ဆောင်းရယ် နှင်းရယ် ဇာတ်ပွဲတွေရယ်

ဆောင်းနှင်းဝေတဲ့ ××× မနက်ခင်းရယ် ××× လွမ်းဆွတ်မှုတွေ × ×× ပိုများတယ် ××× မေရယ် ××× တစ်ကိုယ်ရေတည်း ××× ကွယ်×××မေရယ် ××× တစ် ကိုယ်ရေတည်းမို့ ××× နှင်းဝေ တဲ့ဆောင်းမှာ ××× သိပ်လွမ်း မယ် ×××

လွန်ခဲ့တဲ့ ၂၅ နှစ်လောက် တုန်းက အဆိုတော်ခိုင်ထူးရဲ့ နှင်းဝေတဲ့ဆောင်း သီချင်းလေးပါ။ ဆောင်းရာသီရောက်တိုင်း ဒီသီ ချင်းလေးကို မှတ်မှတ်ရရဖြစ်နေမိ ပြီး အေးအေးချမ်းချမ်း နှင်းတွေ ဝေနေတဲ့ မနက်ခင်းလေးတွေက လွမ်းစရာ ကောင်းနေကြတာ တော့ အမှန်ပဲပေါ့။

ဟိုး... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလတွေတုန်းက ဒီဇင် ဘာဆောင်းတွေက ဆောင်းပီပီပဲ အလွန်အေးခဲ့ကြတာလေ။ မနက် ၈ နာရီ၊ ၉နာရီလောက်ထိ နှင်း ငွေ့တွေနဲ့ ပိန်းပိတ်အောင် ဖြူလွ နေခဲ့ကြတာ။ မနက်ခင်း နေခြည် နုနုလေးတွေက နှင်းမကွဲသေး တာ ကြောင့် နှင်းကွယ်ပျောက်တဲ့အထိ စိတ်ရှည်လက်ရှည် စောင့်နေရတဲ့ အဖြစ်ပေါ့။

အခုဆောင်း ရာသီကတော့ နှင်းပျောက်တဲ့ဆောင်းလို့ပဲ ဆိုရ ပါတော့မယ်။ နှင်းပျောက်တဲ့နွေ မဟုတ်ဘဲ နှင်းပျောက်တဲ့ဆောင်း လို့ သီချင်းဆိုရမလို ဖြစ်နေကြရ ပြီ။ ဆောင်းရယ်နှင်းရယ် ဒီဇင် ဘာရယ်ဆိုတာ တစ်သားတည်း မဖြစ်ကြတော့ဘဲ သီးခြားစီဖြစ်နေ ကြရော့သလားပဲ။

ဟိုး...အရင်တုန်းကတော့ ဒီဇင်ဘာဆိုတာက အခုလိုထီး တည်းကြီးမဟုတ်။ အခုလိုခြောက် ခြောက်သွေ့သွေ့ ကြီးလည်း မဟုတ်။ နှင်းမှုန်နှင်းငွေ့လေးတွေ စိုစွတ်ပြီး လောကတစ် ခွင်လုံးမှာ အဖြူရောင် နှင်းဝတ်ရုံလွှာစထူ ထူက လွှမ်းခြုံနေတော့တာ။ အသည်းစိမ့်အောင်အေးတဲ့ မနက် ခင်းတွေက ဆောင်းရဲ့သရုပ်ကို ပီပြင်ခဲ့ကြတာပေါ့။

 အေးချမ်းတဲ့ ဆောင်းကို  အန်တုပြီး မနက်စောစာမှာ လမ်း လျှောက်ပွဲတွေ ကျင်းပခဲ့ကြတယ်။ အနွေးထည်တွေ၊ ခေါင်းစွပ်တွေ နဲ့ ရပ်ကွက်ထဲက လူကြီးလူငယ် ကလေးတွေပါမကျန်  လမ်းထ လျှောက်ခဲ့ကြတာ မှတ်မိသေး တယ်။ လွတ်လပ်ရေးပွဲတော် အဖြစ် ဇာတ်ပွဲတွေ ရုံသွင်းကပြခဲ့ တာ အခုလို ဆောင်းတွင်းမှာပေါ့။ တစ်ဆောင်းတွင်းလုံးလိုလို ဇာတ် ပွဲတွေက ရှိနေကြတာ။ ကျွန်မတို့ မှာ ချမ်းချမ်းစီးစီးနဲ့ ညလုံးပေါက် မိုးအလင်း ဇာတ်ပွဲတွေကြည့်ခဲ့ကြ ရတာပေါ့။ နှင်းငွေ့တွေလွှမ်းခြုံ ထားတဲ့ ဆောင်းညတွေဟာ ပွဲ ခင်းက ဆိုင်းသံ၊ ဗုံသံသီချင်းသံ တွေ၊ ပွဲဈေးတန်းတစ်လျှောက်က ကြော်သံ လှော်သံ လူခေါ်သံတွေ နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် နွေးနွေးထွေး ထွေး ဖြစ်ခဲ့ကြတာပေါ့။

