အိတ်ပေါက်နဲ့ ဖားကောက်နေကြသူများ

မရောက်တာကြာပြီဖြစ်တဲ့ မြို့ထဲ ရောက်တော့ ဟိုဟိုဒီဒီကြည့်ရင်း သစ်လွင်လှပနေတဲ့ ဆူးလေဘု ရားဝန်းကျင်ကို သတိထားမိလိုက် ပါတယ်။ အရာရာဟာ အနာတရ တွေနဲ့ ဟောင်းနွမ်းမနေဘဲ သစ် သစ်လွင်လွင် လှလှပပနဲ့ ပြောင်း လဲနေကြတာတော့ အမှန်ပါပဲ။ အဆောက်အအုံအသစ်တွေ၊ ဆေးရောင်အသစ်နဲ့ ပြန်ရှိုင်းထား တဲ့အဆောက်အအုံတွေ၊ မြင်ကွင်း ရှင်းရှင်းနဲ့ သပ်ရပ်နေတဲ့ ဆူးလေ လမ်းမ၊ ခံ့ညားထည်ဝါနေတဲ့ မြို့ တော်ခန်းမ၊ စိမ်းစိမ်းစိုစို ဗန္ဓုလပန်းခြံတို့က ဆူးလေဘုရားအနီး မှာ ခြံရံလို့ တင့်တင့်တယ်တယ် ဖြစ်နေကြတာပါ။

မျက်စိရှေ့က မြင်ကွင်းတွေ ကို ငေးကြည့်ရင်းက ‘‘သာယာ လှပနေပေါ့ ရန်ကုန်’’လို့ ရေရွတ်မိ ပါတော့တယ်။ ဒီလိုဆိုတော့ လည်း ရန်ကုန်ဟာ ရှိုးစမိုးတွေ ထုတ်ထားတဲ့ ခပ်လန်းလန်း ကောင်မလေးစတိုင်အပြည့်နဲ့ပေါ့ လေလို့ တွေးမိပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း ပြုံးမိသွားပြန် ပါတယ်။

ဘယ်သူတွေ ဘာပဲပြော ပြော အရင်ကထက်စာရင် ရန်ကုန်ဟာ လန်းလာတာတော့ အမှန်ပါ ပဲ။ ပြုပြင်မွမ်းမံထားတဲ့ အ ဆောက်အအုံသစ်သစ်လွင်လွင် တွေ၊ ဘတ်စ်ကားအသစ်တွေ၊ ဘတ်စ်ကားမောင်းတဲ့ သူက လည်း လျှော်ဖွပ်သန့်စင် မီးပူကျ ထားတဲ့ ဝတ်စုံနဲ့ သန့်လို့၊ လန်းလို့။မြို့ထဲလမ်းမတွေဆိုလည်း အရင် လို လမ်းဘေးဈေးသည်တွေ၊ လူ တွေနဲ့ ရှုပ်ယှက်ခတ်မနေဘဲ လမ်း လျှောက်ရင် ဟိုလူ့ရှောင်၊ ဒီလူ့ ရှောင်နဲ့ ခန္ဓာကိုယ်ကို စွေလိုက်၊ စောင်းလိုက်၊ ရှောင်လိုက်၊ တိမ်း လိုက် သွားစရာမလိုတော့ဘဲ ကိုယ့်လမ်းကိုယ် တည့်တည့်မတ် မတ်၊ စမတ်ကျကျ လမ်းလျှောက် သွားရုံပဲလေ။ ပြောရရင် အခုမှပဲ ဇိမ်ကျကျ လမ်းလျှောက်ရသလို ပေါ့။

အဲသလို လန်းနေတဲ့ ရန်ကုန်၊ လှနေတဲ့ ရန်ကုန်လို့ တွေးမိတော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ကော လန်းကြရဲ့လား၊ အဆင်ပြေ ကြရဲ့လား၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကော တိုးတက် ပြောင်းလဲကြပြီလား၊ ဘဝတွေ လန်းကြရဲ့လားဆိုတဲ့အတွေးတွေ က တစ်ဆက်တည်း ပေါ်လာတော့တယ်။

ရန်ကုန်သူ၊ ရန်ကုန်သားတွေ ဘဝတွေလန်းသလား၊ မလန်းဘူး လား၊ စိတ်နှလုံးအေးချမ်းသာယာ မှုရှိကြရဲ့လားဆိုတာ သိချင်ရင် တော့ ဘယ်သူ့ကိုမှ တကူးတက လိုက်မေးနေစရာမလိုပါဘူး။ နေ့ စဉ်ထုတ် သတင်းစာတွေကို ဖတ် ကြည့်ရင် သိနိုင်တာပဲလေ။ သတင်းစာတွေက နေ့စဉ်လူမှုဘဝ အခြေအနေတွေ၊ လက်ရှိ ပစ္စုပ္ပန် မှာ ဖြစ်ပျက်နေကြတဲ့ အကြောင်း ခြင်းရာတွေကို ပြောပြပေးနေကြ တာကိုး။

