‘ရှုထောင့်’ မှုခင်းနှင့်သတင်းဂျာနယ် နှစ်(၂၀)ပြည့်အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် သဝဏ်လွှာပေးပို့ခြင်းအပေါ် ဝေဖန်မှုများရှိ

 ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ သည့် ရှုထောင့်မှုခင်းနှင့် သတင်း ဂျာနယ်၏ နှစ်(၂၀)ပြည့်အထိမ်း အမှတ် အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ခြင်းအပေါ် မီဒီယာသမားအချို့က ဝေဖန်မှု များထွက်ပေါ်နေသည်။

မှုခင်းကျဆင်းရေး ရည်ရွယ် ချက်ဖြင့် နှစ်ပေါင်း ၂၀ တိုင် ထုတ်ဝေဖြန့်ချိနိုင်ခဲ့ခြင်းအတွက် လည်းကောင်း၊ ရှုထောင့်မှုခင်းနှင့် သတင်းဂျာနယ်၏ မှုခင်းသတင်း ထောက်များက အင်တိုက်အား တိုက် ဆောင်ရွက်နေသည့် လူမှု ရေးကူညီမှု ပရဟိတလုပ်ငန်းများ အတွက်လည်းကောင်း ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

တိုင်းပြည်နှင့် ပြည်သူ့ အကျိုးအတွက် ပရဟိတလုပ်ငန်း များကို ဆတက်ထမ်းပိုး တိုး၍ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါ စေကြောင်း ဆုမွန်ကောင်းတောင်း အပ်သည်ဟုလည်း ပါရှိသည်။

သို့သော် မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာ လောကအတွင်း ဝေဖန်ခံနေရ သည့် အဖွဲ့အစည်းတစ်ခုဖြစ်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သဝဏ်လွှာ ပေးပို့ခြင်းသည် သတင်းမီဒီယာအကြောင်း မသိ ခြင်းကြောင့်ဖြစ်သည်ဟု မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်ကပြောကြားသည်။

သဝဏ်လွှာအတွင်း ထည့် သွင်းသုံးစွဲထားသည့် စကားလုံး များနှင့်ပတ်သက်၍လည်း ၎င်းက ဝေဖန်သည်။ ‘‘အဲဒီထဲမှာ ရေး ထားတဲ့ တိုင်းပြည်အကျိုးဘာညာ အဲဒီလိုဟာမျိုးတွေအရဆိုရင် တကယ် သတင်းလောကက ဖတ် တဲ့လူက ရယ်စရာကြီးဖြစ်နေတာ ပေါ့’’ဟု ၎င်းကပြောသည်။

ထို့ကြောင့် အာဏာပိုင်များ အနေဖြင့် ကျင့်ဝတ်နှင့်အညီ ရပ်တည်နေသော အဖွဲ့အစည်း များကိုသာ အသိအမှတ်ပြုသင့် ကြောင်း မြန်မာဂျာနယ်လစ်ကွန် ရက် အလုပ်အမှုဆောင် ဦးဇေ ယျာလှိုင်က မှတ်ချက်ပြုသည်။

‘‘ကျင့်ဝတ်နဲ့အညီ မကျင့်တဲ့အဖွဲ့အစည်းတွေကို အာဏာပိုင်တွေ ကပါ မြှောက်ပေးတယ်ဆိုရင် အဲဒီအာဏာပိုင်တွေကပါ ကျင့် ဝတ်နဲ့မညီတဲ့ ကျူးလွန်မှုတွေကို သူတို့ပါရောပြီး ကျူးလွန်နေကြ တယ်။ ဒါမှမဟုတ် ဘယ်ဟာ အမှန်၊ ဘယ်ဟာအမှားဆိုတာ ခွဲ ခြားတတ်တဲ့ ဆင်ခြင်တုံတရား နည်းတယ်လို့ပဲ ကျွန်တော်ကမြင် ပါတယ်’’ဟု ၎င်းက ပြောကြားသည်။

