တရုတ်သတင်းစာတွင် ဝေဖန်ခံရပြီးနောက် မူဆယ်မြို့၌ နိုင်ငံခြားသားများထံမှ ငွေတောင်းရမ်းသူများကို အရေးယူရန်စီစဉ်

တရုတ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ဝင်လာသော နိုင်ငံခြားသားများထံမှ ငွေကြေးလိုက်လံတောင်းခံနေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − စန်ရဲ)

တရုတ်နယ်စပ်မှတစ် ဆင့် မူဆယ်သို့ ဝင်ရောက်လာ သည့် နိုင်ငံခြားသားများထံမှ လေ လွင့်ကလေးငယ်နှင့် အမျိုးသမီး များက ငွေကြေးတောင်းခံနေ သော ဓာတ်ပုံများ တရုတ်သတင်း စာအချို့တွင် ပါလာပြီးနောက် ယင်းတောင်းရမ်းသူများကို စောင့် ကြည့်အရေးယူရန် စီစဉ်နေ ကြောင်း မူဆယ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောကြား သည်။

မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့ နယ်စပ်နေရာ များတွင် လေလွင့်ကလေးငယ်များနှင့် အမျိုးသမီးများက နိုင်ငံခြား သားခရီးသည်များထံမှ ဆိုးရွား သော အပြုအမူများဖြင့် ငွေကြေး တောင်းခံနေသော ဓာတ်ပုံနှင့် သတင်းများကို တရုတ်နိုင်ငံထုတ် သတင်းစာအချို့တွင် ဒီဇင်ဘာ ၁၂ ရက်က ဖော်ပြခဲ့သည်။

တရုတ်သတင်းစာအချို့၏ ရေးသားချက်တွင် မြန်မာဘက်မှ လေလွင့်တောင်းရမ်းသူများကို ငွေကြေးမပေးပါက တရုတ်ဘာ သာစကားဖြင့် အဆဲခံရသည်ဟု ပါရှိသည်။

ထို့အပြင် ၎င်းတို့အား အ ရေးယူမှုနည်းပါးပြီး နောက် ကွယ်မှ တောင်းရမ်းခိုင်းသူကို ဖော်ထုတ်ရန်လိုကြောင်း ရေး သားထားသည်။ တရုတ်သတင်း စာ ထိန်ရွှင့်တွင် ယင်းအကြောင်း အကျယ်တဝင့်ဖော်ပြထား၍ နယ် စပ်ချင်း ထိစပ်နေသော ဒေသခံ များအနေဖြင့် သိက္ခာကျစရာဖြစ် ကြောင်း မူဆယ်မြို့ခံများကပြော သည်။

မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင် နှင့် မူဆယ်မြို့မရဲစခန်းမှူး ဒုတိ ယရဲမှူးအေးမြင့်က လေလွင့် ကလေးငယ်နှင့် အမျိုးသမီးများ ကို အရေးယူနိုင်ရေး အဖြေရှာနေကြောင်း ပြောသည်။

‘‘အရင်တုန်းက အဲဒီလို တောင်းတာတွေလုပ်လို့ မြို့ခံ လူမှုရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ကလေးတွေကို ဓမ္မစကူးကျောင်း တွေ ပို့ခဲ့တယ်။ အခုတစ်ခါပြန် ဖြစ်လာတယ်။ ကျွန်တော်တို့ ဒီ ထက် တင်းတင်းကျပ်ကျပ်ဆောင် ရွက်သွားဖို့ လုပ်နေပါတယ်’’ဟု ဒု ရဲမှူးအေးမြင့်ကပြောသည်။

‘‘တရုတ်ဘက်က ဝင်လာတဲ့ သူတွေကို ခြေထောက်အတင်းဆွဲ ပြီး တောင်းတာတွေလုပ်တယ်။ တရုတ်တွေက ဓာတ်ပုံတွေရိုက် ပြီး အွန်လိုင်းပေါ်တင်တယ်။ အ ရပ်ဘက် လူမှုရေးအဖွဲ့တွေက တားရင် ဆဲဆိုရန်ပြုကြတယ်’’ဟု  မူဆယ်မြို့ မြင့်မြတ်မောင်မယ် ပရဟိတအဖွဲ့မှ ကိုစန်ရဲကပြော သည်။

တောင်းရမ်းသူများကို အ ရေးယူနိုင်ရေး ဌာနဆိုင်ရာအဖွဲ့ အစည်းများဖြင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင် က ပြောသည်။ မူဆယ်မြို့ပေါ်နေရာအချို့နှင့် နယ်စပ်ဂိတ်နေ ရာများအပြင် တရုတ်နိုင်ငံ ကြယ် ခေါင်မြို့ဘက် အခြမ်းတွင်လည်း ယင်းကဲ့သို့ ဖြစ်ရပ်များရှိသည်ဟု တာဝန်ရှိသူများကဆိုသည်။ ပြီး ခဲ့သည့် လအနည်းငယ်အတွင်း တရုတ်နိုင်ငံ ရွှေလီဘက်မှ အုပ်ချုပ်ရေးတာဝန်ရှိသူအချို့ မူဆယ်မြို့သို့ လာရောက်စဉ် လေလွင့်တောင်းရမ်းသူများက ခြေထောက်ကိုဖက်၍ ငွေကြေး တောင်းခံမှုကြောင့် ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများ မျက်နှာပျက်စရာဖြစ်ခဲ့သည်။ တရုတ်နိုင်ငံသားအများအပြား လာလေ့ ရှိသော မူဆယ်မြို့ စည်ပင်သာ ယာ အမှတ်(၁)ဈေးနှင့် နယ်စပ်ဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့တွင် လေလွင့်တောင်းရမ်းသူ အများအပြားရှိ ကြောင်း ဒေသခံများက ပြော သည်။

မူဆယ်မြို့တွင် လေလွင့် ကလေးငယ်အရေး ဖြေရှင်းရန်ဓမ္မစကူးကျောင်းငါးကျောင်း ဖွင့် ထားကာ တနင်္ဂနွေနေ့တိုင်း စာသင်ကြားပေးနေကြောင်း ဒေသခံလူမှုရေးပရဟိတ အဖွဲ့များက ပြောသည်။