ဒီရက်ပိုင်း သတင်းစာတွေ မှာ အဖတ်ရဆုံးသတင်းကတော့ စက်သုံးဆီဈေးမြင့်တက်နေမှုနဲ့ အလုပ်သမားတွေရဲ့ အခြေခံတစ် နေ့လုပ်ခဝင်ငွေ ၅၆၀၀ ဆိုတဲ့ ကိစ္စ နှစ်ရပ်ပါပဲ။ ဒီကိစ္စနှစ်ရပ်က ပြည် သူအများ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဆိုတော့ နှစ်ခုစလုံးက အရေးကြီးနေကြပါတယ်။

ရန်ကုန်မှာက တက္ကစီသမား တွေများတယ်။ စီးပွားရေးမြို့ တော်ဆိုတော့ လူနေထူထပ်ပြီး တက္ကစီတွေက မရှိမဖြစ် အရေးပါ တဲ့၊ တွင်တွင်ကျယ်ကျယ်အသုံးပြု နေကြတဲ့ အနေအထားပါ။ ဒါပေမဲ့တက္ကစီတွေ ပေါပေါများများရှိပြီး တွင်တွင်ကျယ်ကျယ်သုံးနေကြ ပေမယ့် တက္ကစီမောင်းသမားတွေ ကျတော့ အဆင်မပြေကြဘဲ ကျပ် ကျပ်တည်းတည်း၊ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေကြရတာ ကြာပါပြီ။

ဘာကြောင့်လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ရန်ကုန်မှာ တက္ကစီသမားတွေ ပေါများနေ ရတဲ့ကြားထဲ စက်သုံးဆီဈေးက တစ်နေ့တခြား တက်နေကြတာ ကိုး။ အရင်က တစ်ရက်ကို ဆီဖိုး တစ်သောင်းလောက်ကုန်ပေမယ့် အခုတော့ တစ်သောင်းခွဲဖိုး လောက် ထည့်နေရတော့ သူတို့ အတွက် လက်ကျန်ငွေနည်းသွား တာပေါ့။ အရင်က ဆီဈေး ၅၇၀၊ ၅၈၀ ကျပ်နဲ့ အဆင်ပြေနေပေ မယ့် အခု ဆီဈေးက ၈၀၀ ကျပ်နားကပ်နေပြီဆိုတော့ ခရီးသည်ရဖို့ ပတ်မောင်းနေရတာနဲ့ဆို ဘယ်လို မှ အဆင်မပြေကြတော့ဘူး။

ဆီဈေးတက်ပေမယ့် ခရီး သည်ကိုတော့ တိုးတောင်းလို့ လည်း မရပြန်ဘူး။ အရင်က ၁၅၀၀ ကျပ်နဲ့ သွားနေတဲ့ ခရီးကို ၂၀၀၀ ကျပ်တောင်းရင် ခရီးသည် က မစီးချင်ကြဘူးပေါ့။ အလုပ်ဖြစ်အောင် အရင်ဈေးနဲ့ပဲ လက်ခံ လိုက်ကြရတာများတော့ သူတို့အ တွက် မကိုက်တော့ဘူး။ အုံနာ ကြေးနဲ့ ဆီဖိုး တစ်သောင်းခွဲနုတ် လိုက်ရင် ကိုယ့်အတွက် တစ်ရက် ဝင်ငွေ တစ်သောင်း၊ တစ်သောင်း ခွဲကျန်ဖို့က ခက်ခဲနေရပြီ။ ဒီတော့ ရန်ကုန်မှာ တက္ကစီမောင်းသမား အများစုက အဆင်မပြေကြဘူး။ ခက်ခက်ခဲခဲ၊ ကျပ်ကျပ်တည်း တည်းနဲ့ ဘဝတွေ မလန်းကြဘူး ပေါ့။

