နဝမတန်းကျောင်းသူကို တည်းခိုခန်းတွင် ပိတ်လှောင်အဓမ္မကျင့်သူအား အလုပ်နှင့် ထောင်ဒဏ် ၂၃ နှစ်ချ

နဝမတန်းကျောင်းသူ တစ်ဦးကို အွန်လိုင်းမှတစ်ဆင့် ဖြားယောင်းကာ တည်းခိုခန်း၌ ပိတ်လှောင်ပြီး အဓမ္မကျင့်သူအား အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ် ကျခံစေရန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာ ၁၉ ရက် တွင် အမိန့်ချမှတ်သည်။

ပြစ်ဒဏ်ချမှတ်ခံရသူ တရား ခံ သန်းကိုကိုမောင်သည် ၂၀၁၆ စက်တင်ဘာအက (၁၅) နှစ်အရွယ် ကိုးတန်းကျောင်းသူနှင့် Bee Talk မှတစ်ဆင့် သမီးရည်းစားဖြစ်ပြီးနောက် ပထမဆုံး  လူချင်းတွေ့သည့်အချိန်တွင် အချိုရည်ထဲသို့ မူးယစ်စေသော ဆေးဝါးများထည့်တိုက်ခဲ့ပြီး မြောက်ဒဂုံမြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ ပိတ်လှောင်ကာ အဓမ္မပြုကျင့်ခဲ့ ခြင်းကြောင့် ကျောင်းသူ၏မိခင်က တရားစွဲခြင်းဖြစ်သည်။

တရားခံ သန်းကိုကိုမောင် ကို ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ် နှစ် ၂၀ ၊ လူခိုးမှုပုဒ်မဖြင့် ထောင် ဒဏ် သုံးနှစ် သီးခြားစီကျခံစေရန် ချမှတ်သည်။

 နဝမတန်းကျောင်းသူ မိ ခင်က ‘‘အမိန့်ချတာ နည်းတယ်၊ သမီးက ဘယ်သူမေးမေးပြော တယ်၊ သူ့ကို အဲဒီတည်းခိုခန်းမှာ လူနှစ်ယောက်လောက်ရှိတယ်၊ ပြုကျင့်တာ၊ ဒါ ရောင်းစားတာ ဖြစ်သွားပြီ၊ လူကုန်ကူးတာ၊ တည်းခိုခန်းမှာ သုံးရက်လောက် ပိတ်ထား တယ်၊ အချိုရည်တွေတိုက်တယ်၊ အဲဒီအချိုရည်ဘူးတွေ၊ သက်သေတွေက ရဲဆီမှာ ပျောက်ကုန်တယ်’’ဟု အမိန့်ချခြင်းနှင့်ပတ်သက်၍ ပြောသည်။၂၀၁၇ နိုဝင်ဘာအထိ တစ် နိုင်ငံလုံးတွင် သက်ငယ်မုဒိမ်းမှုခုနစ်ရာကျော်ဖြစ်ပွားခဲ့သည်။ အ ဆိုပါစာရင်းကို လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ပြီး ယမန်နှစ် တစ်နှစ်လုံး၏ သက်ငယ်မုဒိမ်းဖြစ် ပွားမှုထက် ၈၂ မှု ပိုများခဲ့သည်။ စာရင်းအရ သက်ငယ်မုဒိမ်းမှု သည် ရန်ကုန်တိုင်း၌ အများဆုံး ဖြစ်ပွားပြီး ဧရာဝတီတိုင်းတွင် ဒုတိယအများဆုံးဖြစ်ပွားသည်။

More in News Section