတီဖင်ဂျေအက်ဒ် လာက သတင်းထောက်နှစ်ဦးဖမ်း ဆီခံရမှုကို သိရှိပြီးနောက်ကြေ ညာချက်ထုတ်ပြန်သည်။

‘‘ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ ဟာ မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင် ရာအရေးကြီးဖြစ်ရပ်တွေနဲ့ပတ် သက်လို့ သတင်းပို့နေတာဖြစ်ပါ တယ်။ သူတို့ရဲ့အလုပ်တွေနဲ့ပတ် သက်လို့ ဖမ်းဆီးခံရတယ်ဆိုတာ ကျွန်တော်တို့ဒီကနေ့ သိရပါ တယ်။ ဒီလိုမီဒီယာလွတ်လပ်ခွင့် အပေါ် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်တဲ့အတွက် ကျွန်တော် တို့ ဒေါသထွက်မိပါတယ်။ အာ ဏာပိုင်တွေအနေနဲ့ သူတို့ကိုချက် ချင်းလွှတ်ပေးပါလို့ ကျွန်တော်တို့ တောင်းဆိုပါတယ်’’ ဟု ရိုက်တာ သတင်းဌာန အယ်ဒီတာချုပ်က ဒီဇင်ဘာ ၁၄ ရက်တွင်ထုတ်ပြန် သည်။

ထို့အပြင် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်ကလည်း ရိုက် တာသတင်းထောက်နှစ်ဦးဖမ်းဆီး ခံရမှုသည် မြန်မာနိုင်ငံ၌မီဒီယာ လွတ်လပ်မှုပျက်ပြားနေခြင်းကို ပြသရာရောက်ကြောင်း ယမန်နေ့ က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အ ခြေအနေများနှင့်ပတ်သက်ပြီး သ တင်းရယူရန်ကြိုးစားသည့် ရိုက် တာသတင်းဌာနမှ မြန်မာသတင်း ထောက်နှစ်ဦးကို ဖမ်းဆီးခြင်း သည် သတင်းမီဒီယာလွတ်လပ် ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီးလက် ခံနိုင်စရာမရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ဖြစ်သည့် Human Rights Watch (HRW)ကလည်း ထုတ်ပြန်သည်။

အလားတူ ထိုင်းနိုင်ငံအခြေ စိုက် နိုင်ငံခြားသတင်းထောက် များကလည်း ရိုက်တာသတင်း ထောက်နှစ်ဦး ဖမ်းဆီးခံရမှုအ တွက် အလွန်စိုးရိမ်မိကြောင်းနှင့် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အ တွင်း အခြေအနေများကို သတင်း ထောက်များအား တိကျစွာသ တင်းရယူခွင့် ပြုသင့်ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံဆိုင် ရာ အမေရိကန်သံရုံးနှင့် ဗြိတိန်သံ ရုံးတို့ကလည်း သတင်းထောက် နှစ်ဦးသည် ရန်ကုန်မြို့တွင် ရဲအရာရှိများနှင့်တွေ့ဆုံရန် ဖိတ် ကြားခံရပြီးနောက် သမားရိုးကျ မဟုတ်သော ဖမ်းဆီးခံရသည့် အကြောင်းကြားသိရသဖြင့် များ စွာ စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ပြန်ခဲ့သည်။

မိသားစုနှင့် အဆက်အသွယ် မရ သေး

သတင်းထောက်နှစ်ဦးဖမ်း ဆီးခံရမှုသည် နှစ်ရက်ကြာမြင့်ခဲ့ သည်အထိ အာဏာပိုင်များက မိ သားစုဝင်များထံ ဆက်သွယ်အ ကြောင်းကြားလာခြင်း မရှိဘဲ သတင်းဌာနသို့လည်း အကြောင်း ကြားခြင်းမရှိသေးကြောင်း သ တင်းထောက်ကိုဝလုံး၏ ဇနီး မအိမွန်က ယမန်နေ့ညနေတွင် ပြောသည်။

‘‘ဘယ်မှာထားတယ်ဆိုတာ လည်း မသိရသေးဘူး။ ဘာမှ လည်း အကြောင်းမကြားသေး ဘူး’’ ဟု မအိမွန်ကပြောသည်။

တရားမ၀င်သတင်းရယူသည်ဆို သည့် အသုံးအနှုန်းကို သတင်း ထောက်များဝေဖန်

ဖမ်းဆီးခံသတင်းထောက် နှစ်ဦးနှင့်ပတ်သက်၍ ပြန်ကြား ရေးဝန်ကြီးဌာန၏ သတင်းထုတ် ပြန်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို ချဉ်းကပ်စည်းရုံးဆက်သွယ် ပြီး တရားမ၀င်သတင်းရယူ ဆောင်ရွက်ခဲ့သည်ဆိုသည့်အသုံး အနှုန်းနှင့်ပတ်သက်၍ သတင်း ထောက်များက ဝေဖန်သည်။ သတင်းရင်းမြစ်များကို ချဉ်းကပ် သတင်းရယူ၍ မိခင်သတင်းဌာန ပို့ခြင်းသည် သတင်းထောက်တာ ၀န်ဖြစ်သောကြောင့် အထက်ပါအသုံးအနှုန်းကိုဝေဖန်ခြင်းဖြစ်သည်။

