၂၀၁၈ တက္ကသိုလ်​၀င်​စာ​မေးပွဲအချိန်​စာရင်း ​ကြေညာ

၂၀၁၈ တက္ကသိုလ်​၀င်​စာ​ မေးပွဲ အချိန်​စာရင်းကို ပညာ​ရေးဝန်​ကြီးဌာနက ​ကြေညာသည်။ တက္ကသိုလ်​၀င်​စာ​မေးပွဲကို  ၂၀၁၈မတ်​လ ၇ ရက်​မှ ၁၆ရက်​​အထိ တစ်နိုင်​ငံလုံး စစ်​​ဆေးမည်ဖြစ်​သည်​။

မတ်​လ ၇ ရက်​တွင်​ မြန်​မာစာ၊ ၈ ရက်​တွင်​ အင်္ဂလိပ်​စာ၊ ၉ ရက်​တွင်​ သင်္ချာ၊ ၁၂ ရက်​တွင်​ ဓာတု​ဗေဒ နှင့်​ စိတ်​ကြိုက်​မြန်​မာစာ၊ ၁၃ ရက်​တွင်​ ရူပ​ဗေဒ၊  ၁၄ ရက်​တွင်​ ဇီဝ​ဗေဒနှင့်​ ဘောဂဗေဒ၊ ၁၅ ရက်​တွင်​ ပထ၀ီဝင်​၊ ၁၆ ရက်​တွင်​ သမိုင်းဘာသာရပ်​များကို​ ဖြေဆိုရမည်ဖြစ်​သည်​။ မတ်​လ ၁၀ ရက်​ (စ​နေ) နှင့် ၁၁ ရက်​ (တနင်္ဂ​နွေနေ့) များတွင်​  စာ​မေးပွဲမကျင်းပဘဲ ရပ်နားမည်​ဖြစ်​သည်​။


 ယခုနှစ်​၌ တက္ကသိုလ်ဝင်​ စာ​မေးပွဲ ​မေးခွန်းအချို့ကို အ လွတ်ကျက်​​ဖြေဆိုရသည့် ပုံစံ အစား စဉ်းစား​တွေး​ခေါ်​ဖြေဆိုရ သည့်​ ပုံစံ​​ပြောင်းလဲမည်​ဟု ၀န်​ကြီးဌာနက ကြေညာထားသည်​။

နိုဝင်​ဘာ ၂၅ ရက်​အထိ စာရင်းအရ ၂၀၁၈ တက္ကသိုလ်​၀င် စာ​မေးပွဲဖြေဆိုရန်​ ​လျှောက်​ထား သည့်​ ​ကျောင်းသား​၊ ​ကျောင်းသူ၈၄၀,၀၀၀​ ခန့်ရှိပြီး ယခင်နှစ်ထက်​​၈၀,၀၀၀  ခန့်တိုးလာသည်။

ယခုနှစ်​ တက္ကသိုလ်​၀င်စာ​မေးပွဲတွင်​ အထက်​တန်းပြ ဆရာ၊ဆရာမအားလုံး စာမေးပွဲအဖြေ လွှာ စစ်​​ဆေးရမည်​ဖြစ်ပြီး စစ်ဆေးခ တစ်​အုပ်​လျှင်​ ယခင်​ ကျပ်​၇၀ ​ပေးအပ်​ရာမှ ကျပ်​ ၃၀၀ သို့ တိုးမြှင့်ပေးမည်ဟု မြန်မာနိုင်​ငံစာစစ်​ဦးစီးဌာနက ​ကြေညာထားသည်​။