199 သို့ နောက်ပြောင်ဖုန်းဆက်သူကို ပထမဆုံးအကြိမ်ဖမ်းဆီး

199 Call Center သို့ နောက်ပြောင်၍ မမှန်သတင်းပေး သူကို နှစ်နာရီနီးပါး ရှာဖွေပြီး နောက် ရဲတပ်ဖွဲ့က အကွက်ချ၍ ဖမ်းဆီးအရေးယူခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက် နံနက် ၁ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးတွင်ရှိသည့် 199 Call Center သို့ ရွှေပြည် သာကွန်ပျူတာတက္ကသိုလ်ရှေ့ တွင် အုပ်စုဖွဲ့ရိုက်နှက်နေကြောင်း အမျိုးသားတစ်ဦးက သတင်းပေး ပို့သဖြင့် Call Center မှ တာဝန်ကျရဲတပ်ဖွဲ့ဝင်များက လှော်ကား နယ်မြေရဲစခန်းသို့ လွှဲပြောင်းအ ကြောင်းကြားခဲ့သည်။
ထို့နောက် လှော်ကားနယ် မြေရဲစခန်းက ကွန်ပျူတာတက္က သိုလ်ရှေ့သို့ သွားရောက်စုံစမ်းရာ မဟုတ်မှန်ကြောင်း တွေ့ရှိ၍ 199 Call Center သို့ ပြန်လည်အ ကြောင်းပြန်ခဲ့သည်။ ခေတ္တအကြာတွင် 199 သို့ မူလက သတင်းပို့ခဲ့ သူက ထပ်မံ၍ ဖုန်းဆက်ခဲ့ပြီး ရဲများမလာသေးကြောင်း ထပ်မံအကြောင်းကြားခဲ့သည်ဟု အဆိုပါစင်တာတာဝန်ခံဒုရဲအုပ် ဟိန်း မင်းသူက ပြောသည်။
ထို့ကြောင့် Call Center မှ သတင်းပေးသူအမျိုးသား၏ဖုန်း နံပါတ် 09- 401855115 ကို လှော်ကားနယ်မြေရဲစခန်းမှူးအား ပေးခဲ့ပြီး တစ်ဆင့် ဆက်သွယ်စေ ခဲ့သည်။ ထို့နောက် လှော်ကားနယ်မြေရဲစခန်းမှူး သက်နိုင်က နံနက် ၁ နာရီခွဲတွင် အဆိုပါအမျိုးသားကို ဆက်သွယ်မေးမြန်းရာ ကွန်ပျူ တာတက္ကသိုလ် ကျောင်းကုန်း ရပ်ကွက် ပေါင်ချိန်စက်ရုံအနီး တွင် ရိုက်နှက်နေကြောင်း ယင်း အမျိုးသားက ပြောဆိုခဲ့သည်ဟု ရဲအုပ်သက်နိုင်က ပြောသည်။
‘‘ကျွန်တော်တို့ရဲကားနဲ့ ဝင် ရှာတော့လည်း မတွေ့ဘူး။ ဒီလူ က အမျိုးမျိုးပြောနေတာ။ ပေါင် ချိန်စက်ရုံလမ်း ဘယ်ဘက်ကွေ့ ပါဦး၊ နောက်ပြန်ဆုတ်ပါဦးနဲ့ တစ်မျိုးပြီး တစ်မျိုးပြောနေတာ။ တစ်ခါ စက်ရုံလမ်းထဲက ပြန်ထွက် ပါဦး၊ ပြန်ဝင်လာပါဦးနဲ့ ပြောနေ တာ။ ကျွန်တော်တို့ကိုဗျာ မနက် ၁ နာရီခွဲလောက် ချမ်းချမ်းစီးစီးကြီး နောက်နေတာ ၂ နာရီခွဲတဲ့အထိပဲ’’ဟု ရဲအုပ်သက်နိုင်က ပြောသည်။
အဆိုပါအမျိုးသားသည် ၎င်း သတင်းပေးသော ရိုက်နှက်မှုဖြစ် ပွားသည်ဆိုသည့် နေရာ၌ပင် တပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုပေါ်မူတည် ၍ အသံနေအသံထားဖြင့် တပ်ဖွဲ့ ဝင်များကို အချိန်ကြာမြင့်စွာ နောက်ပြောင်နေသောကြောင့် အ နီးနားဝန်းကျင်တွင်ပင် ရှိရမည်ဟု ယူဆခဲ့ကြောင်း ရဲအုပ်သက်နိုင်က ဆိုသည်။
‘‘ကျွန်တော်တို့လှုပ်ရှားတာ ကို မြင်ပြီး ဟိုသွားပါဦး၊ ဒီသွားပါ ဦးလုပ်နေတော့ ဒီနားမှာပဲလို့ ယူဆပြီး အဲဒီပေါင်ချိန်စက်ရုံလမ်း ကြားထဲမှာ ရဲနှစ်ယောက်ကို ပုန်း ခိုင်းထားလိုက်တယ်။ ပြီးတော့ သွားတော့မယ် ဘာညာနဲ့ပြောပြီး ကျွန်တော်တို့က ကားနဲ့အပြန်ပြ လိုက်တယ်။ အဲဒီအချိန်မှာပဲ အဲဒီ လမ်းထဲက အုတ်စက်ဝင်းဟောင်း အုတ်နံရံကြားထဲမှာ တခိခိနဲ့ ရယ် သံထွက်လာတော့ ပုန်းပြီးကျန်နေ တဲ့ရဲနှစ်ယောက်က ဝင်ဖမ်းလိုက် တာပါ’’ဟု ရဲအုပ်သက်နိုင်က ပြောသည်။
အဆိုပါအမျိုးသားသည် ရွှေ ပြည်သာမြို့နယ် ကျောင်းကုန်းရပ် ကွက်နေ အသက်(၃၈)နှစ်အရွယ် ဇင်ဇော်မင်းဆိုသူဖြစ်ပြီး တပ်ဖွဲ့ ဝင်များကို အုတ်နံရံကြားမှ ချောင်းကြည့်ကာ နောက်ပြောင် နေခြင်းဖြစ်သည်။ ၎င်းကိုရဲတပ်ဖွဲ့ က စစ်ဆေးမေးမြန်းရာ သရဲ ကြောက်၍ စကားပြောစရာမရှိ သောကြောင့် 199 သို့ ဖုန်း ဆက်ခြင်းဖြစ်ကြောင်း ပြောဆို သည်ဟု အဆိုပါရဲအုပ်က ပြော သည်။ လက်ရှိတွင် ယင်းအမျိုး သားကို ပြည်သူ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၈၂ မမှန်သတင်းပေးမှုဖြင့် ဖမ်းဆီးအရေးယူထားသည်။ အ ဆိုပါပုဒ်မသည် ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ငွေဒဏ် တစ်ထောင်ထိဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။
199 Call Center ကို ၂၀၁၆ဇူလိုင်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှု ၁၈,၀၀၀ ကျော်ရှိသည်။ 199 သို့ ဖုန်းဆက်၍ နောက်ပြောင်သူများ နေ့စဉ်များစွာရှိနေပြီး ယခုကဲ့သို့ ဖမ်းဆီးအရေးယူနိုင်မှုသည် ပထမဆုံးဖြစ် သည်။