‘‘သူတို့က သတင်းသမားရဲ့ အခွင့်အရေးအတိုင်းပဲ ရယူ တယ်။ စုံစမ်းသိရသလောက် ကျင့်ဝတ်နဲ့မညီဘဲနဲ့ ခိုးယူတာ၊ ခြိမ်းခြောက်ပြီးယူတာ၊ လာဘ် ပေးပြီးယူတာ မပါဘဲနဲ့ကြည် ကြည်ဖြူဖြူပေးတာပေါ့နော်။ သူ တို့က သတင်းသမားရဲ့သတင်း ယူတဲ့ အခြေခံအခွင့်အရေးရှိ တယ်။ အဲဒီအခွင့်အရေးအတိုင်းပဲ ရယူခဲ့တယ်လို့ သိရတယ်။ သူတို့ ဟာ ခုချိန်အထိ ကုန်ချောဖြစ်တဲ့ သတင်းထုတ်လုပ်တဲ့အဆင့်ထိ မရောက်သေးဘူး။ အသုံးပြုရခြင်း မရှိသေးဘူး။ အဲဒါကြောင့် သ တင်းရောင်းစားတယ်ဆိုတဲ့ စွပ်စွဲ ချက်ကြီးနဲ့ နာမည်ဖျက်ခံရတဲ့ သဘောမျိုးဖြစ်နေတာပေါ့နော်’’ ဟု The Voice သတင်းစာအယ်ဒီ တာချုပ်ဦးကျော်မင်းဆွေက သ တင်းထောက်နှစ်ဦးဖမ်းဆီးခံရမှု ကို အစိုးရသတင်းထုတ်ပြန်ချက် နှင့်ပတ်သက်၍ ပြောသည်။

‘‘ရဲတပ်ဖွဲ့ကနေ သတင်းပေး စရာရှိတယ်ဆိုပြီး ဖိတ်ခေါ်ပြီးမှ တော့ အဖမ်းခံရတယ်ဆိုရင် အဲဒီ အပေါ်မှာ ကျွန်တော်က သံသယ ရှိတယ်။ သူတို့သတင်းအချက်အ လက်ရမယ်လို့ သွားပြီးတော့မှ ဖမ်းတယ်ဆိုရင် ဒါဟာ တမင်တ ကာထောင်ချောက်ဆင်ခံရတာ လားဆိုတာပြောဖို့ ကျွန်တော့်မှာ တိကျတဲ့အချက်အလက်က မရှိ ဘူး။ ဒါပေမဲ့ အဲဒီလိုများဖြစ်နေ မလားဆိုတဲ့ သံသယတော့ရှိနေ တယ်ဗျ’’ ဟု ရန်ကုန်သတင်းစာ ကျောင်း (YJS) တည်ထောင်သူ ဦးရဲနိုင်မိုးက ပြောသည်။

ထို့ပြင် သတင်းထုတ်ပြန် ချက်တွင် ဖမ်းဆီးလက်ထိတ်ခတ် ခံထားရသော သတင်းထောက်နှစ် ဦးပုံသာပါရှိပြီး အရေးယူခံထားရ သည်ဆိုသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးပုံ မပါရှိပေ။

သတင်းထောက်နှစ်ဦးဖမ်း ဆီးခံရမှုနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်းမရှိဘဲ ဆက်သွယ် သတင်းပို့ အကြောင်းကြားခြင်း လည်း မရှိသေးကြောင်းယင်း ကောင်စီ၏ဒုဥက္ကဋ္ဌ(၁)ဦးအောင် လှထွန်းက ယမန်နေ့ညနေတွင် ပြောသည်။

ဖမ်းဆီးခံသတင်းထောက် နှစ်ဦးကို ဒီဇင်ဘာ ၁၃ ရက်တွင် ချက်ချင်းရမန်ယူရုံးထုတ်ခဲ့သည် ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့ရဲမှူး မင်းသန့်က ဘီဘီစီသတင်းဌာန အား ပြောဆိုထားသည်။

၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ-၃ သည် နိုင်ငံတော်ကိုဖြစ် စေ၊ နိုင်ငံအကျိုးကိုဖြစ်စေထိခိုက် စေသော ရည်ရွယ်ချက်ဖြင့် ပြု လုပ်ပါက ထောင်ဒဏ်သုံးနှစ်မှ ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

လက်ရှိအစိုးရလက်ထက် တွင် အစိုးရအဖွဲ့နှင့်တပ်မတော် က သတင်းထောက်များကို အမှု ဖွင့်မှု ခြောက်မှုရှိသည်။

More in News Section