 မြောက်ဥက္ကလာပမြို့နယ် ခန်းမ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် ယင်းအခမ်းအနားသို့ ဒီချုပ်အမတ်များဖြစ်သည့် အမျိုး  သား ကိုယ်စားလှယ် ဒေါက်တာ ဌေးကြွယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး ဇော်လွင်တို့လည်း တက်ရောက် ခဲ့ပြီး ဝန်ကြီးချုပ်၏ သဝဏ်လွှာကို ဒေါက်တာ ဌေးကြွယ်က ဖတ် ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းသည် ဖိတ် ကြားခံရ၍ဖြစ်ပြီး လေးစားမှုဖြင့် ဝန်ကြီးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ကြောင်း အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဌေးကြွယ်က ပြော သည်။ ‘‘ဝေဖန်မှုတွေတော့ ရှိနိုင် တာပေါ့။ ကျွန်တော်တို့အနေနဲ့က တော့ ကူညီတဲ့အနေနဲ့၊ ကွက်လပ် တစ်ခုကို ဖြည့်စွက်တဲ့အနေနဲ့ပဲ သွားတက်တာ’’ ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်း (MCRA) ဗဟိုအဖွဲ့ချုပ်ကို တရားဥပဒေစိုး မိုးရေးနှင့် မှုခင်းကျဆင်းရန် ရည်ရွယ်ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်း တည်ထောင်သူနှင့် ပူးတွဲဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ပြောကြားထားသည်။

ထို့အပြင် မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များအသင်းကို မှုခင်းရှုထောင့် သတင်းအေဂျင်စီ မှ ပရဟိတ လုပ်ကိုင်လိုသည့် မှုခင်းသတင်းထောက်များဖြင့် စု စည်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ‘ရှုထောင့်’ မှုခင်းနှင့် သတင်း ဂျာနယ် တည်ထောင်ထုတ်ဝေသူ နှင့် အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည့် ၎င်းကပင်ပြောသည်။

‘ရှုထောင့်’မှုခင်းနှင့်သတင်း ဂျာနယ်ကို ၁၉၉၇ တွင် စတင် ထုတ်ဝေခဲ့သည်။ ယင်းသတင်း ဂျာနယ်မှ နိုင်ငံတစ်ဝန်းတွင် ထောင်နှင့်ချီသော သတင်း ထောက်များကို အခြေခံကာ ၂၀၁၆ တွင် မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်းကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် အဆိုပါအသင်းဝင် အချို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းမီဒီယာ  အ သိုင်းအဝိုင်းတွင်သာမက ပြည်သူ များကြားတွင်လည်း ဝေဖန်မှုများ ရှိသည်။ ထို့အပြင် ပြည်တွင်း အခြေစိုက် မီဒီယာအဖွဲ့အစည်း များကလည်း ယင်းအသင်းဝင်များ ၏ အပြုအမူနှင့် ပတ်သက်၍ စိ စစ်ကြပ်မတ်ပေးရန် တောင်းဆိုမှု များရှိသည်။

မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်းက ရောင်းချ သော တံဆိပ်နှင့် ယူနီဖောင်းများ ဝတ်ဆင်၍ သတင်းထောက်ဟု ပြောဆိုကာ သတင်းရင်းမြစ်များ ထံမှ ခြိမ်းခြောက်ငွေတောင်းယူမှု များ နိုင်ငံအနှံ့တွင် တွေ့မြင်နေရ ကြောင်း မြန်မာဂျာနယ်လစ်ကွန်  ရက် အပါအဝင် မီဒီယာအဖွဲ့ အစည်း ၁၁ ခုက ယခုနှစ်ဧပြီတွင် စုပေါင်းထုတ်ပြန်ခဲ့သည့် ကြေ ညာချက်၌ ဖော်ပြထားသည်။

သတင်းစုံစမ်းရေးသားမှုကို အခြေပြု၍ ငွေကြေးတောင်းရမ်းခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများကို သတင်းပေးခြင်းတို့သည် သတင်း သမားများ လိုက်နာရမည့် မီဒီ ယာကျင့်ဝတ်ကို တိုက်ရိုက်ချိုး ဖောက်ရာကျကြောင်း ယင်းကြေ ညာချက်၌ ပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မြန်မာနိုင်ငံ မှု ခင်းသတင်းထောက်များအသင်း (ဗဟိုအဖွဲ့ချုပ်)သို့ ပေးပို့ခဲ့သည့် စာတွင်လည်း သတင်းထောက် အချို့သည် သတင်းမီဒီယာကျင့် ဝတ်နှင့်မညီဘဲ ဥပဒေမဲ့အလုပ် များ လုပ်ဆောင်နေကြောင်း ခိုင် လုံသောသတင်းများ ရရှိထား သည်ဟု ဖော်ပြခဲ့သည်။