ဇာတ်ပွဲတွေ တစ်ဖွဲ့ပြီးတစ် ဖွဲ့ ပြောင်းသွားပေမယ့် မြို့ခံ လူထုပရိသတ်ကတော့ ရုံပြည့်ရုံ လျှံ အားပေးကြတာပါပဲ။ ဘယ် လောက်ပဲ အိပ်ရေးပျက်၊ အစား ပျက်ကြပေမယ့် အချိန်တန်လို့ ဗေထိဆိုတဲ့အသံ ကြားရရင် မနေ နိုင်ကြတော့ဘဲ အိမ်ရှိလူကုန် ပွဲ ခင်းထဲ ရောက်ကြတော့တာပါ။

ဇာတ်ပွဲတွေကလည်း အပြိုင် အဆိုင် များမှများပဲလေ။ စိန် မဟာသဘင်၊ ရွှေမန်းသဘင်၊ နန်း ဝင်း၊ မြို့တော်သိန်းအောင်၊ ဘီအီး ဒီအောင်သိုက်၊ မိုးဝင်း၊ ပန်တျာ တင်တင်မြင့်၊ မန္တလေးသိန်းဇော်၊ ပန်တျာတင်မိုးဝင်း စသည်ဖြင့် ဇာတ်ပွဲတွေက တစ်မျိုးတစ်ဘာ သာ ကောင်းကြတာဆိုတော့ ကျွန်မတို့လည်း ပွဲကြိုက်သူတွေ ဖြစ်ခဲ့တာပေါ့။

ဇာတ်ပွဲတွေရဲ့ ကျေးဇူး ကြောင့် ဝေဿန္တရာဇာတ်၊ ကိန္နရီ ကန္နရာဇာတ်၊ ရာမဇာတ်၊ တေမိ မင်းသားဇာတ်၊ ရွဲကုန်သည်ဇာတ် ထုပ်တွေနဲ့ ရင်းနှီးခဲ့ကြရတယ်။ ဆရာစံရဲ့ တောင်သူလယ်သမား သပိတ်၊ ရေနံမြေသပိတ်၊ ဗိုလ် အောင်ဒင် မမြဝင်းဇာတ်လမ်းတွေ ကလည်း ယနေ့ထိတိုင် ကျွန်မတို့ ရင်ထဲမှာ စွဲကျန်ရစ်ခဲ့ကြတာပဲ လေ။ အော်ပရာတွေ၊ ပြဇာတ် တွေ၊ နောက်ပိုင်း ဇာတ်ထုပ်တွေ ကြည့်ပြီး ရသမျိုးစုံကို ခံစားကြရ၊ အတုယူဖွယ် ဆင်ခြင်စရာလေး တွေလည်းရ၊ ဗဟုသုတတွေလည်း တိုးတာမို့ အဲဒီခေတ်က ပွဲကြည့် ခဲ့ကြ၊ ပွဲကိုက်ခဲ့ကြတဲ့ ကျွန်မတို့ လူငယ်တွေကို လူကြီးတွေက အပြစ်မမြင်ကြတဲ့အပြင် သူတို့ ကိုယ်တိုင် ပွဲခင်းထဲလိုက်ပါလို့ ဇာတ်ထဲမှာ စီးမျော ခံစားကြတာ ပါ။ ကျွန်မတို့ လူငယ်တွေကို မရှင်းတဲ့၊ နားမလည်တဲ့ဇာတ်ထုပ် တွေကို ရှင်းလင်းပြောကြားပေး ရင်း မြန်မာသုခုမ အနုပညာဇာတ် ပွဲတွေရဲ့ တန်ဖိုး၊ အနှစ်သာရတွေ ကို ထိတွေ့စေခဲ့၊ တန်ဖိုးထား တတ်စေခဲ့ကြတာပေါ့။ လူရွှင် တော်တွေရဲ့ ခွန်းထောက်တွေ၊ ပြက်လုံးတွေ၊ မင်းသားမင်းသမီး တွေရဲ့ နှစ်ပါးသွား အကတွေက လည်း ကျွန်မတို့ကို မရိုးနိုင် လောက်အောင် ကြည်နူးစေခဲ့ကြ တာမို့ ဇာတ်သမားပြန်ရင် မှတ် သားစရာကျန်တယ် ဆိုတဲ့အတိုင်း ဇာတ်ပွဲတွေ ပြီးသွားကြပေမယ့် ကျွန်မတို့မှာတော့ နေ့နေ့ညည ပြောဖြစ်နေကြတဲ့ အကြောင်းတွေ က ဇာတ်ပွဲတွေအကြောင်း၊ ဘယ် ဇာတ်က ဘယ်လိုဆိုတဲ့အကြောင်း တွေက ပြောမဆုံးပေါင် တောသုံး ထောင် ဖြစ်နေကြရတာပါပဲ။

