ခရီးသွားများကို ဆွဲဆောင်နိုင်ရန် လွိုင်ကော်မြို့တွင် ညဈေးဖွင့်မည်

ညဈေးကိုလွိုင်ကော်မြို့ရှိ နောင်ယားကန်သာအနီးတွင်ဖွင့်လှစ်မည်ဖြစ်သည်။ ဓာတ်ပုံ − Lin Zaw Htut FB

ကယားပြည်နယ်သို့ လာ ရောက်လည်ပတ်သော ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် လွိုင်ကော်မြို့တွင် ညဈေးတန်းတစ်ခု ယခုလအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ် က ပြောသည်။


‘‘ကယားပြည်နယ်မှာ ခရီး သွားနဲ့ပတ်သက်တဲ့ ညဈေးလေး တစ်ခု ရှိသင့်တယ်လို့ တင်ပြတဲ့ အခါ ပြည်နယ်အစိုးရဲ့ အစီအစဉ် နဲ့ လွိုင်ကော်မြို့တော် စည်ပင်က နေ ဦးစီးပြီးတော့ အကောင်အ ထည်ဖော်တာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

လွိုင်ကော်ညဈေးဖွင့်လှစ် ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ် အစိုးရတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ် ပြီး ပြည်နယ်ဝန်ကြီးချုပ် ခွင့်ပြု ချက်ရရှိပြီဖြစ်၍ ယခုလအတွင်း စတင်ဖွင့်လှစ်မည်ဟု ၎င်းက ဆို သည်။

 အဆိုပါ ညဈေးတန်းကို လွိုင်ကော်မြို့ နောင်ယားကန်အ နီးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကနဦး ၌ ဆိုင်ခန်း ၈၀ ခန့် ပါဝင်မည်ဖြစ် ကာ ဈေးဖွင့်ချိန်ကို ညနေ ၃ နာရီ မှ ည ၁၀ နာရီအထိ သတ်မှတ် ထားကြောင်း ၎င်းကဆိုသည်။

‘‘ကနဦးအနေနဲ့ ဒေသထွက်  အစားအစာတွေ ရောင်းချပေးတဲ့ ဆိုင်အများစုနဲ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ လက်မှု ပစ္စည်းနဲ့ အမှတ်တရပစ္စည်းအ ရောင်းဆိုင်လေးတွေလည်း ထည့် သွင်းရောင်းချသွားဖို့ စီစဉ်မှာဖြစ် ပါတယ်’’ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။

ကယားပြည်နယ်သို့ ခရီး သွားဧည့်သည် ဝင်ရောက်မှုနှုန်း မြင့်တက်နေပြီး ယခုနှစ် ဇန်နဝါရီ မှ နိုဝင်ဘာလကုန်အထိ ပြည် တွင်းခရီးသည် ၂၈,၀၀၀ ကျော် နှင့် နိုင်ငံခြားသား ခရီးသွားဧည့် သည် ၉,၀၀၀ ခန့် ဝင်ရောက် ကာ ယမန်နှစ်ကထက် ၅၀ ရာခိုင် နှုန်းခန့် တိုးတက်လာကြောင်း က ယားပြည်နယ် ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ဆက်လက်ပြော ကြားသည်။