အလုပ်သမားတွေရဲ့အခြေ ခံလုပ်အားခ တစ်နေ့ ၃,၆၀၀ ကျပ်က လက်ရှိ ကုန်ဈေးနှုန်းနဲ့က ဘယ်လိုမှ မအပ်စပ်နိုင်တာတော့ အမှန်ပါပဲ။ သားငါးဈေးတွေက ကြီးတဲ့အပြင် ရာသီဥတုဖောက် ပြန်မှုတွေကြောင့် ဆန်စပါးနဲ့ သီးနှံတွေလည်း ပျက်စီးကြတာမို့ စား သုံးသီးနှံဈေးတွေလည်း မြင့်တက် ကုန်တယ်။ မီးဖိုချောင်စရိတ်စက တွေက အရင်ကထက် ပိုပြီး ကုန် ကျလာတော့တယ်။ ဘယ်တုန်းက မှ မကြုံဖူး၊ မကြားဖူးတဲ့ ဈေးနှုန်း တွေဖြစ်လာတယ်။ အခြေခံစား သောက်ကုန်ဖြစ်တဲ့ ဆန်ဈေး၊ ဆီ ဈေးအပြင် ကြက်သွန်နီ၊ မန် ကျည်းသီးကအစ ရှားရှားပါးပါး ဖြစ်လာကြတာမို့ အလုပ်သမား တွေရဲ့ တစ်ရက်လုပ်အားခ ၅,၆၀၀ ကျပ် တောင်းတာက လည်း သဘာဝကျနေတာပေါ့။

အဓိကပြဿနာက ကုန်ဈေး နှုန်းပြဿနာပါ။ တက္ကစီမောင်းသ မားတွေလည်း စက်သုံးဆီဈေး တွေသာ မတက်ခဲ့ရင် အလုပ်သ မားတွေလည်း အခြေခံစားကုန်၊ သောက်ကုန်တွေ ဈေးမတက်ခဲ့ ရင် ဘဝတွေ အဆင်ပြေကြမှာပါ။ စက်သုံးဆီကတော့ စင်ကာပူက ဝယ်ယူရတာဆိုတော့ ဒေါ်လာ ဈေးတက်ရင် ဆီဈေးကလည်း တက်တာပေါ့။ အခြေခံစား သောက်ကုန်တွေကလည်း ရာသီ ဥတုဒဏ်ကြောင့် သီးနှံအထွက် နည်းလို့ ဈေးတွေတက်တာ၊ ဒါ လည်း သဘာဝကျပါတယ်။ ဒါပေ မဲ့ စဉ်းစားဆင်ခြင်ကြည့်ရမှာက၊ စုံစမ်းစစ်ဆေးကြည့်ရမှာက ဈေး နှုန်းတွေက တက်သင့်တက်ထိုက် တာထက် ပိုပြီး ဈေးတွေတင်နေ ကြသလားဆိုတာပါ။ ဒေါ်လာ ဈေးတက်တာကို အကြောင်းပြ ပြီး၊ ရာသီဥတုဒဏ်ကို အကြောင်းပြပြီး ပိုပြီး အခွင့်အရေးယူ၊ ပိုပြီး အမြတ်အစွန်းယူနေကြသလား ဆိုတာပါ။

ကုန်ဈေးနှုန်းဆိုတာကတော့ အတက်အကျဆိုတာ ရှိစမြဲပေါ့။ ဒါပေမဲ့ ဘာကြောင့် တက်တာလဲ၊ ဘာကြောင့် အတက်ကြမ်းတာလဲ၊ ဘာကြောင့် မကျသေးတာလဲ ဆိုတာတွေကို လေ့လာသိရှိနိုင်ဖို့၊ အဖြေရှာဖော်ထုတ်နိုင်ဖို့တော့ လိုအပ်ပါတယ်။ သက်ဆိုင်ရာနယ် ပယ်အလိုက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး စုံစမ်းမှုပြုနိုင်ရင် ကောင်းတာပေါ့။ လေ့လာ၊ သုံးသပ်၊ စိစစ်ရင်းကနေ လိုအပ်ချက် တွေ၊ ဟာကွက်တွေ အဖြေတစ်ခုခုတော့ ရလာမှာပဲလေ။ အနည်း ဆုံးတော့ ကုန်ဈေးနှုန်းတွေ နည်း မှန်၊ လမ်းမှန်နဲ့ အတက်အကျဖြစ် လာနိုင်မယ်။ အတတ်နိုင်ဆုံး ကုန် ဈေးနှုန်းကို တည်ငြိမ်အောင် ထိန်း ညှိလို့ ရလာနိုင်တယ်။

ပြဿနာတစ်ခုကို ဘာ ကြောင့်ဖြစ်တာလဲ၊ ဘာအတွက် ဖြစ်တာလဲ ဆိုတဲ့ ဇာစ်မြစ်ကို မရှာ ဖွေနိုင်သရွေ့တော့ ပြဿနာတွေ က ပြီးဆုံးမသွားဘဲ အထိန်းအကွပ်မဲ့၊ အကန့်အသတ်မဲ့ဖြစ်နေကြဦး မှာပါပဲ။

ခုတော့ ကျွန်မတို့ ပြည်သူ ပြည်သားတွေ ဘဝရှင်သန်ရေး အတွက် စီးပွားရှာနေကြရတာက အိတ်ပေါက်နဲ့ ဖားကောက်နေကြ ရသလိုပဲနော်။။