အခုတော့လည်း ခံစားနေရ တဲ့ ဆောင်းတွင်းကြီးက မနက်မိုး လင်းတာနဲ့ နေပြောက်ထိုးနေတဲ့ ဆောင်းကြီးပါ။ နှင်းဆိုတာက လည်း နှင်းရယ်လို့ မည်ကာမတ္တ ဆိုသလို နှင်းမှုန်ပါးပါးလေးပဲ လိမ်းကျံထားတဲ့ ဆောင်းပါ။ မနက် ၇ နာရီလောက်ဆို နှင်း ပျောက်ပြီး နေရောင်ကျနေတဲ့ ဆောင်းရာသီ။ အေးအေးစက် စက် ခြောက်ကပ်ကပ်နဲ့ ဆောင်း အရသာကို ခံစားရတော့ အရင် က နှင်းတွေ ထူထူထပ်ထပ် သိပ် သိပ်သည်းသည်းနဲ့ လက်ဖက် ရည်သောက်ရင်း နှင်းအကွဲကို စောင့်နေကြရတဲ့ မနက်ခင်း အရ သာလေးတွေကို ပြန်ပြီး လွမ်း ဆွတ်မိပြန်တာပေါ့။

အခုများတော့ ရာသီဥတု တွေကလည်း အရင်ကလို ပုံမှန် မဟုတ်ကြတော့။ နွေ၊ မိုး၊ ဆောင်း ဥတုတွေက သူ့ကာလနဲ့သူ မမှန် ချင်ကြတော့။ နွေခေါင်ခေါင်မှာ မိုးရွာချင်ရွာ၊ ဆောင်းတွင်းမှာ နှင်းမကျ၊ မိုးရိပ်မိုးငွေ့တွေ သန်း နေကြတာဆိုတော့ နောက်များဆို ကျွန်မတို့ဆီမှာလည်း မလေးရှား လို နွေရာသီနဲ့ မိုးရာသီပဲ ရှိကြ တော့မလားဆိုတာ စိုးရိမ်ပူပန်ချင် စရာပါပဲ။

အချိန်ကာလတွေ ပြောင်း လာတာနဲ့အမျှ အရာရာဟာ လည်း အရင်အတိုင်း မဟုတ်ကြ တော့။ ပုံမှန် မဟုတ်ကြတော့။ ပုံ မှန်ဖြစ်နေကျတွေက ပုံမှန်တွေ မဟုတ်ကြတော့။ ပုံမှန်တွေထက် ကျော်လွန်ပြီး လက်ရှိ ဖြစ်ပျက်နေ ကြတဲ့ အခြေအနေတွေကပဲ အမြဲ လိုလို ဖြစ်ကြတော့မယ့် ပုံမှန်တွေ ဖြစ်ကုန်ကြပြီလား။ ဒါကိုပဲ အသစ်ပုံမှန် (New Normal)တဲ့ လေ။

မိုးတွင်းမှာ မိုးခေါင်နေတာ အသစ်ပုံမှန်၊ ဆောင်းတွင်းမှာ နှင်းပျောက်နေတာ အသစ်ပုံမှန်၊ နွေခေါင်ခေါင် မိုးကြီးနေမှုတွေက အသစ်ပုံမှန်တွေ ဖြစ်ကြတော့မှာ လား။ အရင်က ပုံစံတကျ ပုံမှန် တွေ ပျောက်ကုန်ပြီး အသစ်ပုံမှန် တွေနဲ့ နေသားကျရတော့မယ့် သဘောလေလား။ မဖြစ်ချင်ပေ မယ့် ဖြစ်နေတဲ့ အခြေအနေတွေ ကို ပုံမှန်အဖြစ် လက်ခံပြီး ရင်ဆိုင် ကျော်လွှားနိုင်ဖို့ အားထုတ်ကြရ တော့မှာလား။

ဆောင်းတွင်းမှာ နှင်းတွေ ပျောက်နေတာနဲ့အတူ ဇာတ်ရုံ တွေလည်း ပျောက်နေကြတာ တွေ့မိတော့ စိတ်မကောင်းဖြစ်ရ ပြီး ဒါလည်း အသစ်ပုံမှန် ဖြစ်သွား ပြီလားလို့ တွေးမိပြန်ပါတယ်။ တစ်ချိန်တုန်းက နှင်းတွေနဲ့အတူ ညလုံးပေါက် မိုးအလင်း ဇာတ်ပွဲ တွေ ကြည့်ခဲ့ရတဲ့အရသာကို ပြန် ပြီး တမ်းတမိတာတော့ အမှန်ပါ ပဲ။  ဒီလို တမ်းတမှုတွေကလည်း ပဲ အမြဲလိုလို ဖြစ်နေကြမယ့် အသစ်ပုံမှန် (New Normal) တွေပဲ ဖြစ်နေဦးမလားမသိနော်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)